ဦးဝင်းနိုင်(မိုးလေဝသပညာရှင်)
· ယခု တစ်ပတ်အတွင်း ရှမ်းပြည်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ။
· အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှု အခြေအနေ
– ယခု တစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အမြင့်ဆုံး နေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံး ည အပူ ချိန် ၁၁°C အထိ ရှိနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်းတွင် အမြင့်ဆုံး နေ့အပူချိန် ၂၂°C နှင့် အနိမ့်ဆုံး ညအပူချိန် ၁၁°C အထိ ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်းတွင် အမြင့်ဆုံး နေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံး ညအပူချိန် ၁၄°C ခန့် ရှိ နိုင် သည်
– ရှမ်းပြည်တစ်ခွင်တွင် ယခု တစ်ပတ်အတွင်း လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ ၅ မိုင်မှ GUST ၁၅ မိုင်ခန့် ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်းတွင် နေ့လည်ပိုင်း လေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနှင့် နံ နက်အစောပိုင်း အချိန်များတွင် ၉၀% ရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေ့လည်ပိုင်း လေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနှင့် နံနက်အစောပိုင်း အချိန်များတွင် ၈၀% ရှိနိုင်သည်။
– နေ့လည်ပိုင်း လေထုစိုထိုင်းဆ မြင့်မားသည့် ဒေသများတွင် ခံစားရသည့်အပူချိန် အမြင့်ဆုံး (Feels Like Temperature) မှာ၂၇°C ခန့် ရှိနေနိုင်သည်။
– ရှမ်းပြည်၏ ပျမ်းမျှ မြေဆီလွှာ စိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ (၁၆ လက်မခန့်)တွင် ၁၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်)တွင် ၃၅% ခန့် ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း ဒေသတွင် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၃၅% နှင့် မြေ အောက်အနက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်) တွင် ၅၃% ခန့် ရှိနိုင်သည်။
– ရှမ်းပြည်တွင် မိုးမရွာနိုင်တော့သည့်အတွက် မြေဆီလွှာ စိုထိုင်းဆများ အနည်းငယ် ထပ်မံ လျော့ကျနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၏ လေထုညစ်ညမ်းမှု အခြေအနေ (AQI Value) သည် ၅၈ ရှိနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်တွင် ၁၁၅ ရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်းတွင် ၂၄ ရှိနိုင်ပြီး အန္တရာယ် ရှိနိုင်သည့် အဆင့်မဟုတ်၍ စိုးရိမ်ဖွယ်မရှိပါ။
· ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
· ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်မှ လေပွေလှိုင်း INVEST-93W သည် လေဖိအားနည်းရပ်ဝန်း Tropical Depre ssion 35W အဖြစ် ပိုမို အားကောင်းလာပြီး၊ ဒီဇင်ဘာ ၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော် ဝင်ရောက်ကာ၊ ဒီဇင်ဘာ ၈ ရက်တွင် တောင်တရုတ်ပင်လယ် အတွင်းသို့ ရောက်ရှိလာနိုင်သည်။
· အနောက် – အနောက်တောင်ဘက်သို့ ဆက်လက် ရွေ့လျားပြီး ဒီဇင်ဘာ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် ဘရူနိုင်းနိုင်ငံကြား – တောင်တရုတ်ပင်လယ် အနောက်တောင်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်း အဖြစ်ဖြင့် ရောက်ရှိလာနိုင်သည်။
· လေဖိအားနည်းရပ်ဝန်း 35W ၏ အရှိန် သက်ရောက်မှုကြောင့် ဒီဇင်ဘာ ၁၀ ရက် မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသအချို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သော်လည်း မိုးရေချိန် ရရှိနိုင်မည့် အခြေအနေ အလွန်နည်းနိုင်သည်။ ၂၄ နာရီအတွင်း မိုးရေချိန် ၀ ဒသမ ၂ လက်မခန့်သာ ရွာနိုင်သည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်








