ဦးဝင်းနိုင်(မိုးလေဝသပညာရှင်)
· ယခု တစ်ပတ်အတွင်း ရှမ်းပြည်တွင်မိုးရွာသွန်းနိုင်မည့် အခြေအနေ
ရှမ်းပြည် တစ်ခုလုံးတွင် ယခု တစ်ပတ်အတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ မရှိပါ။
· အပူချိန်
– ယခု တစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်နှင့် လားရှိုးမြို့များတွင် အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၅°C အထိ ကျဆင်းနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၈°C အထိ ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၂°C ခန့် ရှိ နိုင်သည်။ ကျိုင်းတုံမြို့နယ်တွင် အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၈°C ရှိနိုင်သည်။
· လေတိုက်နှုန်း
ရှမ်းပြည်တခွင်တွင် ယခု တစ်ပတ်အတွင်း လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ ၃ မိုင်မှ GUST ၂၀ မိုင်ခန့် ရှိနိုင်သည်။
· လေထုစိုထိုင်းဆ
– ရှမ်းပြည်အရှေ့ပိုင်းတွင် နေ့လယ်ပိုင်း လေထုစိုထိုင်းဆ ၄၀ ရာခိုင်နှုန်းဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း၊ ညပိုင်းနှင့် မနက်အစောပိုင်း အချိန်များတွင် ၉၀ ရာခိုင်နှုန်း ရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင်မူ နေ့လယ်ပိုင်း လေထုစိုထိုင်းဆ ၃၀ ရာခိုင်နှုန်းခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနှင့် မနက်အစောပိုင်း အချိန်များတွင် ၉၀ ရာခိုင်နှုန်း မှ ၁၀၀ ရာခိုင်နှုန်း ရှိနေနိုင်သည်။
– နေ့လယ်ပိုင်း လေထုစိုထိုင်းဆ မြင့်မားသည့် ဒေသများတွင် ခံစားရသည့် အပူချိန်အမြင့်ဆုံး (Feels Like Temperature) မှာ ၂၇°C ခန့် ရှိနေနိုင်သည်။
· မြေဆီလွှာစိုထိုင်းဆ
– ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၏ ပျမ်းမျှ မြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ (၁၆ လက်မခန့်)တွင် ၁၆ ရာခိုင်နှုန်းနှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်)တွင် ၃၀ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း ဒေသများတွင် မြေအောက်အနက် ၄၀ စင်တီမီတာ (၁၆ လက်မခန့်) တွင် ၃၅ ရာခိုင်နှုန်း နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်) တွင် ၄၇ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့၏ မြေဆီလွှာရေဓာတ် ပါဝင်နှုန်းသည် နှစ်စဉ် ဖြစ်မြဲအောက် ၁၅ မီလီမီတာခန့် လျော့နည်းနေနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်း ဒေသများတွင် မြေဆီလွှာရေဓာတ် ပါဝင်နှုန်းသည် နှစ်စဉ် ဖြစ်မြဲအထက် ၃ မီလီမီတာခန့် မြင့်နိုင်သည်။
· လေထုညစ်ညမ်းမှု အခြေအနေ
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၏ လေထုညစ်ညမ်းမှု အခြေအနေ (AQI Value) သည် ညွှန်းကိန်းအဆင့် ၅၃ ရှိနိုင်ပြီး၊ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးနှင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်တွင် ၉၀ ရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ် အနီးမှ မူဆယ်နှင့် မိုင်းယုတွင် ၃၃ ရှိနိုင်ပြီး ရှမ်းပြည်တစ်ခုလုံးတွင် အန္တရာယ်ရှိနိုင်သည့် လေထုညစ်ညမ်းမှုအဆင့် မရှိပါ။
· ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသ အခြေအနေ
– အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ် နှင့် တောင်တရုတ် ပင်လယ်ပြင်များတွင် ထူးခြားသည့်အခြေအနေ (လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်း) ဖြစ်ပေါ်မှုနှင့် ဖြစ်ပေါ်ရန်မရှိပါ။ ကမ္ဘာ့တောင်ဘက်ခြမ်း၊ အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ခြမ်းတွင်သာ အပူပိုင်း NINE ဖြစ်ပေါ်လျှက်ရှိသည်။
– ကချင်ပြည်နယ်မြောက်ဘက်၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အနောက်နှင့် အနောက်တောင်ဘက်မှ မဒိန်း၊ ထအွန်းဒမ်း၊ ဒဇွန်းဒမ်း၊ ဂဝိုင် ဒေသများနှင့် ပူတာအို အနောက်မြောက်ဘက် ဖွန်ဂန်ရေခဲတောင် အသွားလမ်းမှ ဇီယာဒန်း ကျေးရွာတို့တွင် ယခု တစ်ပတ်အတွင်း မိုးရေချိန်စုစုပေါင်း ၁ ဒသမ ၂ လက်မခန့် ရွာသွန်းနိုင်သည် မှအပ ကျန်ဒေသများတွင် မိုးရွာနိုင်မည့် အခြေအနေမရှိပါ။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်








