မဲခေါင်၊ အောက်တိုဘာ ၁၇
ဒဏ်ရာအများအပြားနှင့် အမျိုးသားအလောင်းတစ်လောင်းကို ကားတစ်စီးဖြင့် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းရှ်ိ မေမြို့လက်ဖက်ရည်ဆိုင် အနီးတွင် ယမန်နေ့ညက လာရောက်စွန့်ပစ်ခဲ့ကြောင်း ရပ်ကွက်နေသူများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၆ရက် ည၁၁နာရီခွဲဝန်းကျင်က ယင်းအလောင်းအား ရပ်ကွက်နေသူများက စတင်တွေ့ရှိခဲ့ပြီး အလောင်းမှာ အဝတ်မပါ၊ ရင်ဘတ်တွင် ကျားရုပ်ပုံတက်တူးရှိပြီး တကိုယ်လုံးတွင် ထိုးသွင်းဒဏ်ရာများ၊ မီးလောင်ဒဏ်ရာနှင့် ကြိုးချည်ဒဏ်ရာများနှင့် နားရွက်တစ်ဖက်အား တဝက်ခန့်လှီးဖြတ်ထားသည့် ဒဏ်ရာနှင့် အမျိုးသားလိင်အင်္ဂါ ကပ္ပာယ်အိတ်ဖြတ်ထားသည့် ဒဏ်ရာများရှိကြောင်း အလောင်းအား မြင်တွေ့ခဲ့ကြသည့် ကယ်ဆယ်ရေးများထံမှ သိရသည်။
“ပိန်ပိန်ပါးပါး အသက်က ၃၀-၄၀ကြား၊ မီးလောင်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေကောပါတယ်။ အဝတ်မပါဘူး။ နှိပ်စက်ခံထားရတဲ့ ပုံစံတွေကောတွေ့တယ်။ ဒဏ်ရာတွေတော့ အများကြီးပြောတယ်။ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေကောပါတယ် လို့သိရတယ် ၊ ကပ္ပယ်အိတ်(ဂွေးဥ)လည်း ဖြတ်ခံထိထားတယ်ပြောတယ်” ဟု ရပ်ကွက် လူမှုကူညီသူတစ်ဦးကပြောသည်။
ယင်းအမျိုးသားအလောင်းကို တောင်ကြီးမြို့၊ စဝ်စံထွန်း ရပ်ကွက်၊ ရင်ခွဲရုံ သို့ ကြက်ခြေနီ၊ သူနာပြု တပ်ဖွဲ့ဝင် များနှင့် မြို့ခံများမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရဲဘက်ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း တောင်ကြီးမြို့တွင် ယင်းကဲ့သို့လူသတ်ပြီး စွန့်ပစ်ထားခဲ့သည့်ဖြစ်စဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ကာ ယခင်က ထိုဖြစ်ရပ်မျိုး မကြုံဖူး မကြားဖူးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
#MeKongNews
#တောင်ကြီး
#အလောင်းပစ်
#လူသတ်မှု
#မြို့မရပ်ကွက်








