– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေမြို့နယ်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ နီးပါးမှ ၃ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပြီး ယခုတစ်ပတ်အတွင်း မိုးအများဆုံးဖြစ်နိုင်သည်။
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
တိုင်ဖွန်းမုန်တိုင်း ဖန်ဝေါင်သည် ယနေ့နိုဝင်ဘာ ၉ ရက် ည တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အဆင့် ၄ တိုင်ဖွန်းမုန်တိုင်း – CAT-4 TYPHOON အဖြစ်ဖြတ်ကျော်ဝင်ရောက်အပြီး၊ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာကာ အရှေ့ဘက်သို့ပြန်လည်ချိုးကွေ့ရွေ့လျားနိုင်ကြောင်း အတည်ပြုပြီးဖြစ်၍ တိုင်ဖွန်းကယ်လ်မေဂီ၏ မုန်တိုင်းအကြွင်အကျန်များဝင်ရောက်ပြီး နိုဝင်ဘာ ၁၀ ရက် နောက်ပိုင်းတွင် အရှေ့ဘက်မှမုန်တိုင်း အကြွင်းအကျန်များကြောင့် အခါလွန်မိုး၊ ဖျက်မိုးအန္တရာယ်များ မရှိနိုင်တော့ပါ။
နိုဝင်ဘာ ၉ / ၁၀ ရက်များ၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အထက် လေပွေလှိုင်းဖြစ်ပေါ်နိုင်သော်လည်း မြောက်အရပ်မှလေအေးစီးကြောင်းအားကောင်းလာပြီး ပင်လယ် ပြင်မှ ရေပြင်ညီအမြင့်အပူချိန်(Sea Level Temperature – SLT)ကျဆင်းလာခြင်းတို့ကြောင့် အား ကောင်းလာနိုင်ခြင်းမရှိကြောင်း၊ အနောက်တောင်ဘက်မှလေစီးကြောင်းအားနည်းသွားသဖြင့် မြန်မာနိုင်ငံဘက်တွင် မိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ကြောင်း တွေ့ရသည်။
ယခုတစ်ပတ်အတွင်း ရှမ်းပြည်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
– ရှမ်းပြည်တောင်ပိုင်းမှ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်၊ ကွန်ဟိန်း ၊ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း – ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းယောင်းမြို့နယ်များတွင်လည်း ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်း – လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်သည်။
ဖယ်ခုံ၊ မိုင်းဆတ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းရယ်စသည့် မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မဝန်းကျင် ရွာသွန်းရရှိနိုင်သည်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
– ယခု တစ်ပတ်အတွင်းရှမ်းပြည်တွင် အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၂°C ခန့် ရှိနိုင်၊ နိုဝင်ဘာ ၁၂ ရက်ညအပူချိန် အနိမ့်ဆုံး (၁၂°C) ဖြစ်နိုင်သည်။
·
– ရှမ်းပြည်တစ်ခွင်တွင် ယခုတစ်ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက် နှုန်းအမြင့်ဆုံး တစ်နာရီ ၁၀ မိုင်ခန့်ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်းတွင် နေ့လယ်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် ၉၀% ရှိနိုင်သည်။
·
– ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေ့လယ်ပိုင်းလေထုစိုထိုင်းဆ ၆၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနှင့် နံနက်အစောပိုင်းတွင် ၁၀၀% ရှိနိုင်သည်။
နေ့လယ်ပိုင်းလေထုစိုထိုင်းဆမြင့်မားသည့် ဒေသများတွင် ခံစားရသည့်အပူချိန် (Feels Like Temperature) မှာ ၃၁°C ခန့်ရှိနေနိုင်သည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 35 ရှိနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်တွင် 86 ရှိနိုင်၊ ရှမ်းပြည်တစ်ခုလုံးတွင် ယခုတစ်ပတ်အတွင်း လေထုညစ်ညမ်းမှုအန္တရာယ်မရှိပေ။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်








