မဲခေါင်၊ မေ ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမျိုးသားသားတစ်ဦး ပျောက်ဆုံးသွားရာ ၄ ရက်အကြာတွင် အလောင်းသာ ပြန်လည် တွေ့ရှိခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
မေ ၁၆ ရက်တွင် မူဆယ်မြို့ရှိ နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားသည့် အမျိုးသားတစ်ဦးသည် နေအိမ်သို့ ပြန်မရောက်လာသဖြင့် မိသားစုဝင်များက လူပျောက်ကြော်ငြာပြီး လိုက်ရှာသော်လည်း မတွေ့ခဲ့ပေ။
ထိုသို့ ပျောက်ဆုံးရာမှ ၄ ရက်အကြာ ယမန်နေ့ မေ ၁၉ ရက်တွင် ၎င်းအမျိုးသားကို မူဆယ် ၁၀၅ မိုင်ရှိ လမ်းမကြီးဘေးတွင် သေဆုံးလျက်သာ;း ပြန်လည်တွေ့ရှိခဲ့သည်။
“တွေ့တာက လူမှုကူညီရေးအသင်းတွေက တွေ့တာ။ အဲ့ဒီအချိန်မှ မိသားစုဝင်တွေလည်း လိုင်းပေါ်ကနေ ပြန်တွေ့တာ။ အလောင်းပဲ ပြန်တွေ့တယ်။ သေဆုံးသူ မောင်းသွားတဲ့ ဆိုင်ကယ်၊ လက်စွပ်၊ နားကပ်တွေလည်း ပြန်မတွေ့ဘူး ပျောက်သွားတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် မူဆယ် ၁၀၅ မိုင် ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသားသည် အသက် ၄၆ နှစ်အရွယ်ရှိ ကိုဇေယျာဖြိုးဆိုသူဖြစ်ပြီး မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
၎င်းသည် ဆေးရုံတက် ဆေးကုရာမှ ပြန်လာသည်မှာ ရက်ပိုင်းသာ ရှိသေးကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။
#MeKongNews
#မူဆယ်
#ပျောက်ဆုံး
#အမျိုးသားတစ်ဦး
#ပြန်တွေ့








