ကမ္ဘာ့သတင်း

ရုရှားတက္ကသိုလ်တွင် စစ်မှုထမ်းရေး စည်းရုံးနေစဉ် ယူကရိန်းစစ်သားက ရုပ်သံကို Hack ပြီး အကုန်သတ်မည်ဟု ခြိမ်းခြောက်သွား

မဲခေါင် 25 Apr - 2026
မဲခေါင်၊ ဧပြီ ၂၅ ရုရှားနိုင်ငံ၊ ခရက်စ်နိုဒါဒေသ၊ ကူဘန်ပြည်နယ်တက္ကသိုလ်တွင် သမ္မတပူတင်၏ မူဝါဒအရ တက္ကသိုလ် ကျောင်းသားများအား စစ်မှုထမ်းစာချုပ်ကြရန် စည်းရုံးသည့်ပွဲတစ်ခု၌ ယူကရိန်းစစ်သားတစ်ဦးသည် ဗီဒီယိုပရိုဂျက်တာအား Hack ပြီးနောက် စစ်မှုထမ်းရန် စာချုပ်သူများ အားလုံးကို သတ်ပစ်ရလိမ့်မည်ဟု ဝင်ရောက်ခြိမ်းခြောက် သတိပေးခဲ့သည်။ တက္ကသိုလ်မှ အကြီးအကဲများသည် တစ်လ ရုရှားစစ်သည် ၃ သောင်း ဆုံးရှုံးနေရသော ယူကရိန်းကျူးကျော်စစ် အတွက် နောက်ထပ်လိုအပ်သည့် တပ်သားသစ်များ ထပ်မံရရှိနိုင်ရေး စည်းရုံးမှု လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်ဆောင်ရာတွင် စစ်မှုထမ်းကြရေး လှုံ့ဆော်ပေးနိုင်စွမ်း ရှိမည်ထင်သည့် ရုရှားစစ်သည်တစ်ဦးကို ဗီဒီယိုမှတစ်ဆင့် ဟောပြောပေးရန် ဖိတ်ကြားခဲ့သည်။ ထိုဖိတ်ကြားမှုကို ယူကရိန်းစစ်သားဘက်မှ ရုရှားစစ်သည်ယောင် ဆောင်ကာ မျက်နှာဖုံးဖြင့် ပရိုဂျက်တာမျက်နှာပြင်ပေါ်

မဲခေါင်၊ ဧပြီ ၂၅

ရုရှားနိုင်ငံ၊ ခရက်စ်နိုဒါဒေသ၊ ကူဘန်ပြည်နယ်တက္ကသိုလ်တွင် သမ္မတပူတင်၏ မူဝါဒအရ တက္ကသိုလ် ကျောင်းသားများအား စစ်မှုထမ်းစာချုပ်ကြရန် စည်းရုံးသည့်ပွဲတစ်ခု၌ ယူကရိန်းစစ်သားတစ်ဦးသည် ဗီဒီယိုပရိုဂျက်တာအား Hack ပြီးနောက် စစ်မှုထမ်းရန် စာချုပ်သူများ အားလုံးကို သတ်ပစ်ရလိမ့်မည်ဟု ဝင်ရောက်ခြိမ်းခြောက် သတိပေးခဲ့သည်။

တက္ကသိုလ်မှ အကြီးအကဲများသည် တစ်လ ရုရှားစစ်သည် ၃ သောင်း ဆုံးရှုံးနေရသော ယူကရိန်းကျူးကျော်စစ် အတွက် နောက်ထပ်လိုအပ်သည့် တပ်သားသစ်များ ထပ်မံရရှိနိုင်ရေး စည်းရုံးမှု လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်ဆောင်ရာတွင် စစ်မှုထမ်းကြရေး လှုံ့ဆော်ပေးနိုင်စွမ်း ရှိမည်ထင်သည့် ရုရှားစစ်သည်တစ်ဦးကို ဗီဒီယိုမှတစ်ဆင့် ဟောပြောပေးရန် ဖိတ်ကြားခဲ့သည်။

ထိုဖိတ်ကြားမှုကို ယူကရိန်းစစ်သားဘက်မှ ရုရှားစစ်သည်ယောင် ဆောင်ကာ မျက်နှာဖုံးဖြင့် ပရိုဂျက်တာမျက်နှာပြင်ပေါ် ပေါ်လာပြီးနောက် “ငါက စစ်သားတစ်ယောက်၊ ရုရှားတော့မဟုတ်ဘူး။ ယူကရိန်းစစ်သား။ ငါပြောချင်တာက ဘုရားသခင်က မင်းတို့ကို အဲဒီနေရာ မသွားစေချင်ဘူး။ ဒါပေမဲ့ မင်းတို့ စစ်မှုထမ်းစာချုပ်ခဲ့ရင် အားလုံးကို ငါသတ်ရလိမ့်မယ်။ မင်းတို့မျက်နှာတွေအားလုံးကိုလည်း မှတ်တမ်းတင်ထားပြီ။ ရှေ့တန်းစစ်မျက်နှာပြင်က ၄ နှစ်ရှိပြီ တန့်နေတုန်းပဲ။ အရိုးသားဆုံးပြောရရင် မင်းတို့ ယူကရိန်းစစ်မျက်နှာကို ရောက်လာခဲ့ရင် ငါတို့ဘက်က အားလုံးကို သုတ်သင်ရလိမ့်မယ်” ဟု ခြိမ်းခြောက် သတိပေးခဲ့သည်။

တက္ကသိုလ်မှ အကြီးအကဲများ ထိုခြိမ်းခြောက်မှုကို ဖျက်ထုတ်နိင်ရန် အစကတည်းက အသည်းအသန် ကြိုးစားခဲ့ကြသော်လည်း ယူကရိန်းစစ်သားဘက်မှ ပြောချင်သမျှ အကုန် ပြောပြီးမှသာ ခလုတ်ကို ဖြုတ်ကာ ပိတ်နိုင်ခဲ့သည်။

ရုရှားတွင် အစိုးရနှင့် မဟာမိတ် ဆန္ဒမဲကောက်ခံသည့် အဖွဲ့အစည်းဖြစ်သော FOM က နောက်ဆုံး စစ်တမ်းကောက်မှုတစ်ရပ်အား ထုတ်ပြန်ခဲ့ရာ လက်ရှိ ပူတင်အစိုးရပေါ် ထောက်ခံအားပေးသည့် မဲပေးသူ ၇၀ ရာခိုင်နှုန်းသာ ရှိတော့ပြီး ယခင်ကထက် ၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြသွားခဲ့သည်။

လက်ရှိ ရုရှားနှင့် ယူကရိန်းတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုသည်လည်း အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလုပ်များနေသဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ခိုက်မှုများ ဆက်လက် တည်ရှိနေသည်။

ကိုကလင်း
Ref:thesun
#MeKongNews
#ရုရှားတက္ကသိုလ်
#စစ်မှုထမ်း
#ယူကရိန်းစစ်သား
#ခြိမ်းခြောက်သွား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now