မဲခေါင်၊ ဒီဇင်ဘာ ၂၇
အမေရိကန်အစိုးရ ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုအရ ယနေ့ကမ္ဘာကြီး ငြိမ်းချမ်းရေးအား အခြောက်လှန့်ဆုံးသူမှာ ပူတင်မဟုတ်ဘဲ တရုတ်သမ္မတ ရှီကျင့်ဖျင်သာ ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
ကမ္ဘာနှစ်ခြမ်းကွဲပြီး နျူကလီးယား တတိယကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလာနိုင်မှုတွင် တရုတ်နှင့် ရှီကျင့်ဖျင်ကသာ အ ခရာကျနေပြီး ရုရှားနှင့် ပူတင်ထက် အဆပေါင်းများစွာ ပိုအန္တရာယ်ကြီးကြောင်း Lau အင်စတီကျုမှ တရုတ်အရေး လေ့လာသူ ပရော်ဖက်ဆာ ကယ်ရီဘရောင်းက သုံးသပ်သည်။
လက်ရှိ ယူကရိန်း ကျူးကျော်စစ်ကို ရုရှား ဆင်နွှဲနေမှုတွင် နေတိုးနှင့် ဥရောပနိုင်ငံများ ရုရှားနှင့် စစ်ဖြစ်လာနိုင်သည့် အနေအထားမျိုးသာ အဆိုးဆုံးအဆင့် ဖြစ်နိုင်ပြီး ထိုင်ဝမ်အား ကျူးကျော် သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားသည့် ရှီကျင့်ဖျင်သာ တကယ်တမ်း သိမ်းပိုက်ပါက အမေရိကန်သည်လည်း ထိုင်ဝမ်ဘက်မှ မဟာမိတ်အဖြစ် စစ်တလင်း ဖြစ်ပွားလာမှုမှ စတင်ပြီး တရုတ် မဟာမိတ်များနှင့် အမေရိကန် မဟာမိတ်များ ကမ္ဘာနှစ်ခြမ်းကွဲကာ နျူကလီးယား စစ်ပွဲကြီး ဖြစ်ပွားလာနိုင်ကြောင်း ကယ်ရီဘရောင်းက သုံးသပ်ခဲ့သည်။
တရုတ်သည် မကောင်းဆိုးဝါးဝင်ရိုးတန် ၃ နိုင်ငံအဖြစ် မြောက်ကိုရီးယား၊ ရုရှားတို့နှင့် မဟာမိတ် လုပ်ထားသည်သာမက ပါကစ္စတန်နှင့်အီရန်ကိုလည်း သံမဏိ ညီအစ်ကိုတော်နိုင်ငံများအဖြစ် မဟာမိတ် ဖွဲ့ထား သ လို အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိကအစရှိသည့် နိုင်ငံများပါဝင်သော BRICS အဖွဲ့တွင်လည်း ဩဇာအကြီးဆုံး အဖြစ် ရပ်တည်နေသည်။
အမေရိကန်သည်လည်း နေတိုးမဟာမိတ်အဖွဲ့၏ အကြီးမားဆုံး မဟာမိတ်အဖြစ် ဥရောပနှင့် မိတ်ဖွဲ့ထားရာ လက်ရှိ အကြောက်တရားမရှိဆုံး ခေါင်းဆောင်များ ဖြစ်သည့် ရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ကြောင့် ထိုင်ဝမ် အရေး ဖြစ်လာ ပါက ကမ္ဘာနှစ်ခြမ်းကွဲပြီး နျူကလီးယား လက်နက်များ အကုန်ထုတ်သုံးသည့် စစ်ပွဲကြီး ဖြစ် လာနိုင်ကြောင်း၊ စီးပွားရေး အင်အားအကြီးဆုံး ၂ နိုင်ငံ စစ်ဖြစ်ပါက ကျန်တစ်ကမ္ဘာလုံးမှ စီးပွားရေးများလည်း ပြိုလဲကာ ကြောက်စရာ အကောင်းဆုံး ကမ္ဘာပျက်စစ်ကြီး ဖြစ်သွားနိုင်ကြောင်း ကယ်ရီဘရောင်းက သုံးသပ်ပြော ဆိုသည်။
ယခုရက်ပိုင်းများအတွင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှ စစ်တမ်း ပြုစုထားသော ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုတွင် တရုတ်သည် စျေးပေါသော်လည်း အဆင့်မြင့် နည်းပညာများဖြင့် စစ်လက်နက်၊ ဒုံးကျည်၊ နျူကလီးယား လက်နက်များ အများအပြား ထုတ်လုပ်ထားမှုကြောင့် တကယ်စစ်ဖြစ်ခဲ့လျှင် အမေရိကန်၌ရှိသည့် ဖိုက်တာဂျက်များ၊ သင်္ဘောများ၊ ဂြိုဟ်တုဆက်သွယ်ရေး စနစ်များအင်အားမှာ လုံလောက်သော တိုက်ဖျက်အားမျိုး ရှိမနေနိုင်သဖြင့် တရုတ်သာ စစ်နိုင်လောက်သည်ဟု စစ်တမ်းပြုထားသည့် အဆိုကိုလည်း မြင်သိကြရသဖြင့် လက်ရှိ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံးသူမှာ ရှီကျင့်ဖျင်သာ ဖြစ်သည်ဟု ပရော်ဖက်ဆာ ကယ်ရီဘရောင်းက သုံးသပ်သွားခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#လျှို့ဝှက်ချက်
#ငြိမ်းချမ်းရေး
#ရှီကျင့်ဖျင်








