ကမ္ဘာ့သတင်း

ခြစားမှုသတင်း ရေးခဲ့သော တရုတ်ဂျာနယ်လစ်များ ဖမ်းဆီးခံရမှု RSF ရှုတ်ချ

မဲခေါင် 4 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၄ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ ဒေသခံအရာရှိတစ်ဦး အကျင့်ပျက်ခြစားသည် ဆိုသောသတင်းကို ရေးသား တင်ပြခဲ့ပြီး‌နောက် ထင်ရှားသော စုံစမ်းထောက်လှမ်း သတင်းထောက် တစ်ဦး အပါအဝင် လွတ်လပ်သော တရုတ် ဂျာနယ်လစ်နှစ်ဦး ထိန်းသိမ်းခံရမှုကို နယ်စည်းမထား သတင်း‌ထောက်များအဖွဲ့ – RSF က ရှုတ်ချလိုက်သည်။ လွန်ခဲ့သော ၁၀ နှစ်က နာမည်ကျော် ပုဂ္ဂိုလ်များကြား အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့၍ တရုတ်နိုင်ငံတွင် အသိအမှတ်ပြုမှု ရခဲ့သူ လျူဟူ နှင့် ဝူယင်ကျားအို တို့သည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိန်းသိမ်းခံခဲ့ရသည်ဟု ပါရီမြို့အခြေစိုက် RSF အဖွဲ့က ပြောသည်။ ‘လျူ’ ဟု

မဲခေါင်၊ ဖေဖော်ဝါရီ ၄

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ ဒေသခံအရာရှိတစ်ဦး အကျင့်ပျက်ခြစားသည် ဆိုသောသတင်းကို ရေးသား တင်ပြခဲ့ပြီး‌နောက် ထင်ရှားသော စုံစမ်းထောက်လှမ်း သတင်းထောက် တစ်ဦး အပါအဝင် လွတ်လပ်သော တရုတ် ဂျာနယ်လစ်နှစ်ဦး ထိန်းသိမ်းခံရမှုကို နယ်စည်းမထား သတင်း‌ထောက်များအဖွဲ့ – RSF က ရှုတ်ချလိုက်သည်။

လွန်ခဲ့သော ၁၀ နှစ်က နာမည်ကျော် ပုဂ္ဂိုလ်များကြား အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့၍ တရုတ်နိုင်ငံတွင် အသိအမှတ်ပြုမှု ရခဲ့သူ လျူဟူ နှင့် ဝူယင်ကျားအို တို့သည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိန်းသိမ်းခံခဲ့ရသည်ဟု ပါရီမြို့အခြေစိုက် RSF အဖွဲ့က ပြောသည်။

‘လျူ’ ဟု အမည်ရ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး၊ ‘ဝူ’ ဆိုသော အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အခြားလူများကို မှားယွင်းသော စွပ်စွဲချက်များနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း သံသယမှု ဖြင့် စုံစမ်းစစ်ဆေးနေသည်ဟု စီချွမ်ပြည်နယ်မြို့တော် ချန်ဒူးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိန်းသိမ်းခံထားရသူများ၏ မျိုးရိုးနာမည်များကိုသာ အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း တရုတ်မီဒီယာ အများအပြားနှင့် RSF တို့က လျူဟူ နှင့် ဝူယင်ကျားအိုတို့ ဖြစ်ကြောင်း ဖော်ထုတ်ထားသည်။

စီချွမ်ပြည်နယ်၊ ပူကျန်းစီရင်စုမှ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ပူဖေယူး ပါဝင် ပတ်သက်နေသော အကျင့်ပျက်ခြ စားမှုကို လေ့လာဆန်းစစ်ထားသော သတင်းတစ်ပုဒ်ကို ဂျာနယ်လစ် ၂ ဦးက ပူးတွဲရေးသား၍ လူမှုမီဒီယာပလက် ဖောင်း WeChat ပေါ်တွင် ဇန်နဝါရီ ၂၉ ရက်က ရေးသားဖြန့်ချိခဲ့ပြီးနောက် ၎င်းတို့အား ဖမ်းဆီးမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သတင်းအတွက် မှတ်ချက်ရယူရန် မစ္စတာပူ အား ချက်ခြင်းဆက်သွယ်၍ မရခဲ့ဟု ၎င်းတို့သတင်းက ဖော်ပြသည်။

ဂျာနယ်လစ်များ၏ သတင်းကိုလည်း WeChat ပေါ်မှ ဖျက်ပစ်လိုက်ပြီဖြစ်ကာ အကဲဆတ်သော အစိုးရဆိုင်ရာ ဖော်ထုတ်မှုများနှင့် ပတ်သက်၍ လုပ်နေကျ ပုံစံဖြစ်သည်။

ယုံကြည်စိတ်ချရသော သတင်းထောက်များကို ပစ်မှတ်ထားသည့် အခြေအနေ ဖန်တီးပေးသည့် ပုံမှန် ဆက်ဆံရေးမျိုးထက် တရုတ်အစိုးရအပေါ် ဖိအားပေးရန် မိမိတို့က တိုက်တွန်းကြောင်း RSF ၏ အာရှ – ပစိဖိတ်ရေးရာ မန်နေဂျာ အလက်ဆန်ဒရာဘီလာကော်စကာက ဆိုသည်။

၎င်းတို့အဖွဲ့၏ ၂၀၂၅ စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် တရုတ်က ၁၇၈ နေရာတွင် ရှိသည်။

ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာ၏ တောင်းဆိုမှုကို ချန်ဒူးမြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ချက်ချင်းမတုံ့ပြန်ခဲ့ဟု ဆိုသည်။

အေးကျော်
Ref: Reuters
#MeKongnews
#ခြစားမှုသတင်း
#တရုတ်ဂျာနယ်လစ်များ
#ဖမ်းဆီးခံရ
#RSF
#ရှုတ်ချ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now