ကမ္ဘာ့သတင်း

၂ ပတ်အတွင်း ရုရှား၏ ရေနံတင်သင်္ဘော ၃ စီးမြောက်ကို ယူကရိန်း တိုက်ခိုက်ဖောက်ခွဲ

မဲခေါင် 12 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၂ ယူကရိန်းလျှို့ဝှက်စစ်ထောက်လှမ်းရေးအဖွဲ့ (SBU) က ၂ ပတ်အတွင်း ၃စီးမြောက် ရုရှားရေနံတင်သင်္ဘောကို ပင်လယ်နက်အတွင်း ပင်လယ်ဘေဘီဒရုန်းဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့သည့် ရုပ်သံမှတ်တမ်း များထုတ်ဖော်ပြသလာခဲ့သည်။ ယင်းမှတ်တမ်းတွင် အီးယူ၊ ယူကေ၊ ကနေဒါ၊ ဩစတြေးလျနှင့်ဆွစ်ဇာလန်တို့မှ ပိတ်ဆို့အရေးယူ ထားသည့် ဒါရှန်ရေနံတင်သင်္ဘောကို ရုရှား၏နိုဗိုရော့စ်ဆစ်ဗ်ဆိပ်ကမ်းအနီး ပင်လယ်ဘေဘီဒရုန်းများ က ဝိုင်းပတ်ထားပြီး တစ်စီးပြီးတစ်စီး ဝင်တိုက်ကာ ဖောက်ခွဲသည့်မြင်ကွင်းများတွေ့ရှိရကာ အနည်းဆုံး ဒရုန်း ၂ စီးသည် သင်္ဘောအား ဆိုးရွားစွာ ပျက်စီးပေါက်ကွဲလောင်ကျွမ်းစေမှုဖြစ်စေခဲ့သည် ကို မြင်တွေ့ခဲ့ရသည်။ ဒါရှန်ရေနံတင်သင်္ဘောသည် ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားအတွက် ပင်မ ဝင်ငွေရရှိ စေသော ရေနံများသယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်ကာ ရုရှား၏ ပင်လယ်နက် မှောင်ခိုရေယာဉ်စု

မဲခေါင်၊ ဒီဇင်ဘာ ၁၂

ယူကရိန်းလျှို့ဝှက်စစ်ထောက်လှမ်းရေးအဖွဲ့ (SBU) က ၂ ပတ်အတွင်း ၃စီးမြောက် ရုရှားရေနံတင်သင်္ဘောကို ပင်လယ်နက်အတွင်း ပင်လယ်ဘေဘီဒရုန်းဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့သည့် ရုပ်သံမှတ်တမ်း များထုတ်ဖော်ပြသလာခဲ့သည်။

ယင်းမှတ်တမ်းတွင် အီးယူ၊ ယူကေ၊ ကနေဒါ၊ ဩစတြေးလျနှင့်ဆွစ်ဇာလန်တို့မှ ပိတ်ဆို့အရေးယူ ထားသည့် ဒါရှန်ရေနံတင်သင်္ဘောကို ရုရှား၏နိုဗိုရော့စ်ဆစ်ဗ်ဆိပ်ကမ်းအနီး ပင်လယ်ဘေဘီဒရုန်းများ က ဝိုင်းပတ်ထားပြီး တစ်စီးပြီးတစ်စီး ဝင်တိုက်ကာ ဖောက်ခွဲသည့်မြင်ကွင်းများတွေ့ရှိရကာ အနည်းဆုံး ဒရုန်း ၂ စီးသည် သင်္ဘောအား ဆိုးရွားစွာ ပျက်စီးပေါက်ကွဲလောင်ကျွမ်းစေမှုဖြစ်စေခဲ့သည် ကို မြင်တွေ့ခဲ့ရသည်။

ဒါရှန်ရေနံတင်သင်္ဘောသည် ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားအတွက် ပင်မ ဝင်ငွေရရှိ စေသော ရေနံများသယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်ကာ ရုရှား၏ ပင်လယ်နက် မှောင်ခိုရေယာဉ်စု အတွင်း ကိုမိုရော့စ်အလံတင်ကာ ခိုးကြောင်ခိုးဝှက် ပြေးဆွဲနေသော သင်္ဘောဖြစ်သည်။

သင်္ဘောတန်ကြေး တစ်ခုတည်း ပေါင် ၂၂ ဒသမ ၅ သန်းတန်ပြီး ရေနံစိမ်းတန်ကြေးပေါင် ၅၅ သန်းဖိုး သယ်ဆောင်နိုင်သည့်သင်္ဘောလည်း ဖြစ်သည်။

ယူကရိန်း၏ တန်ကြေးနည်းပါးသော ပင်လယ်ဘေဘီဒရုန်းများ၏ အစွမ်းသည် ၂ ပတ်အတွင်း ပင်လယ် နက်ထဲ၌ ရုရှားရေနံတင်သင်္ဘော ၃ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်က ယခုလိုပင် ဥရောပမှပိတ်ဆို့အရေးယူထားသည့် ကိုင်ရိုနှင့် ဗီရတ်ရေနံတင်သင်္ဘော ၂ စီးကိုလည်း တိုက်ခိုက်ဖောက်ခွဲနိုင်ခဲ့သည်။

စစ်ရေးကျွမ်းကျင်သူများက ယူကရိန်း၏ ပင်လယ်ဘေဘီဒရုန်းသည် သင်္ဘောကိုယ်ထည်တွင် သံလိုက် ဖြင့် ကပ်နေပြီးမှ ချိန်ကိုက်ဖောက်ခွဲသည့် မိုင်းစနစ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ထင်မြင်သုံးသပ် နေကြသော်လည်း ယူကရိန်းထောက်လှမ်းရေးဘက်မှ မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။

ယူကရိန်းသည် ပြီးခဲ့သည့် လပိုင်းများအတွင်း ရုရှား၏ ပင်မ ဝင်ငွေရင်းမြစ်ဖြစ်သော ရေနံချက် စက်ရုံများကို ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တာဝေးဒရုန်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကာ ရုရှားသမ္မတပူတင်ကို ဒေါသထွက်ပေါက်ကွဲစေခဲ့သလို ရုရှားနိုင်ငံအတွင်းမှာပင် ရေနံထွက်ကုန် လောင်စာဆီများ ပြတ်လပ်သည့် ဖြစ်စဉ် များစွာရှိခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ရေနံတင်သင်္ဘော
#ပင်လယ်နက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now