နေ့စဥ်သတင်း

တာချီလိတ်မီးလင်းရေးကော်မတီဥက္ကဋ္ဌ၏ ပြည်သူပိုင်ငွေသုံးစွဲမှုများ စိစစ်ကြပ်မတ်ပေးရန် ဒေသခံများတောင်းဆို

မဲခေါင် 20 Apr - 2026
မဲခေါင်၊ ဧပြီ ၂၀ တာချီလိတ်မြို့ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်၏ ပြည်သူပိုင်ငွေကြေး သုံးစွဲမှုများကို စနစ်တကျ စိစစ်ကြပ်မတ်ပေးရန် ဒေသခံလူထုက တောင်းဆိုနေကြသည်။ မြို့မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်သည် ထိုင်းဘတ် ၂ သန်းခွဲတန်ဖိုးရှိ လိုင်စင်မဲ့မော်တော်ယာဉ်ကို ဝယ်ယူစီးနင်းနေခြင်း အပါအဝင် လစဉ်ငွေကြေးရရှိသုံးစွဲမှုစာရင်းများ၊ ပြည်သူပိုင် မီးလင်းရေးစာရင်းဇယားများနှင့် ဝန်ထမ်းအင်အားစာရင်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် စစ်ဆေးပေးစေလိုကြောင်း ဒေသခံများက ပြောသည်။ “မီးလင်းရေးနဲ့ ပတ်သက်တဲ့ ငွေကြေး၊ စာရင်းဇယားတွေက ပြည်သူအများ ပွင့်လင်းမြင်သာစွာ သိသင့်ပါတယ်။ ဦးတင်လှိုင်က မီးလင်းရေးကော်မတီမှာ ၂၀၁၈ ကတည်းက ဥက္ကဌ လုပ်ခဲ့တာ။ အခုထိလည်း ဥက္ကဌပဲ။ ဥက္ကဌသက်တမ်းလည်း ကျော်လွန်နေပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍

မဲခေါင်၊ ဧပြီ ၂၀

တာချီလိတ်မြို့ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်၏ ပြည်သူပိုင်ငွေကြေး သုံးစွဲမှုများကို စနစ်တကျ စိစစ်ကြပ်မတ်ပေးရန် ဒေသခံလူထုက တောင်းဆိုနေကြသည်။

မြို့မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်သည် ထိုင်းဘတ် ၂ သန်းခွဲတန်ဖိုးရှိ လိုင်စင်မဲ့မော်တော်ယာဉ်ကို ဝယ်ယူစီးနင်းနေခြင်း အပါအဝင် လစဉ်ငွေကြေးရရှိသုံးစွဲမှုစာရင်းများ၊ ပြည်သူပိုင် မီးလင်းရေးစာရင်းဇယားများနှင့် ဝန်ထမ်းအင်အားစာရင်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် စစ်ဆေးပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

“မီးလင်းရေးနဲ့ ပတ်သက်တဲ့ ငွေကြေး၊ စာရင်းဇယားတွေက ပြည်သူအများ ပွင့်လင်းမြင်သာစွာ သိသင့်ပါတယ်။ ဦးတင်လှိုင်က မီးလင်းရေးကော်မတီမှာ ၂၀၁၈ ကတည်းက ဥက္ကဌ လုပ်ခဲ့တာ။ အခုထိလည်း ဥက္ကဌပဲ။ ဥက္ကဌသက်တမ်းလည်း ကျော်လွန်နေပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်ကလည်း တာချီလိတ်မြို့ လျှပ်စစ်မီး ဝယ်ယူသွယ်တန်းထားသည့် စာရင်းဇယားများ၊ မြို့နယ်အတွင်း လျှပ်စစ်မီး ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းစာရင်းများ၊ နေအိမ်အလိုက် မီတာပေါက် စာရင်းဇယားများ၊ မီတာခနှင့် ယူနစ်နှုန်းထားများ အပါအဝင် လစဉ်ငွေရှင်းတမ်းများကို စိစစ်နိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဧပြီလ ၁၉ ရက်နေ့တွင် စာပေးပို့ အကြောင်းကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့သည် လျှပ်စစ်ဓာတ်အားကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ပြီး၊ ယင်းလုပ်ငန်းစဉ်ကို တာချီလိတ်မီးလင်းရေးကော်မတီက ဦးစီးဆောင်ရွက်နေခြင်း ဖြစ်သည်။

မီးလင်းရေးကော်မတီနှင့်ပတ်သက်ပြီး လက်ရှိဥက္ကဌ တာဝန်ထမ်းဆောင်နေသည်မှာ ၈နှစ်ကျော်ရှိပြီဖြစ်ပြီး စည်းမျဉ်းအရ ၅နှစ်လျှင်တစ်ကြိမ် ဥက္ကဌပြန်လည်ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများလည်း အများသိအောင် ရှင်းလင်းမှုမရှိကြောင်း၊ မီးလင်းရေးကော်မတီ၏ ရန်ပုံငွေဖြစ်သည့် ဘတ်ငွေ သန်း ၃၀ကျော် (၂၀၁၈ စာရင်းအရ) ကိုလည်း မည်သို့မည်ပုံလုပ်ဆောင်ထားကြောင်းလည်း မသိရကြောင်း ဒေသခံတစ်ဦးက ထောက်ပြသည်။

“၂၀၁၈မှာ လွှတ်တော်ကိုယ်စားလှယ်တွေရှိတုန်းက သိလိုက်ရတာက ရန်ပုံငွေ ဘတ်သန်း ၃၀ ကျော်ရှိတယ်။ အဲဒီနောက်ပိုင်းလည်း ဘာမှ မကြားရတော့ဘူး။ အခုမီးလင်းရေးက လူတစ်စုက အုပ်စိုးထားသလိုဖြစ်နေတယ်။ မီးလင်းရေးဆိုတာ အများပိုင်ဖြစ်တယ်။ အရင်ခေတ်အဆက်ဆက်ကတည်းက မြို့အတွက်လုပ်လာကြတာ။ လျှပ်စစ်မီးရောင်းတိုင်းလည်း တစ်ယူနစ်တိုင်းမှာ အကျိုးအမြတ်ရနေတာ၊ ဒါတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ချပြဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီ (၁)ကို ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ခရိုင်အုပ်ချုပ်ရေးဦးဆောင်မှု ကော်မတီမှ မြို့မိမြို့ဖဦးဆောင်သည့် ကော်မတီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်ကတည်းက ကော်မတီဥက္ကဌနေရာကို ဦးတင်လှိုင်က ရရှိထားခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း မီးလင်းရေးကော်မတီ (၁) နှင့် မီးလင်ရေးကော်မတီ (၂) ဟူ၍ရှိပြီး မီးလင်းရေးကော်မတီ (၁)ကို မြို့မိမြို့ဖများဦးဆောင်သည့် ကော်မတီက တာဝန်ယူကာ မြို့ပေါ်ရပ်ကွက်များသို့ အဓိကထား လျှပ်စစ်မီးဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး မီးလင်းရေးကော်မတီ (၂)ကို “ဝ” တပ်ဖွဲ့က တာဝန်ယူကာ မြို့အစွန်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

#MeKongNews
#တာချီလိတ်
#မီးလင်းရေးကော်မတီ
#ထိုင်းနိုင်ငံ
#ပွင့်လင်းမြင်သာမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now