နေ့စဥ်သတင်း

တောင်ကြီးတွင် ၄ နှစ်အရွယ် လင်ပါသားကို မိထွေးက သတ်ဖြတ် အလောင်းဖျောက်မှုဖြစ်

မဲခေါင် 15 May - 2026
မဲခေါင်၊ မေ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မေ ၁၂ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ကျောက်ရေအိုးလမ်းတွင် အိမ်ငှားနေထိုင်သည့်.သန္တာဝေဆိုသူသည် ယောက်ျားဖြစ်သူ ကျော်စိုးဦး အလုပ်သွားနေစဥ် လင်ပါသားဖြစ်သူအသက် ၄ နှစ်အရွယ် ကလေးငယ်အား ထမင်းကျွေးချော့သိပ်ရာ ကလေးက မအိပ်သဖြင့် ငိုယိုနေသည်ကို ဝါးခြမ်းပြားဖြင့် ၃ ချက်ခန့် ရိုက်နှက်ခဲ့ပြီး လည်ပင်းညှစ်ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ကလေးအား မတွေ့၍ ကလေးငယ်အား မွေးစားထားသည့် အိမ်ရှင်အမျိုးသမီးက သန္တာဝေအား

မဲခေါင်၊ မေ ၁၅

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၁၂ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ကျောက်ရေအိုးလမ်းတွင် အိမ်ငှားနေထိုင်သည့်.သန္တာဝေဆိုသူသည် ယောက်ျားဖြစ်သူ ကျော်စိုးဦး အလုပ်သွားနေစဥ် လင်ပါသားဖြစ်သူအသက် ၄ နှစ်အရွယ် ကလေးငယ်အား ထမင်းကျွေးချော့သိပ်ရာ ကလေးက မအိပ်သဖြင့် ငိုယိုနေသည်ကို ဝါးခြမ်းပြားဖြင့် ၃ ချက်ခန့် ရိုက်နှက်ခဲ့ပြီး လည်ပင်းညှစ်ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ကလေးအား မတွေ့၍ ကလေးငယ်အား မွေးစားထားသည့် အိမ်ရှင်အမျိုးသမီးက သန္တာဝေအား မေးမြန်းရာ ၎င်းက ရေရေရာရာ မပြောနိုင်သဖြင့် အိမ်ရှင်က ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ပြောပြသဖြင့် အုပ်ချုပ်ရေးမှူးက ကျော်စိုးဦး နှင့် သန္တာဝေတို့ လင်မယား ၂ ဦးအား ရပ်ကွက်ရုံးသို့ ခေါ်ယူမေးမြန်းရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ညတွင်းချင်း ရဲကိုဖမ်းပို့တယ်ကြားတယ်၊ မိထွေးက ရက်စက်သလို အဖေအရင်းကပါ သားသမီးအရင်း မဟုတ်သလိုဘဲ၊ ကလေးလေး သနားပါတယ်”ဟု ရွှေတောင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

သန္တာဝေ၏ ထွက်ဆိုချက်အရ သေဆုံးသွားသည့် ကလေးအလောင်းကို ယောက်ျားမသိစေဘဲ ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ရုပ်အလောင်းအား ဆာလာအိတ်အတွင်း ထည့်ပြီး အိပ်ခန်းအတွင်းရှိ အဝတ်အစား ထည့်သည့် ပလပ်စတစ် ကပုံးထဲသို့ထည့်ကာ ဝှက်ထားကြောင်း ဝန်ခံသည်ဟု သိရသည်။

“ဒီလိုဖြစ်စဉ်မျိုးက အဝေးကပဲ ရုပ်ရှင်မှာဘဲ ကြားဖူးတာ၊ ကိုယ့်မြို့မှာ တကယ်ဖြစ်လာတော့ ယုံတောင်မယုံနိုင်ဘူး။ ခုခေတ်မှာ မကြားဖူးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ကြားနေရတယ်။ ၄ နှစ်ဆိုတာ ဘာမှမသိသေးတဲ့ အရွယ်ပါ။ ဒီလိုလုပ်တာ တော်တော်လူမဆန်ဘူး။ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်” ဟု မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် ကလေးငယ်အား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် ကျူးလွန်သူ မိထွေး သန္တာဝေကို တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ လျက်ရှိကြောင်း သိရသည်

တောင်ကြီးမြို့တွင် ပြီးခဲ့သည့် မေ ၄ ရက်ကလည်း Peter ဘားဆိုင်တွင် အလုပ်လုပ်နေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ဆိုင်ပိုင်ရှင်၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားသေးသည်။

#MeKongNews
#တောင်ကြီး
#လင်ပါသား
#မိထွေး
#သတ်ဖြတ်
#အလောင်းဖျောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now