နေ့စဥ်သတင်း

PNLA ဌာနချုပ်ဟောင်း ဗန်းမက်ကို စစ်တပ်လက်အောက်ခံ PNA မီးရှို့ဖျက်ဆီး

မဲခေါင် 28 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ဒေသအနီးရှိ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် – PNLA ၏ ဌာနချုပ်ဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNO/PNA တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။ ခွန်ရိန်းယံ၏ ပြောကြားချက်အရ ဗန်းမက်ဒေသသည် လက်ရှိ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် – PNLA ၏ ဌာနချုပ်တည်ရှိရာ နေရာမဟုတ်တော့ကြောင်း၊ စစ်ရေးအခြေအနေကို တွက်ဆကာ ဌာနချုပ်ကို ပြီးခဲ့သည့် တစ်နှစ်နီးပါးခန့်ကတည်းက ပြောင်းရွှေ့ပြီးသား ဖြစ်ကြောင်း၊ ဗန်းမက်ကျေးရွာအနီးအနားရှိ နေရာများမှာ ယခင် ဌာနချုပ်တည်ရှိရာ နေရာဟောင်းများသာ ဖြစ်ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် – PNLA ဘက်က ဌာနချုပ်ဟောင်းကို သိမ်းပိုက်မခံရစေရန်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ဒေသအနီးရှိ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် – PNLA ၏ ဌာနချုပ်ဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNO/PNA တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။

ခွန်ရိန်းယံ၏ ပြောကြားချက်အရ ဗန်းမက်ဒေသသည် လက်ရှိ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် – PNLA ၏ ဌာနချုပ်တည်ရှိရာ နေရာမဟုတ်တော့ကြောင်း၊ စစ်ရေးအခြေအနေကို တွက်ဆကာ ဌာနချုပ်ကို ပြီးခဲ့သည့် တစ်နှစ်နီးပါးခန့်ကတည်းက ပြောင်းရွှေ့ပြီးသား ဖြစ်ကြောင်း၊ ဗန်းမက်ကျေးရွာအနီးအနားရှိ နေရာများမှာ ယခင် ဌာနချုပ်တည်ရှိရာ နေရာဟောင်းများသာ ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် – PNLA ဘက်က ဌာနချုပ်ဟောင်းကို သိမ်းပိုက်မခံရစေရန် အတတ်နိုင်ဆုံး တားဆီးခဲ့ရာ တိုက်ပွဲအတွင်း ပအိုဝ်းပြည်သူ့စစ် – PNO/PNA ဘက်မှ တပ်သား ၂၀၀ ကျော် ကျဆုံးခဲ့ကြောင်းလည်း ခွန်ရိန်းယံက ပြောသည်။
ထိုသို့ အကျအဆုံးများ ဖြစ်ပွားပြီးနောက် PNO ဘက်မှ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ဗန်းမက်ဒေသက ကျွန်တော်တို့ နောက်ဆုတ်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဌာနချုပ်ဟောင်းနေရာ တချို့ကိုသာ သူတို့က ဝင်ရောက်မီးရှို့ခဲ့တာပါ။ ဒါ့အပြင် သူတို့ မီးရှို့လိုက်တဲ့ အဆောက်အအုံတွေထဲမှာ ကျွန်တော်တို့ရဲ့ ဌာနချုပ်ဟောင်းအဆောက်အအုံတွေ ပါတယ်။ တချို့အဆောက်အအုံတွေကတော့ ဒေသခံပြည်သူတွေအတွက် အုပ်ချုပ်ရေးဌာနက ဆောက်လုပ်လှူဒါန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဒေသခံအုပ်ချုပ်ရေးရုံးတွေပါ ပါဝင်ပါတယ်” ဟု ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။

ယင်းမီးရှို့ဖျက်ဆီးမှုများကြောင့် ဗန်းမက်ရွာသစ်ကို ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသည့်အပြင် ဗန်းမက်ရွာ၊ မုဲင်းဟုဲင်းရွာနှင့် ဟံဗွာရွာများမှ နေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“PNO တပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ရွာသား ၃ ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိ အမျိုးသမီးအချို့သာ ရွာမပြန်ရဲသေးပြီး အမျိုးသားတွေကတော့ မပြန်ရဲသေးပါဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောကြားသည်။

PNO ဘက်မှ ဗန်းမက်ဒေသသို့ ထိုးစစ်စတင်လာခြင်းမှာ ပြီးခဲ့သည့် တစ်ပတ်ခန့်က ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်၊ ၁၇ ရက်ဝန်းကျင်မှ စတင်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ကဒူးကြီးဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

#MeKongNews
#ဗန်းမက်
#PNLA
#PNO
#ပအိုဝ်းပြည်သူ့စစ်
#မီးရှို့ဖျက်ဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now