နေ့စဥ်သတင်း

ရွေးကောက်ပွဲပြုလုပ်ထားသော်လည်း ကျောက်မဲနှင့်သီပေါ စစ်အုပ်ချုပ်ရေးမှ မလွတ်သေး

မဲခေါင် 25 Apr - 2026
မဲခေါင်၊ ဧပြီ ၂၅ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်က ဧပြီလ ၂၃ ရက်တွင် စစ်အုပ်ချုပ်ရေးမြို့နယ်များအား ကြေညာရာတွင် ရှမ်းပြည်နယ်မှ ၁၅ မြို့ပါခဲ့ပြီး ယင်းမြို့များအနက် စစ်ကောင်စီရွေးကောက်ပွဲကျင်းပပြီးဖြစ်သည့် သီပေါ နှင့် ကျောက်မဲမြို့နယ်များလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။ လုံခြုံတည်ငြိမ်ပြီဟုဆိုကာ ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် လွတ်တော်ကိုယ်စားလှယ် ထွက်ပေါ်နေပြီဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်ကို ယခုအခါ လုံခြုံတည်ငြိမ်မှုမရှိဟုဆိုပြန်ကာ စစ်အုပ်ချုပ်ရေးမြို့ထဲတွင် စစ်ကောင်စီက ဆက်လက်ထည့်သွင်းထားခြင်း ဖြစ်သည်။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကျောက်မဲနှင့် သီပေါ၌ ကြံ့ခိုင်ရေးပါတီ-USDPနှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-SNDPတို့က ဝင်ရောက်ယှဉ်ပြိုင်ကာ အသီးသီးအနိုင်ရရှိပြီး ယခုအခါ စစ်အုပ်ချုပ်ရေးအောက် ဆက်လက်ထည့်သွင်းခံရသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ

မဲခေါင်၊ ဧပြီ ၂၅

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်က ဧပြီလ ၂၃ ရက်တွင် စစ်အုပ်ချုပ်ရေးမြို့နယ်များအား ကြေညာရာတွင် ရှမ်းပြည်နယ်မှ ၁၅ မြို့ပါခဲ့ပြီး ယင်းမြို့များအနက် စစ်ကောင်စီရွေးကောက်ပွဲကျင်းပပြီးဖြစ်သည့် သီပေါ နှင့် ကျောက်မဲမြို့နယ်များလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

လုံခြုံတည်ငြိမ်ပြီဟုဆိုကာ ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် လွတ်တော်ကိုယ်စားလှယ် ထွက်ပေါ်နေပြီဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်ကို ယခုအခါ လုံခြုံတည်ငြိမ်မှုမရှိဟုဆိုပြန်ကာ စစ်အုပ်ချုပ်ရေးမြို့ထဲတွင် စစ်ကောင်စီက ဆက်လက်ထည့်သွင်းထားခြင်း ဖြစ်သည်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကျောက်မဲနှင့် သီပေါ၌ ကြံ့ခိုင်ရေးပါတီ-USDPနှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-SNDPတို့က ဝင်ရောက်ယှဉ်ပြိုင်ကာ အသီးသီးအနိုင်ရရှိပြီး ယခုအခါ စစ်အုပ်ချုပ်ရေးအောက် ဆက်လက်ထည့်သွင်းခံရသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ မေးခွန်းထုတ်စရာဖြစ်လာကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက ထောက်ပြသည်။

“လွတ်တော်ကိုယ်စားလှယ်ဆိုတာက တရားဥပဒေပြုရေးဖက်ကဆိုတော့ တရားစီရင်ရေး အုပ်ချုပ်ရေးတွေကို တိုက်ရိုက်မလုပ်ဆောင်နိုင်ပေမယ့် သူက ပြည်သူက တိုက်ရိုက်ရွေးရတဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အခါကျတော့ ကဏ္ဍအားလုံးနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးလုပ်ဆောင်ရတယ်။ အခု စစ်အုပ်ချုပ်ရေးကြေညာလိုက်တော့ စစ်တပ်က တရားစီရင်နဲ့အုပ်ချုပ်ရေးကို စိတ်ကြိုက်လုပ်လို့ရသွားတယ်၊ လွတ်တော်ကိုယ်စားလှယ်ရဲ့ အခန်းက မှေးမှိန်သွားတာပေါ့” ၎င်းက သုံးသပ်သည်။

စစ်ကောင်စီက ၎င်းကိုယ်တိုင် တည်ငြိမ်အေးချမ်းပြီဟုဆိုကာ ရွေးကောက်ပွဲပြုလုပ်ထားသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအောက် လက်ဆက်ထည့်သွင်းထားသည်မှာ ရှေ့နောက်မညီသည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းမြောက်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

“ရွေးကောက်ပွဲမလုပ်မီနဲ့ ရွေးကောက်ပွဲလုပ်ပြီး အခုအချိန် နှိုင်းယှဉ်ရင် ကျောက်မဲ သီပေါက အခုအချိန်က ရွေးကောက်ပွဲကာလထက်တောင် ပိုပြီးတော့ တည်ငြိမ်နေပြီဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းလို့ ရွေးကောက်ပွဲလုပ်ပြီး အခု ဘာမှ မဖြစ်တော့တဲ့အချိန်ကျမှ မတည်ငြိမ်လို့ဆိုပြီး စစ်အုပ်ချုပ်ရေးထဲထည့်တာကတော့ ဆိုးတာပေါ့”ဟု ၎င်းက ပြောသည်။

ကျောက်မဲမြို့နှင့်သီပေါမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအာင်းတပ်ဖွဲ့-TNLAက သိမ်းပိုက်ခဲ့ဖူးသော်လည်း စစ်ကောင်စီက ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ရက်က အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့် (၁/၂၀၂၅)တွင် နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ယင်းကတည်းက ရှမ်းမြောက်မှ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့ ပါဝင်နေခြင်းဖြစ်သည်။

ယင်းအမိန့်ကို စစ်အုပ်ချုပ်ရေးအမိန့် ၃/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ရက်တွင် တစ်ကြိမ်၊ စစ်အုပ်ချုပ်ရေးအမိန့် ၁/၂၀၂၆ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ရက်တွင် တစ်ကြိမ် ဆက်လက်သက်တမ်းတိုးထားခြင်းဖြစ်သည်။

ယခုအခါ ဧပြီလ ၂၃ရက်တွင် စစ်ကောင်စီ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၆နှင့် ၂/၂၀၂၆ ကို ထုတ်ပြန်ကာ မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်အုပ်ချုပ်ရေးအမိန့် ၂/၂၀၂၆ ကို ထုတ်ပြန်ကာ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

#MeKongNews
#စစ်အုပ်ချုပ်ရေး
#ရှမ်းမြောက်
#သီပေါ
#ကျောက်မဲ
#လွှတ်တော်ကိုယ်စားလှယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now