နေ့စဥ်သတင်း

အင်တော-ကျောက်ဂူလမ်းမပေါ်ရှိ SSPP စစ်ဆေးရေးဂိတ်စခန်း ၅ ခုထက်မနည်း ဖြုတ်သိမ်း

မဲခေါင် 11 Mar - 2026
မဲခေါင်၊ မတ် ၁၁ စစ်ကောင်စီတပ်က ဆုတ်ခိုင်းသဖြင့် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တော-ကျောက်ဂူလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP စစ်ဆေးရေးဂိတ်စခန်း ၅ခုထက်မနည်း ဖြုတ်သိမ်းကာ တပ်ဆုတ်သွားပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ရှမ်းတောင် မိုင်းပွန်တွင် SSPP နှင့် စစ်ကောင်စီ PNOပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် ရှမ်းမြောက်နှင့်ရှမ်းတောင်ဆက်သွယ်ထားသည့် ရပ်စောက်မြို့နယ်ဘက်တွင်ပါ စစ်ကောင်စီက SSPP တပ်ဖွဲ့ကို တပ်ပြန်ဆုတ်ခိုင်းခြင်းဖြစ်သည်။ လက်ရှိတွင် အင်တောမြို့ပေါ်ရှိ SSPP စစ်ဆေးရေးဂိတ်တစ်ခုအပါအဝင် လမ်းမကြီးပေါ်ရှိ ဂိတ်များပါ SSPPဖက်က ဖြုတ်သိမ်းကာ ဆုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ “အခုမြို့ပေါ်မှာက စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်ပူးပေါင်းဂိတ်တွေပဲရှိတော့တယ်။ SSPP ဂိတ်မရှိတော့ဘူး၊ ဂိတ်တွေဖြုတ်တာ ၄၊ ၅ရက်လောက်ရှိပြီ။ အရင်က အင်တောမြို့ပေါ်မှာ SSPP

မဲခေါင်၊ မတ် ၁၁

စစ်ကောင်စီတပ်က ဆုတ်ခိုင်းသဖြင့် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တော-ကျောက်ဂူလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP စစ်ဆေးရေးဂိတ်စခန်း ၅ခုထက်မနည်း ဖြုတ်သိမ်းကာ တပ်ဆုတ်သွားပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းတောင် မိုင်းပွန်တွင် SSPP နှင့် စစ်ကောင်စီ PNOပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် ရှမ်းမြောက်နှင့်ရှမ်းတောင်ဆက်သွယ်ထားသည့် ရပ်စောက်မြို့နယ်ဘက်တွင်ပါ စစ်ကောင်စီက SSPP တပ်ဖွဲ့ကို တပ်ပြန်ဆုတ်ခိုင်းခြင်းဖြစ်သည်။

လက်ရှိတွင် အင်တောမြို့ပေါ်ရှိ SSPP စစ်ဆေးရေးဂိတ်တစ်ခုအပါအဝင် လမ်းမကြီးပေါ်ရှိ ဂိတ်များပါ SSPPဖက်က ဖြုတ်သိမ်းကာ ဆုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“အခုမြို့ပေါ်မှာက စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်ပူးပေါင်းဂိတ်တွေပဲရှိတော့တယ်။ SSPP ဂိတ်မရှိတော့ဘူး၊ ဂိတ်တွေဖြုတ်တာ ၄၊ ၅ရက်လောက်ရှိပြီ။ အရင်က အင်တောမြို့ပေါ်မှာ SSPP ဂိတ်တခုရှိတယ်။ အခုတော့ မြို့ပေါ်မှာကော မြို့အပြင်ဘက် လမ်းမပေါ်မှာကော SSPPဂိတ် တခုမှ မရှိတော့ဘူး။ အကုန်ဖြုတ်သိမ်းသွားပြီ”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ထို့သို့ လမ်းမကြီးပေါ်မှ ဂိတ်စခန်းများကို ဖြုတ်သိမ်းသွားသော်လည်း ကျေးရွာများဘက်တွင်မူ ယခင်အတိုင်းသာ ရှိနေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

“အခုက နယ်မြေတွေထဲကနေ ဆုတ်သွားတာမျိုးမဟုတ်ဘူး။ ရွာတွေဘက်ကော လမ်းမပေါ်မှာကော သူတို့အရင်လိုပဲ သွားလာနေဆဲပဲ၊ အခုက ကတ္တရာလမ်းမပေါ်မှာရှိတဲ့ ဂိတ်တွေကို ဖြုတ်ပေးတာမျိုးပဲဗျ”ဟု ရပ်စောက်မြို့နယ် ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

လက်ရှိတွင် ရပ်စောက်မြို့ နယ် မြောက်ဘက်ခြမ်းရှိ အင်တော-ကျောက်ဂူလမ်းမကြီးတွင် SSPP ဂိတ်များ ဖြုတ်သိမ်းသွားပြီဖြစ်သဖြင့် ရပ်စောက်မြို့နယ် တောင်ဘက်ခြမ်းရှိ RCSS ဂိတ်စခန်းသာ ကျန်ရှိတော့ကြောင်း ရပ်စောက်မြို့ခံတစ်ဦးကပြောသည်။

“မြို့တောင်ဘက်ခြမ်း ထီးခမ်းကျေးရွာအထိမှာက RCSS ဂိတ်တွေရှိသေးတယ်။ သူတို့ကိုတော့ စစ်တပ်က ဂိတ်ဖြုတ်ခိုင်းတာတွေ မကြားရသေးဘူး။ အရင် SSPPနဲ့RCSS တိုက်တုန်းက မြောက်ဘက်အင်တော-ကျောက်ဂူကနေ ဆုတ်လာတဲ့ RCSSက အခု တောင်ဘက်ခြမ်းမှာ ရှိနေတာ သူတို့ဂိတ်တွေတော့ ရှိသေးတယ်”ဟု ၎င်းကပြောသည်။

အင်တော-ကျောက်ဂူလမ်းမကြီးသည် ရှမ်းတောင် ရပ်စောက်မြို့နယ်နှင့် ရှမ်းမြောက် နောင်ချို-သီပေါမြို့နယ်တို့ကို ဆက်သွယ်ထားသော အရေးပါသည့် လမ်းတခုဖြစ်ကာ ယခင် တောင်ခမ်းတိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်သည်။

မိုင်းပွန်တွင် စစ်ကောင်စီနှင့်PNOပြည်သူ့စစ်က SSPP တပ်အား ကျောက်တန်း-ပင်လုံလမ်းမကြီး တောင်ဘက်မှ လမ်းမကြီးမြောက်ဘက်သို့ တပ်ဆုတ်ခိုင်းရာမှ တင်းမာမှုဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်အင်အားဖြည့်ကာ ကိုယ်စီအနည်းငယ် တပ်ဆုတ်သွားခဲ့သည်။ ထိုသို့ စစ်ရေးတင်းမာနေစဉ်တွင်ပင် ရပ်စောက်မြို့နယ် ကျောက်ဂူ-အင်တောဘက်တွင်လည်း စစ်ကောင်စီက SSPPအားထပ်မံတပ်ဆုတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS နှင့် ဓနုတော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိသည်။

#MeKongNews
#SSPP
#အင်တော
#ကျောက်ဂူ
#ရပ်စောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now