ကမ္ဘာ့သတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင် 26 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉ မိုင်အထိ မီးတောင်ပြာနှင့်မီးခိုးလုံးများ လွင့် တက်နေသောကြောင့် တိုက်ကြီး ၂ တိုက်မှပင် မြင်ရပြီး အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ကမောက်ကမဖြစ်ကာ ဖျက်သိမ်းခဲ့ရသည်။ မီးတောင်ပေါက်ကွဲခြင်းကို အာဖရိကတိုက်သာမက အာရှတိုက်မှပင် မီးတောင်မီးခိုးပြာများအား မြင်ရ ပြီး ထိုမီးတောင်မှိုပွင့်ပုံ မီးခိုးလုံးများသည် ပင်နယ်နီမှ ယီမင်နှင့်အိုမန်နိုင်ငံများဆီ လွင့်မျောနေရာမှ အိန္ဒိယနှင့် ပါကစ္စတန်မြောက်ပိုင်းကောင်းကင်များပေါ်သို့ပါ လွင့်ပါနေသဖြင့် အိန္ဒိယလေကြောင်းလိုင်း သည် နိုဝင်ဘာ ၂၄၊ ၂၅

မဲခေါင်၊ နိုဝင်ဘာ ၂၆

နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉ မိုင်အထိ မီးတောင်ပြာနှင့်မီးခိုးလုံးများ လွင့် တက်နေသောကြောင့် တိုက်ကြီး ၂ တိုက်မှပင် မြင်ရပြီး အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ကမောက်ကမဖြစ်ကာ ဖျက်သိမ်းခဲ့ရသည်။

မီးတောင်ပေါက်ကွဲခြင်းကို အာဖရိကတိုက်သာမက အာရှတိုက်မှပင် မီးတောင်မီးခိုးပြာများအား မြင်ရ ပြီး ထိုမီးတောင်မှိုပွင့်ပုံ မီးခိုးလုံးများသည် ပင်နယ်နီမှ ယီမင်နှင့်အိုမန်နိုင်ငံများဆီ လွင့်မျောနေရာမှ အိန္ဒိယနှင့် ပါကစ္စတန်မြောက်ပိုင်းကောင်းကင်များပေါ်သို့ပါ လွင့်ပါနေသဖြင့် အိန္ဒိယလေကြောင်းလိုင်း သည် နိုဝင်ဘာ ၂၄၊ ၂၅ ရက်များတွင် လေကြောင်းခရီးစဉ် ၁၁ ခုကို ဖျက်သိမ်းလိုက်ရသည်။

Akasa Air လေကြောင်းလိုင်းသည် အားလပ်ရက် ၂ ရက်အတွင်း ခရီးသွားများ အဓိက သွားရာ ဂျဒက်၊ ကူဝိတ်၊ အဘူဒါဘီခရီးစဉ်များကို ရွှေ့ဆိုင်းခဲ့ရသည်။

တန်ဖိုးနည်းလေကြောင်းလိုင်း IndiGo သည်လည်း လေကြောင်းခရီးစဉ်များကို နိုဝင်ဘာ ၂၄၊ ၂၅ ရက်များတွင် ပြောင်းလဲခဲ့ရပြီး နိုဝင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲမှ ထိုမီးခိုးလုံးများသည် အိန္ဒိယကောင်းကင်တွင် ကင်းစင်သွားပြီး တရုတ်နိုင်ငံဘက်သို့ လွင့်မြောသွားခဲ့သည်ဟု အိန္ဒိယသတင်းများက ဆိုသည်။

မီးတောင်ပေါက်ကွဲရာ ဒေသခံ အီသီယိုးပီးယားသားများအဆိုအရ ဗုံးများ ဆက်တိုက်ပေါက်ကွဲသလို ကျယ်လောင်သော အသံများကြားရပြီးနောက် မီးတောင်ပေါက်သည်ကို သိရကြောင်း၊ သေဆုံးမှုမရှိ သော်လည်း မီးခိုပြာများ ဒေသအနှံ့ ဖုံးလွှမ်းသဖြင့် တိရစ္ဆာန်များ စာကျက်များ ရှားပါးကုန်သည်ဟု ပြောကြားခဲ့သည်။

ယင်းဟေလီဂက်ဘီမီးတောင်သည် ရစ်ဖ်တောင်ကြားဒေသတွင် ရှိကာ ဘူမိဗေဒလှုပ်ရှားမှုများ မကြာ ခဏ ပြင်းပြင်းထန်ထန် လှုပ်ခတ်သော်လည်း မည်သည့်အချိန်က နောက်ဆုံးပေါက်ကွဲခဲ့သည်ကို မသိရ ဘဲ ရေခဲခေတ်နှောင်းပိုင်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀ က နောက်ဆုံးပေါက်ကွဲခဲ့ပုံရသည်ဟု ဘူမိဗေဒ ပညာရှင်များက သုံးသပ်ထားကြသည်။

ယခုနှစ်ဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ လွီအိုတိုဘီမီးတောင်ကြီး ပေါက်ကွဲခဲ့သေးပြီး မီးတောင်ပြာမှုန် များသည် ကောင်းကင်အမြင့် ၁၁ ကီလိုမီတာအထိ မြင့်တက်ခဲ့ကာ ထိုမီးခိုးများ ထုတည်သည် ၅ မိုင်ပတ်လည်အထိ ကြီးမားခဲ့သောကြောင့် လေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရသေးသည်။

ထိုမီးတောင်သည် မနှစ်က နိုဝင်ဘာလအတွင်း တစ်ကြိမ် ချော်ရည်ပူများ မှုတ်ထုတ်သဖြင့် ၁၀ ဦးသေဆုံး ခဲ့ရသေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အီသီယိုပီးယား
#အင်ဒိုနီးရှား
#မီးတောင်
#လေကြောင်းခရီးစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now