မဲခေါင်၊ ဧပြီ ၇
စစ်ကောင်စီ လက်အောက်ခံ ရှမ်းအစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ အမည်စာရင်းကို ယနေ့တွင် ရှမ်းလွှတ်တော်မှ ပြည်နယ်ဝန်ကြီးများကို ၎င်းတို့တာဝန်ယူရမည့် ဝန်ကြီးဌာနများနှင့် ယှဥ်တွဲ၍ ကြေညာ ခန့်အပ်လိုက်သည်။
တတိယအကြိမ် ရှမ်းပြည်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ပဥ္စမနေ့အစီအစဉ်အား ယနေ့ ဧပြီ ၇ ရက်တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်လွှတ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံထားရသူ အတည်ပြုထားသော ရှမ်းပြည်နယ်အတွက် ဝန်ကြီးဌာနများနှင့် ဝန်ကြီးများ၏ အမည်စာရင်းကို ရှမ်းပြည်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ စိုင်းထိန်စိုးက ပြည်နယ်လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သော ဝန်ကြီးဌာနအလိုက် ဝန်ကြီးများမှာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူး ကြီး စိန်ဝင်း၊ စီမံကိန်းစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာ လဆိုင်း၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် နန်းခမ်းလူ၊ လျှပ်စစ်စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခွန်သန်းထူး၊ စိုကပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလင်းအောင်ဆွေ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် စိုင်းဝမ်းလှိုင်းတစ်ပ်၊ စည်ပင်သာ ယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခွန်ထွန်းဖြူ တို့ ဖြစ်ကြောင်း သိရသည်။
လူမှူရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ နမ်းခမ်းလူမှာ လဲချားမဲဆန္ဒနယ်မှ PR ကိုယ်စားလှယ်အဖြစ် မိုးနဲမဲဆန္ဒနယ်မှ အရွေးခံရသူ ဖြစ်ကြောင်း သိရသည်။
၎င်းမှာ ကျားဖြူပါတီကိုယ်စားလှယ်များ အများဆန္ဒအရ မဲရွေးချယ်သည့်အထဲတွင် ဆန္ဒပြုခံရသူတစ်ဦး ဖြစ်သည်။
ထို့ပြင် ရှမ်းပြည်နယ် ဥပဒေချုပ်အဖြစ် စိုင်းကျော်ဇံကို လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ထွေးရီကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးသန်းဦးလွင်ကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ဒေါ်စန္ဒာအောင်၊ ဦးအောင်မော်၊ ဒေါ်သူဇာအောင် တို့ကို လည်းကောင်း လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်းလည်း သိရသည်။
#MeKongNews
#ရှမ်းအစိုးရ
#ပြည်နယ်ဝန်ကြီး
#အမည်များ
#ကြေညာ








