နေ့စဥ်သတင်း

ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ကျော်ကို ဖမ်းဆီးသွားသည့် MNDAA က မိသားစုဝင်အချို့အား ခြိမ်းခြောက် ငွေညှစ်

မဲခေါင် 27 Apr - 2026
မဲခေါင်၊ ဧပြီ ၂၇ မူးယစ်ဆေးဝါး အကြောင်းပြပြီး ကိုးကန့်တပ်ဖွဲ့ – MNDAA ဖမ်းဆီးသွားသည့် လူငယ် ၇၀ ကျော်အနက် အချို့ကို သိန်း ၁၀၀ ကျော်ဖြင့် ပြန်လာရွေးယူရန် အဖမ်းခံရသူ၏ မိသားစုဝင်များဆီ ဖုန်းဆက်ခြိမ်းခြောက်လာသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ကိုးကန့်တပ်ဖွဲ့က ယင်းကဲ့သို့ ခြိမ်းခြောက် ငွေတောင်းလာခြင်းကြောင့် အချို့မိသားစုဝင်များမှာ ငွေရှာဖွေပြီး အဖမ်းခံရသည့် သားသမီးများကို ပြန်ရွေးရန် လုပ်ဆောင်နေကြသည်ဟုလည်း သတင်းရင်းမြစ်များထံမှသိရသည်။ လားရှိုးမြို့နယ်၊ အီနိုင်းအနီး ဆယ်မိုင်ကုန်းတွင် အဖမ်းခံရသည့် အမျိုးသားတစ်ဦး၏ မိသားစုဝင်ဆီသို့ ဧပြီ ၂၅ ရက် ည ၉ နာရီဝန်းကျင်တွင် ကိုးကန့်တပ်ဖွဲ့အရာရှိတစ်ဦးက ဖုန်းဆက်လာပြီး ငွေကျပ်သိန်း ၁၀၀ ကျော်ပေးနိုင်ပါက ပြန်လွှတ်ပေးမည်ဖြစ်ပြီး

မဲခေါင်၊ ဧပြီ ၂၇

မူးယစ်ဆေးဝါး အကြောင်းပြပြီး ကိုးကန့်တပ်ဖွဲ့ – MNDAA ဖမ်းဆီးသွားသည့် လူငယ် ၇၀ ကျော်အနက် အချို့ကို သိန်း ၁၀၀ ကျော်ဖြင့် ပြန်လာရွေးယူရန် အဖမ်းခံရသူ၏ မိသားစုဝင်များဆီ ဖုန်းဆက်ခြိမ်းခြောက်လာသည်ဟု သတင်းရင်းမြစ်များကပြောသည်။

ကိုးကန့်တပ်ဖွဲ့က ယင်းကဲ့သို့ ခြိမ်းခြောက် ငွေတောင်းလာခြင်းကြောင့် အချို့မိသားစုဝင်များမှာ ငွေရှာဖွေပြီး အဖမ်းခံရသည့် သားသမီးများကို ပြန်ရွေးရန် လုပ်ဆောင်နေကြသည်ဟုလည်း သတင်းရင်းမြစ်များထံမှသိရသည်။

လားရှိုးမြို့နယ်၊ အီနိုင်းအနီး ဆယ်မိုင်ကုန်းတွင် အဖမ်းခံရသည့် အမျိုးသားတစ်ဦး၏ မိသားစုဝင်ဆီသို့ ဧပြီ ၂၅ ရက် ည ၉ နာရီဝန်းကျင်တွင် ကိုးကန့်တပ်ဖွဲ့အရာရှိတစ်ဦးက ဖုန်းဆက်လာပြီး ငွေကျပ်သိန်း ၁၀၀ ကျော်ပေးနိုင်ပါက ပြန်လွှတ်ပေးမည်ဖြစ်ပြီး မပေးနိုင်ပါက စစ်မှုထမ်းရန် အမြန်ဆုံး ပို့ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အစက မက်ဆေ့တွေ ပို့လာတာ။ စာမပြန်ရဲဘူး။ ပြီးမှ ဖုန်းဆက်တိုက်ခေါ်လာမှ ကိုင်ကြည့်တော့ ဗမာစကား ပြောလာတာရှိတယ်။ ဖမ်းထားတဲ့ နင်တို့သားကို ပြန်ခေါ်ချင်ရင် ပိုက်ဆံနဲ့ သိန္နီကို လာထုတ်ရမှာတဲ့၊ မထုတ်နိုင်ရန် စစ်မှုထမ်းဖို့ ပို့တော့မယ်တဲ့” ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့​ကြောင့်​ ကိုးကန့်တပ်အရာရှိ‌ဆိုသူ တောင်းထားသည့် ငွေများကို ပေးနိုင်ရေး မိသားစုဝင်များက ငွေသိန်း ၁၀၀ ကျော် ရရှိရန် အပူတပြင်းရှာဖွေပြီး သိန္နီသို့ ပို့ပေးရန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

“ကျနော် လက်လှမ်းမှီသလောက် သိရတာကတော့ အဲ့လိုဖုန်းဆက်လာပြီး ငွေတောင်းခံရတဲ့ အိမ်က ၂ အိမ်ရှိတယ်။ တောင်းတဲ့ငွေ ပမာဏကလည်း သိန်း ၁၀၀ ကျော် အတူတူပဲ” ဟု ၎င်းက ဆက်ပြောသည်။

ထိုအဖမ်းခံရသည့်သူ၏ မိသားစုဝင်များကို ဖုန်းဆက် ခြိမ်းခြောက်ပြီး ငွေတောင်းသည့် ကိုးကန့်အရာရှိဆိုသူမှာ အစစ်အမှန် ဟုတ်၊ မဟုတ်ကိုမူ မဲခေါင်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကိုးကန့်တပ်ဖွဲ့ – MNDAA သည် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်တွင် လားရှိုးမြို့နယ် အီနိုင်း၊ ဆယ်မိုင်ကုန်း၊ တောင်တလောင်ဒေသတွင် ဒေသခံများနှင့် ခရီး သွားလူငယ်များ ၇၀ ကျော်ကို ရှောင်တခင်စစ်ဆေးကာ ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသည့်သူများကို ကိုးကန့်တပ်ဖွဲ့က စစ်မှုထမ်းခိုင်းရန် သိန္နီသို့ နေ့ချင်း ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ မိဘများနှင့် တွေ့ခွင့်မပေးသေးကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်း ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီး ထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်နေသည်။

#MeKongNews
#ဒေသခံ
#ခရီးသွားလူငယ်
#ဖမ်းဆီး
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now