နေ့စဥ်သတင်း

စစ်ကောင်စီ ဖိအားကြောင့် မိုင်းကိုင် – နမ့်လမ် လမ်းမပေါ်ရှိ SSPP စခန်းများ ဆုတ်ခွာ

မဲခေါင် 3 Apr - 2026
မဲခေါင် ၊ ဧပြီ ၃ စစ်ကောင်စီ ဖိအားကြောင့် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် မိုင်းကိုင် – နမ့်လမ် လမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ၏ စခန်းများ ရုပ်သိမ်း ဆုတ်ခွာသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီတပ်က ဖိအားပေး ဖြုတ်ခိုင်းသဖြင့် မိုင်းကိုင် – နမ့်လန် လမ်မပေါ်တွင်ရှိသည့် SSPP စခန်းများ ရုပ်သိမ်း ဆုတ်ခွာသွားသော်လည်း ယင်းဒေသမှ ထွက်ခွာသွားခြင်း မဟုတ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။ “လမ်းမကြီးပေါ်မှာရှိတဲ့ ဂိတ်တွေက ဖြုတ်သွားတာ လေးငါးရက်ရှိပြီ၊ ကျေးရွာတွေဘက်မှာတော့ အရင်အတိုင်းပဲ။ လမ်းမပေါ်ကဂိတ်ကို ဖယ်ပေးလိုက်ရတာပေါ့။ ဖြုတ်သွားတဲ့ ဂိတ်ကတော့ လေးငါးဂိတ်လောက်ရှိတယ်”ဟု ဒေသခံသတင်းရင်းမြစ်က

မဲခေါင် ၊ ဧပြီ ၃

စစ်ကောင်စီ ဖိအားကြောင့် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် မိုင်းကိုင် – နမ့်လမ် လမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ၏ စခန်းများ ရုပ်သိမ်း ဆုတ်ခွာသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်က ဖိအားပေး ဖြုတ်ခိုင်းသဖြင့် မိုင်းကိုင် – နမ့်လန် လမ်မပေါ်တွင်ရှိသည့် SSPP စခန်းများ ရုပ်သိမ်း ဆုတ်ခွာသွားသော်လည်း ယင်းဒေသမှ ထွက်ခွာသွားခြင်း မဟုတ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“လမ်းမကြီးပေါ်မှာရှိတဲ့ ဂိတ်တွေက ဖြုတ်သွားတာ လေးငါးရက်ရှိပြီ၊ ကျေးရွာတွေဘက်မှာတော့ အရင်အတိုင်းပဲ။ လမ်းမပေါ်ကဂိတ်ကို ဖယ်ပေးလိုက်ရတာပေါ့။ ဖြုတ်သွားတဲ့ ဂိတ်ကတော့ လေးငါးဂိတ်လောက်ရှိတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

SSPP တပ်ဖွဲ့က လမ်းမပေါ်ရှိ ဂိတ်များကို ရုပ်သိမ်းဖယ်ပေးခဲ့သော်လည်း လမ်းမကြီးတစ်လျှောက် အနီးရှိ ကျေးရွာများတွင်မူ ယခင်အတိုင်း တပ်စွဲနေဆဲဖြစ်ကာ အုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း လုပ်ဆောင်နေဆဲ ဖြစ်သည်။

“သူတို့အုပ်ချုပ်ရေးလည်း ပုံမှန်လည်ပတ်နေတာပဲ အရင်နဲ့ ဘာမှတော့ မထူးသွားပါဘူး၊ လမ်းမပါ်မှာ မထိုင်တော့တာပဲ ရှိတယ်။ လမ်းမပေါ်မှာ သူတို့ထိုင်တာလည်း ၂ နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်။ အခုက စကစဖက်က လမ်းမပေါ်ကနေ မဆုတ်ရင် တိုက်ပွဲ ဖြစ်ရလိမ့်မယ်ဆိုပြီး ဆုတ်ခိုင်းတော့ တိုက်ပွဲမဖြစ်ချင်လို့ ဖြုတ်ပေးလိုက်တာတဲ့”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် – နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP စစ်ဆေးရေး ဂိတ်များကို စစ်ကောင်စီက ဖိအားပေးသဖြင့် ဖြုတ်သိမ်းရခြင်း ဖြစ်ပြီး ထိန်းချုပ် နယ်မြေတစ်ခုလုံး မဟုတ်ဘဲ ကားလမ်းပေါ်မှ ဂိတ်များသာ ဖယ်ရှားရခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းမကြီးက ကိုက်၁၀၀၀ အတွင်း မရှိရဘူးလို့ သိရတယ်၊ ပြည်ထောင်စုလမ်းမကြီး ဘေးတလျှောက် ရောက်နေတဲ့ တပ်တွေအားလုံး ဖယ်ဖို့ နည်းမျိုးစုံ ဖိအားနေမှာပဲ”ဟု မိုင်းကိုင်ဒေသ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လတွင်လည်း ရှမ်းတောင်နှင့် ရှမ်းမြောက်ကို ဆက်သွယ်ထားသည့် ရပ်စောက် – ကျောက်ဂူလမ်းမပေါ်ရှိ SSPP တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များကို ဖယ်ရှားခိုင်းခဲ့သေးသည်။

မိုင်းကိုင် – နမ့်လန် ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တပ်ဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS အဖွဲ့တို့ လှုပ်ရှားလျက်ရှိသည်။

#MeKongNews
#စစ်ကောင်စီ
#ဖိအားကြောင့်
#မိုင်းကိုင်
#SSPP
#ဆုတ်ခွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now