နိုင်ငံတကာသတင်း

မြန်မာ မြေရှားသတ္တုတူးဖော်မှုကြောင့် ရေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန် ဂျပန်နှင့် ဩစတြေးလျတို့ ကြားဝင်ညှိနှိုင်းရေး ထိုင်းကြိုးပမ်း

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများကြောင့် ကော့၊ ဆိုင်း၊ ရွတ် နှင့် မဲခေါင်မြစ်များအတွင်း အဆိပ်သင့်သတ္တုများ ပါဝင်နေသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကို ကြားနေညှိနှိုင်းရေးသမားများအဖြစ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း ထိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ “ဒီလို တတိယနိုင်ငံတွေကို ပါဝင်ပတ်သက်စေတာဟာ သံတမန်ရေးရာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ရေရှည်ဖြေရှင်းနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်” ဟု ဧပြီ ၂၀ ရက်က ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေးအပြီးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချတ်ချွမ်ကလင်းက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန –

မဲခေါင်၊ ဧပြီ ၂၈

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများကြောင့် ကော့၊ ဆိုင်း၊ ရွတ် နှင့် မဲခေါင်မြစ်များအတွင်း အဆိပ်သင့်သတ္တုများ ပါဝင်နေသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကို ကြားနေညှိနှိုင်းရေးသမားများအဖြစ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း ထိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ဒီလို တတိယနိုင်ငံတွေကို ပါဝင်ပတ်သက်စေတာဟာ သံတမန်ရေးရာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ရေရှည်ဖြေရှင်းနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်” ဟု ဧပြီ ၂၀ ရက်က ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေးအပြီးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချတ်ချွမ်ကလင်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန – PCD ၏ အဆိုအရ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများတွင် အာဆင်းနစ် ပါဝင်မှုနှုန်း မြင့်မားနေသည်ကို တွေ့ရှိရပြီး အထူးသဖြင့် ရေနည်းသည့် နွေရာသီကာလများတွင် အနည်အနှစ်များ ပိုမိုစုစည်းကာ ပြင်းအား ပိုမိုများပြားလာကြောင်း သိရသည်။

“သြစတြေးလျနဲ့ ဂျပန်ဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းသွားတဲ့ အဲဒီသတ္တုတွေကို အဓိက တင်သွင်းနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ တိုက်ရိုက် ပြောဆိုချက်တွေထက် သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်တွေကို ပိုမိုလက်ခံနိုင်ခြေရှိတဲ့အတွက် ဒီနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုက မရှိမဖြစ် လိုအပ်ပါတယ်” ဟု ဝန်ကြီး ဆူချတ်က မှတ်ချက်ပြုခဲ့သည်။

ယင်းပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံအတွင်းရှိ ရေအရည်အသွေးကို စစ်ဆေးခွင့်ရရှိရန်၊ အဆင့်မြင့်နည်းပညာများအသုံးပြု၍ အဆိပ်သင့်မြစ်ရေ အနည်အနှစ်များကို ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများအဖြစ် ပြောင်းလဲရန်နှင့် သောက်သုံးရေ၊ ငါးနှင့် သီးနှံများ ဘေးကင်းလုံခြုံမှုအပေါ် လူထုစိုးရိမ်မှုကို လျှော့ချရန်တို့ကို အဓိကထား လုပ်ဆောင်မည် ဖြစ်သည်။

ကော့မြစ်အတွင်း အာဆင်းနစ်ပါဝင်မှုနှုန်းမှာ အတက်အကျရှိနေသော်လည်း ရွတ်နှင့် မဲခေါင်မြစ်များတွင်မူ စမ်းသပ်သည့် နေရာတိုင်းနီးပါး၌ ဘေးကင်းသည့်အဆင့်ထက် ကျော်လွန်နေဆဲဖြစ်ကြောင်း PCD ညွှန်ကြားရေးမှူးချုပ် ဆူရင်ဝိုရာကစ်သမ်ရွန်က တင်ပြခဲ့သည်။

အများပြည်သူယုံကြည်မှု ပြန်လည် ရရှိစေရန် PCD အနေဖြင့် ကော့မြစ်၊ မဲခေါင်မြစ်နှင့် သံလွင်မြစ်များတစ်လျှောက် ၂၄ နာရီပတ်လုံး ရေအရည်အသွေးကို စစ်ဆေးပေးနိုင်မည့် အလိုအလျောက် စောင့်ကြည့်ရေးစခန်း ၁၈ ခု တပ်ဆင်ရန် အရေးပေါ်ဘတ်ဂျက် တောင်းခံထားသည်။

မြစ်ရေများတွင် အနည်အနှစ် များပြားနေသော်လည်း ပြုပြင်ထားသော ပိုက်လိုင်းရေ၊ စိုက်ပျိုးရေးထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များမှာမူ စားသုံးရန် ဘေးကင်းသေးကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ၏ ပူးပေါင်းစစ်ဆေးမှုအရ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အသားများတွင် အာဆင်းနစ်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းအတွင်း၌သာ ရှိနေသေးကြောင်း တွေ့ရှိရသည်။

သို့သော်လည်း ကျန်းမာရေးတာဝန်ရှိသူများသည် ခရိုင် ၇ ခုရှိ အန္တရာယ်ရှိသော ဒေသများတွင် နေထိုင်သည့် လယ်သမား ၁၄၀၀ ကျော်၏ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ခေတ်မီအီလက်ထရွန်နစ်ပစ္စည်းများအတွက် မရှိမဖြစ်လိုအပ်သော ရှားပါးသတ္တုများ ထုတ်လုပ်မှုကွင်းဆက်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် အရေးပါသော ရင်းမြစ်တစ်ခုဖြစ်လာပြီး ထိုသတ္တုရိုင်းအများစုမှာ ထိုင်းနိုင်ငံမှတစ်ဆင့် ဂျပန်နှင့် သြစတြေးလျဈေးကွက်များသို့ တင်ပို့နေခြင်းဖြစ်သည်။

ချင်းမိုင်တွင် ပြုလုပ်သည့် ယင်းအစည်းအဝေးမှာ တောမီးငြှိမ်းသတ်ရေးနှင့် PM2.5 လေထုညစ်ညမ်းမှုကိစ္စကို အဓိကထားဆွေးနွေးခဲ့ခြင်းဖြစ်သော်လည်း၊ မြောက်ပိုင်းမြစ်ဝှမ်းဒေသများရှိ ရေထုညစ်ညမ်းမှုမှာ နိုင်ငံဖြတ်ကျော် ပြဿနာတစ်ရပ်အဖြစ် အရေးတကြီး ဖြေရှင်းရန် လိုအပ်နေကြောင်း ထင်ရှားနေသည်။

Ref: Thai PBS
#MeKongNews
#မြန်မာ
#မြေရှားသတ္တု
#ရေထုညစ်ညမ်းမှု
#ဂျပန်
#ဩစတြေးလျ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now