ကမ္ဘာ့သတင်း

ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံတန် S-400 ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ကြီး ဒရုန်းမျှလောက်ဖြင့် ပေါက်ကွဲပျက်စီး

မဲခေါင် 10 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၀ ယူကရိန်းအထူးစစ်ဆင်ရေး စပိုင်တပ်ဖွဲ့သည် ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံတန် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကြီးကို စျေးပေါသည့် ဒရုန်းဖြင့်သာ တိုက်ခိုက်ဖောက်ခွဲလိုက်နိုင်သည့် ရုပ်သံကို ထုတ်ပြန်ပြသလိုက်သဖြင့် ပူတင်အတွက် ဒေါသထွက်ပေါက်ကွဲစရာ ထပ်ဖြစ်ခဲ့ရသည်။ ယင်းရုပ်သံမှတ်တမ်းတွင် ရှေ့ဒရုန်းတစ်စီး ကြီးမားသည့် ယာဉ်ပေါ်တင်ထားသည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား အရှိန်ဖြင့်ဝင်ရောက်တိုက်ခိုက်ကာ နောက်ဒရုန်းက မီးလုံးကြီးများအဖြစ် အလုံးစုံပျက်စီးသွားစေသော အသေခံဝင်တိုက်မှုလုပ်ခဲ့သည်ကို မြင်တွေ့ရသည်။ ယူကရိန်းဗဟိုထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး GUR သည် ယင်းစပိုင်စစ်ဆင်ရေးကို ဦးစီးဖော်ဆောင်ခြင်းဖြစ်ကာ ဒရုန်းများတွင် Starlink ထောက်ပံ့ရေးစနစ်နှင့် ယူကရိန်းအထူးစစ်ဆင်ရေး တပ် (SOF) ၏ FP-2 ဒရုန်းကိုသာ ပေါင်းစပ်အသုံးပြုထားခြင်းဖြစ်ရာ S-400 ကိုဖျက်ဆီးရုံသာမက

မဲခေါင်၊ နိုဝင်ဘာ ၁၀

ယူကရိန်းအထူးစစ်ဆင်ရေး စပိုင်တပ်ဖွဲ့သည် ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံတန် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကြီးကို စျေးပေါသည့် ဒရုန်းဖြင့်သာ တိုက်ခိုက်ဖောက်ခွဲလိုက်နိုင်သည့် ရုပ်သံကို ထုတ်ပြန်ပြသလိုက်သဖြင့် ပူတင်အတွက် ဒေါသထွက်ပေါက်ကွဲစရာ ထပ်ဖြစ်ခဲ့ရသည်။

ယင်းရုပ်သံမှတ်တမ်းတွင် ရှေ့ဒရုန်းတစ်စီး ကြီးမားသည့် ယာဉ်ပေါ်တင်ထားသည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား အရှိန်ဖြင့်ဝင်ရောက်တိုက်ခိုက်ကာ နောက်ဒရုန်းက မီးလုံးကြီးများအဖြစ် အလုံးစုံပျက်စီးသွားစေသော အသေခံဝင်တိုက်မှုလုပ်ခဲ့သည်ကို မြင်တွေ့ရသည်။

ယူကရိန်းဗဟိုထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး GUR သည် ယင်းစပိုင်စစ်ဆင်ရေးကို ဦးစီးဖော်ဆောင်ခြင်းဖြစ်ကာ ဒရုန်းများတွင် Starlink ထောက်ပံ့ရေးစနစ်နှင့် ယူကရိန်းအထူးစစ်ဆင်ရေး တပ် (SOF) ၏ FP-2 ဒရုန်းကိုသာ ပေါင်းစပ်အသုံးပြုထားခြင်းဖြစ်ရာ S-400 ကိုဖျက်ဆီးရုံသာမက ရုရှား၏ အားကိုးအားထားပြုရာ 92N6E ဘက်စုံရေဒါစနစ်ကြီးကိုပါ ကျော်ဖြတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။

ယင်းတန်ဖိုးနည်းဒရုန်းများဖြင့် ရုရှား၏ AORL-1AS နှင့် P-18 Terek ရေဒါစနစ်များကိုလည်း ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ပြီး အထူးစပိုင်တပ်များသည် ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယားနယ်မြေ အတွင်း သပ်လျှို့ဝင်ရောက်ကာ ပိုမိုဝေးကွာသော ရုရှားမဟာဗျူဟာ လက်နက်စနစ်များကို ထိရောက် စွာဖောက်ခွဲဖျက်ဆီးနေနိုင်ခြင်းဖြစ်သည်ဟုလည်း GUR က ထုတ်ပြန်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ယူကရိန်းဆေးတပ်သည် ရန်သူဇုန်အတွင်း ဒဏ်ရာရကာ ၃၃ ရက်ကြာ ပိတ်မိနေသော စစ်သားတစ်ဦးကို စက်ရုပ်လူကယ်ဆယ်ရေးယာဉ်အား အဝေးထိန်းခလုပ်ဖြင့် ထိန်းချုပ် ကာ မိုင် ၄၀ ခရီးနှင်ပြီး ကယ်ထုတ်နိုင်ခဲ့သည်။

၇ ကြိမ်မြောက်မှ ကယ်ထုတ်နိုင်ခြင်းဖြစ်သော်လည်း ပထမဆုံး စစ်ပွဲများအတွင်း လူကယ်ဆယ်ရေး စက်ရုပ်ယာဉ် တီထွင်အသုံးပြုနိုင်ခြင်းဖြစ်သောကြောင့် ကမ္ဘာက လေးစားရသည့် တီထွင်ဆန်းသစ်မှု ဖြစ်လာခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#လေကြောင်းရန်ကာကွယ်ရေးစနစ်
#ဒရုန်း
#ရေဒါစနစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now