မဲခေါင်၊ ဒီဇင်ဘာ ၁၀
ရုရှားသမ္မတ ပူတင်၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သော ဘီလာရုစ်စစ်အာဏာရှင်လူကက်ရှန်ကို နောက်ကွယ်မှ စေခိုင်းခြင်းကြောင့် အိမ်နီးချင်း လစ်သူရေးနီးယားနိုင်ငံအတွင် မိုးပျံဘောလုံးများစွာ ဝင်လာ မစဲဖြစ်နေသည့်အတွက် နိုင်ငံအရေးပေါ် အခြေအနေကြေညာသည်ဟု လစ်သူရေးနီးယား ဝန်ကြီးချုပ် အင်ဂါရူဂီနီနီက ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။
ယခု ၂၀၂၅ ခုနှစ်အတွင်းမှာပင် မိုးလေဝသမိုးပျံဘောလုံးပေါင်း ၆၀၀ ကျော် ဘီလာရုစ်နယ်ထဲမှ တစ်ဆင့် လစ်သူရေးနီးယားနိုင်ငံအတွင်း လွင့်ပျံလာခဲ့ပြီး ဒရုန်းပေါင်း ၂၀၀ ကျော်လည်း နယ်ကျော် ဝင်ရောက်လာသောကြောင့် လေကြောင်းခိုင်းများ ပိတ်ပင်ခဲ့ရသည်မှာ ဗီလ်နီးယက်စ်လေဆိပ်တစ်ခု တည်းမှာပင် နာရီ ၆၀ ကျော်ရှိခဲ့ပြီး နစ်နာမှုများစွာရှိသလို နိုင်ငံတော် လုံခြုံမှုအပေါ်လည်း ထိခိုက်မှု များစွာရှိနေသဖြင့် ဒုတိယအဆင့် နိုင်ငံတော်အရေးပေါ်အခြေအနေထုတ်ပြန်သည်ဟု ဝန်ကြီးချုပ် အင်ဂါက ကြေညာသွားခြင်းဖြစ်သည်။
တရုတ်ထုတ်မိုးပျံဘောလုံးများပုံစံ ဘောလုံးများသည် အများအားဖြင့် မှောင်ခိုသမားများ စီးကရက် များကို ဘီလာရုစ်မှ လစ်သူရေးနီးယားနိုင်ငံထဲ မှောင်ခိုကူးမှုအဖြစ် တင်ဆောင်လာခြင်းဖြစ်သော်လည်း ယခုလုပ်ရပ်သည် ရုရှားနောက်ကွယ်က စေခိုင်းသည်ကို ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကိုက ပူးပေါင်းကြံစည်ခြင်းဖြင့် တစ်ဝက်တစ်ပျက် စစ်ရေးခြိမ်းခြောက်မှုလုပ်ခြင်းဖြစ်သည်ဟု အင်ဂါကဆိုသည်။
လစ်သူရေးနီးယားသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် ဘီလာရုစ်၊ ရုရှားခေါင်းဆောင်တို့နှင့် ရန်သူတော်အဖြစ် ရှိနေကြရာ အဆိုပါ မိုးလေဝသ မိုးပျံဘောလုံးများသည် ဘီလာရုစ်နယ်စပ်နှင့် ၆ မိုင်အကွာအထိ ပျံသန်းနိုင်သောကြောင့် ဗီလ်နီးယက်စ် လေဆိပ်ပေါ် မကြာခဏ ရောက်ရှိ ခြိမ်းခြောက် လာခြင်းဖြစ်သည်။
ဘီလာရုစ်စစ်ခေါင်းဆောင် လူကာရှန်ကိုကမူ မိုးပျံဘောလုံးများ ကိစ္စမည်သူ့ကိုမျှ ခြိမ်းခြောက်ခြင်းမရှိ၊ တကယ့် အရှိတရား ဟုတ်မဟုတ်လည်း မသိနိုင်သည့် အရေးမပါသော ကိစ္စ ဖြစ် ကြောင်း၊ နိုင်ငံရေး ထိုးနှက်မှုဖြစ်စေရန် လစ်သူရေးနီးယားဘက်မှ အရေးပေါ် အခြေအနေ ကြေညာ ခြင်းဖြစ်ကြောင်း၊ ဘီလာရုစ်နှင့် လစ်သူရေးနီးယားပြည်သူအားလုံး စစ်ကိုမုန်းတီးသလို မိမိလည်း မုန်းတီးကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ကိုကလင်း
Ref:BBC
#MeKongNews
#ဘီလာရုစ်
#လစ်သူယေးနီးယား
#မိုးပျံပူပေါင်း
#ရုရှား








