နေ့စဥ်သတင်း

ဆက်ကြေး အပြည့်မထည့်နိုင်သည့် ပြည်သူများကို PNO ဖမ်းဆီးနှိပ်စက်၍ တစ်ဦး လက်ဖြတ်လိုက်ရ

မဲခေါင် 24 May - 2026
မဲခေါင်၊ မေ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်ညိုးကျေးရွာတွင် ဆက်ကြေး အပြည့်မထည့်နိုင်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်ခဲ့သဖြင့် ပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်ပြီး လက်တစ်ဖက် ဖြတ်ထုတ်လိုက်ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ဆက်ကြေးအကြွေး တစ်သိန်းကျန်သည်ဟုဆိုကာ PNO က ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး တဦးကို ၄ သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းရာ ၂ ဦးကိုသာ ပြန်ရွေးနိုင်ပြီး ပြန်မရွေးနိုင်သည့် တစ်ဦးကိုမူ PNO ပြည်သူ့စစ်က အလွန်အကျွံရို က်နှက်နှိပ်စက်ခဲ့သည်။ “၂ ဦးကတော့ အမျိုးတွေက ငွေစုပြီး လိုက်ရွေးပေးလို့

မဲခေါင်၊ မေ ၂၄

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်ညိုးကျေးရွာတွင် ဆက်ကြေး အပြည့်မထည့်နိုင်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်ခဲ့သဖြင့် ပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်ပြီး လက်တစ်ဖက် ဖြတ်ထုတ်လိုက်ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဆက်ကြေးအကြွေး တစ်သိန်းကျန်သည်ဟုဆိုကာ PNO က ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး တဦးကို ၄ သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းရာ ၂ ဦးကိုသာ ပြန်ရွေးနိုင်ပြီး ပြန်မရွေးနိုင်သည့် တစ်ဦးကိုမူ PNO ပြည်သူ့စစ်က အလွန်အကျွံရို က်နှက်နှိပ်စက်ခဲ့သည်။

“၂ ဦးကတော့ အမျိုးတွေက ငွေစုပြီး လိုက်ရွေးပေးလို့ ပြန်လွတ်လာတယ်။ သိပ်ပြီးတော့ နှိပ်စက်မခံရဘူး။ ကျန်တဲ့တစ်ဦးကတော့ ပြန်မရွေးနိုင်လို့ ပိုပြီး ရိုက်နှက်နှိပ်စက်ခံရတယ်။ တစ်ကိုယ်လုံး ဒဏ်ရာတွေကြီးပဲ။ သူ့လက်တွေဆို လောက်တွေပါ တက်လို့ ဆေးရုံသွားပြတာ ကုမရတော့ဘူးဆိုပြီး လက်တစ်ဖက် ဖြတ်လိုက်ရတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

PNO ရိုက်နှက်နှိပ်စက်မှုကြောင့် လက်တစ်ဖက် ဖြတ်လိုက်ရသည့် ဒေသခံမှာ ဦးခွန်မောင်လွန်းဆိုသူ ဖြစ်ပြီး လက်လုပ်လက်စားအဖြစ် နေ့စားလိုက်ကာ ဝမ်းရေး ဖြေရှင်းနေရသူဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဦးခွန်မောင်လွန်းကို ရိုက်နှက်နှိပ်စက်သည့် PNO တပ်ဖွဲ့ဝင်များမှာ တယံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်ထွက်မောင်၊ ဗိုလ်ကြီးငဲတုတ်၊ ဗိုလ်ကြီးခွန်မြတ် ဆိုသူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် ဦးခွန်မောင်လွန်းမှာ ဒဏ်ရာကြောင့် နေ့စား မလိုက်နိုင်တော့သဖြင့် စားဝတ်နေရေးသာမက ဆေးကုသရေးအတွက်ပါ အကူအညီ လိုအပ်နေသည်။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် ယခင်က တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ဖူးသော်လည်း ၂၀၀၉ ခုနှစ်မှ စတင်ကာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ထို့အချိန်မှစ‌၍ PNO ပြည်သူ့စစ်၏ နိုင်ငံရေးနှင့် စစ်ရေးကော်မတီ ဥက္ကဌအဖြစ် ဦးအောင်ခမ်းထီက တာဝန်ယူကာ စစ်တပ်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။

#MeKongNews
#ဆက်ကြေး
#ပြည်သူများ
#PNO
#ဖမ်းဆီးနှိပ်စက်
#လက်ဖြတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now