နေ့စဥ်သတင်း

အားကစားပွဲများ မကျင်းပသည့် မိုးနဲ အားကာမှူးကို ဒေသခံများ မလိုလား

မဲခေါင် 24 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၄ မြို့နယ်အတွင်း အားကစားကဏ္ဍတိုးတက်ရန်အတွင် အားကစားပွဲများ ပြုလုပ်ပေးခြင်း မရှိသည့် မြို့နယ်အားကာမှူး နေရာတွင် အားကစားကျွမ်းကျင်သူတစ်ဦးကို အစားထိုးခန့်အပ်ပေးရန် ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်ဒေသခံများက လိုလားကြောင်း ယင်းမြို့နယ် ဒေသခံများက မဲခေါင်သို့ ပြောသည်။ လက်ရှိမိုးနဲအားကာမှူး နန်းသန်းသန်းစိုးမှာ လုပ်သက်၂၀ခန့်ရှိနေသော်လည်း လွန်ခဲ့သည့် ၅နှစ်ခန့်မှစကာ အားကာမှ ဦးစီကာ ရပ်ကွက်အဆင့် ဘောလုံးပွဲပင် ကျင်းပခဲ့ခြင်းမရှိတော့သလို အထက် ခရိုင်၊ ပြည်နယ်ပွဲများကိုလည်း လူငယ်များထဲမှ ကြိုးစားသူ၊ တော်သူများကို မရွေးချယ်ဘဲ ၎င်းနှင့်နီးစပ်ရာအဆင်ပြေသူများကိုသာ ရွေးချယ်ခေါ်ယူသွားသည့်အတွက် မြို့ခံများက ဝေဖန်နေကြခြင်းဖြစ်သည်။ “ဘောပွဲက ရပ်ကွက်တွေက ဝတ်စုံကြေးကောက်ပြီး ထောက်ပံ့ပေးတယ်။ အာကားမှူးက ပွဲမလုပ်ပေးဘူး။ မဖြစ်မနေဆိုတဲ့ ကျောင်းပွဲလောက်ပဲလုပ်တယ်။ ဘေးနားက လင်းခေး၊

မဲခေါင်၊ စက်တင်ဘာ ၂၄

မြို့နယ်အတွင်း အားကစားကဏ္ဍတိုးတက်ရန်အတွင် အားကစားပွဲများ ပြုလုပ်ပေးခြင်း မရှိသည့် မြို့နယ်အားကာမှူး နေရာတွင် အားကစားကျွမ်းကျင်သူတစ်ဦးကို အစားထိုးခန့်အပ်ပေးရန် ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်ဒေသခံများက လိုလားကြောင်း ယင်းမြို့နယ် ဒေသခံများက မဲခေါင်သို့ ပြောသည်။

လက်ရှိမိုးနဲအားကာမှူး နန်းသန်းသန်းစိုးမှာ လုပ်သက်၂၀ခန့်ရှိနေသော်လည်း လွန်ခဲ့သည့် ၅နှစ်ခန့်မှစကာ အားကာမှ ဦးစီကာ ရပ်ကွက်အဆင့် ဘောလုံးပွဲပင် ကျင်းပခဲ့ခြင်းမရှိတော့သလို အထက် ခရိုင်၊ ပြည်နယ်ပွဲများကိုလည်း လူငယ်များထဲမှ ကြိုးစားသူ၊ တော်သူများကို မရွေးချယ်ဘဲ ၎င်းနှင့်နီးစပ်ရာအဆင်ပြေသူများကိုသာ ရွေးချယ်ခေါ်ယူသွားသည့်အတွက် မြို့ခံများက ဝေဖန်နေကြခြင်းဖြစ်သည်။

