မဲခေါင်၊ ဇန်နဝါရီ ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ မန်ဖြတ်ကျေးရွာ အနီးရှိ မူးယစ်ဆေးချက်စခန်းကို စစ်ကောင်စီက ရှင်းလင်းရာ လက်နက်ကိုင် ၆ ဦးနှင့် SSPP ဝတ်စုံများ ဖမ်းဆီးရမိကြောင်း မြေပြင် သတင်းရင်းမြစ်အရ သိရသည်။
ဇန်နဝါရီ ၁၀ရက်က စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ကူပေးပြီး မြေပြင် စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ကာ မိုင်းရယ်မြို့နယ်၊ မန်ဖြတ်ကျေးရွာ အနီးမှ ကျားဖြန့် မူးယစ်ဆေးချက်စခန်းအား ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သီပေါနယ်၊ နားလင်းကျေးရွာအနီး ကျားဖြန့် ဝင်ရှင်းတော့ SSA/SSPP ယူနီဖောင်းတွေပါ တွေ့တယ်”ဟု ရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။
SSPP ကမူ ယင်းကိစ္စများတွင် ၎င်းတို့ ပါဝင်ပတ်သက်မှု လုံးဝ မရှိကြောင်း ဇန်နဝါရီ၁၀ ရက်တွင် ထုတ်ပြန် ငြင်းဆိုထားသည်။
#MeKongNews
#မိုင်းရယ်
#မူးယစ်ဆေးချက်စခန်း
#လက်နက်ကိုင်
#ဖမ်းမိ