“ဘောပွဲက ရပ်ကွက်တွေက ဝတ်စုံကြေးကောက်ပြီး ထောက်ပံ့ပေးတယ်။ အာကားမှူးက ပွဲမလုပ်ပေးဘူး။ မဖြစ်မနေဆိုတဲ့ ကျောင်းပွဲလောက်ပဲလုပ်တယ်။ ဘေးနားက လင်းခေး၊ နမ့်စန်တွေမှာ ဘောပွဲတွေ တခြိမ်းခြိမ်းလုပ်နေတာ၊ သူက ဘာမှမလုပ်ဘူး။ အထက်အဆင့်သွားကန်ရတော့လည်း သူနဲ့သင့်သူသာခေါ်သွားတယ်။ ပြီးတော့ ရှူံးလေကောင်းလေတဲ့။ သူက ဘာအားကစားနည်းမှမတတ်တော့ မလုပ်တာတာ ရွာနာလို့၊ တကယ်ကျွမ်းကျင်သူ အစားထိုးခန့်စေချင်တာ။ ဒါမှ လူငယ်တွေလမ်းမှား မရောက်ဖို့ အားကစားနဲ့ထိန်းနိုင်မှာ” ဟု မိုးနဲဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းအားကာမှူး၏ ဖခင်မှာ ကျောင်းဆရာ အုပ်ချုပ်သူအဖြစ်လိုက်ပါသည့် ၁၉၉၇ ခုနှစ် နမ့်စန်ဘောလုံးပွဲတွင် မိုးနဲ့အသင်းက ၂ဂိုး၁ဂိုးဖြင့်အနိုင်ရသည်တွင် ဝမ်းသာရာမှ နှလုံးထိခိုက်ပြီးသေဆုံးခဲ့ရသည့်အပေါ် မြို့လူထုက ဂရုဏာသက်ပြီး သမီးဖြစ်သူကို ထောက်ခံအားပေးခန့်အပ်နိုင်ရန် ကြိုးပမ်းခဲ့ကြ ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

“ပုဂ္ဂိုလ်ရေးမရှိကြပါဘူး။ အခြားမြို့ရွာတွေမှာ အားကစားကို ဖိဖိစီးစီးနဲ့လုပ်ပေးနေလို့ လူငယ်တွေ ပျော်ရွှင်နေကြတာလို ကိုယ့်မြို့လည်း ဖြစ်စေချင်ကြတာပါ။ သူက တစ်လကို ပြည်နယ်အစည်းအဝေး မကြာခဏတက်ပေမယ့် မြို့မှာ ပြန်လုပ်တာမရှိလို့ ခုလို ​ဝေဖန်ခံရတာ။တကယ်က အားကစားနည်းစနစ်တွေမှာ ထုပ်စီးတိုးတောင်သူမတတ်တာက ခက်နေတာ” ဟု မြို့ခံ တစ်ဦးကပြောသည်။

မြို့နေပြည်သူများ မနှစ်သက်သည့် အဓိကအချက်မှာ အားကာမှူးသည် အားကစား နည်းစနစ်ပိုင်းမကျွမ်းကျင်ခြင်း၊ မြို့အတွက်အားကစားအခွင့်အလမ်းပွဲများ ပြုလုပ်ပေးမှုမရှိခြင်းနှင့် ဘောလုံးအားကစားကို မြေတောင်မြှောက်ပေးပြီး လူတော်များကို ရွေးချယ်ရမည့်အစား လက်သင့်ရာစားတော်ခေါ် လုပ်ဆောင်နေမှုများကြောင့်ဖြစ်ပြီး မြိုနယ်အားကစားကဏ္ဍ ပိုမို ဖွံ့ဖြိုးစေလိုကြသည်ဟု ဒေသခံများက မဲခေါင်သို့ ပြောသည်။

လက်ရှိ မြို့နဲမြို့တွင် လူငယ်များအတွက် ပိုက်ကျော်ခြင်း ကစားရသည်မှလွဲ၍ ရပ်ကွက်ဘောလုံးပွဲအပါအဝင် အခြား ပြေးခုန်ပစ်ပွဲများ၊ ကြက်တောင်၊ ဘော်လီဘောစသည်များ မပြုလုပ်ဖြစ်သည်မှာ ၅နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း မြို့နေလူထု​ပြောကြားချက်အရ သိရသည်။

#MeKongNews
#မိုးနဲမြို့နယ်
#အားကစား
#အားကာမှူး
#ဘောလုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now