နေ့စဥ်သတင်း

ရပ်စောက်တွင် အမျိုးသမီးငယ်များ ဖမ်းဆီးသတ်ဖြတ်ခံရမှု အပါအဝင် ရာဇဝတ်မှုများ ထူပြောနေ

မဲခေါင် 18 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၈ KTV များမှ မိန်းကလေးများ ပျောက်ဆုံးမှုများ အပါအဝင် ရပ်စောက်မြို့တွင် ရာဇဝတ်မှုများထူပြောနေပြီး ပျောက်ဆုံးသည့် မိန်းကလေးများထဲတွင် အသတ်ခံရနိုင်သည်များရှိနေကြောင်း ဒေသခံများက မဲခေါင်သို့ပြောသည်။ စက်တင်ဘာ ၁၃ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် ရပ်စောက်မြို့၊ နောင်ပိုင်းကန်အနီး၌ အဝတ်အစားမပါသည့် အမျိုးသမီးငယ်တစ်ဦး လမ်းဘေးလဲကျနေသည်ကို လူ ၁၂ ဦးခန့်ပါသည့် ကားတစ်စီးမှ တွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်းသို့ အကြောင်းရာခဲ့ကြောင်း၊ လူမှုကူညီရေးအသင်းမှ သွားရောက်ကြည့်ရှု့ရာတွင် ထိုအမျိုးသမီးငယ်ကို မတွေ့ရတော့ကြောင်း ​သွားရောက်ကြည့်ရှုသူ လူမှုကူညီသူတစ်ဦးက ပြောသည်။ “မိန်းခလေးငယ် ဝတ်လစ်စလစ်နဲ့၊ အသက် ၁၈ ၊ ၂၀ ဝန်းကျင်အရွယ်၊ သေနေတာလား မသိဘူး တွေ့လို့တဲ့။

မဲခေါင်၊ စက်တင်ဘာ ၁၈

KTV များမှ မိန်းကလေးများ ပျောက်ဆုံးမှုများ အပါအဝင် ရပ်စောက်မြို့တွင် ရာဇဝတ်မှုများထူပြောနေပြီး ပျောက်ဆုံးသည့် မိန်းကလေးများထဲတွင် အသတ်ခံရနိုင်သည်များရှိနေကြောင်း ဒေသခံများက မဲခေါင်သို့ပြောသည်။

စက်တင်ဘာ ၁၃ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် ရပ်စောက်မြို့၊ နောင်ပိုင်းကန်အနီး၌ အဝတ်အစားမပါသည့် အမျိုးသမီးငယ်တစ်ဦး လမ်းဘေးလဲကျနေသည်ကို လူ ၁၂ ဦးခန့်ပါသည့် ကားတစ်စီးမှ တွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်းသို့ အကြောင်းရာခဲ့ကြောင်း၊ လူမှုကူညီရေးအသင်းမှ သွားရောက်ကြည့်ရှု့ရာတွင် ထိုအမျိုးသမီးငယ်ကို မတွေ့ရတော့ကြောင်း ​သွားရောက်ကြည့်ရှုသူ လူမှုကူညီသူတစ်ဦးက ပြောသည်။

“မိန်းခလေးငယ် ဝတ်လစ်စလစ်နဲ့၊ အသက် ၁၈ ၊ ၂၀ ဝန်းကျင်အရွယ်၊ သေနေတာလား မသိဘူး တွေ့လို့တဲ့။ သူတို့ကို အမှုပတ်မှာကြောက်လို့ ကားသမားတွေ ပြေးလာကြတယ်။ သွားပြန်ကြည့်တော့ မရှိတော့ဘူး။ ရဲစခန်း၊ ဆေးရုံတွေမှာလည်း မရောက်ဘူး။ ပြန်သိရတာတော့ ကားတစ်စီးက လာတင်သွားတယ် ပြောတယ်။ ဒီမှာက ကြောက်ကြတော့ တော်တန်ရုံ မပြောရဲကြတော့ဘူး။ ဝင်မပါကြတော့ဘူး။ အန္တရာယ်ရှိတာကိုး” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက် နံနက်အစောပိုင်းကလည်း ရပ်စောက်တည်းခိုခန်း လမ်းကြားထဲမှ လက်နောက်ပြန်ကြိုးတုပ်ခံထားရသူ အမျိုးသမီးငယ်တစ်ဦး တွေ့ရှိသဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ရကြောင်း ယင်းလူမှုကူညီသူက ပြောသည်။

“ကြိုးတုပ်ပြီး ဝိုင်းမုဒိမ်းကျင့်ခံထားရတဲ့ပုံပဲ။ လည်ပင်းတောင်ကွဲနေပြီထင်တယ်။ ဒဏ်ရာဒဏ်ချက်တွေက နည်းတာမဟုတ်ဘူး။ ကောင်မလေးကို ဘယ်ကလည်းဆိုတော့ KTV ကတဲ့၊ ယဲ့ယဲ့လေးဖြေသွားခဲ့ရှာတယ်။ ပြည်သူတွေဘဝ အားကိုးရာမဲ့နေပြီ” ဟု ၎င်းက ဆိုသည်။

ရပ်စောက်တွင် KTV ၄ ခုရှိရာ လဝန်းထက်မှာ ကာမကိစ္စနှင့် မူးယစ်ဆေးစုံရပြီး ယင်း KTV တွင် သီချင်းဆိုသည့်ကိစ္စဖြင့် စကားများကာ လက်နက်ကိုင်အဖွဲ့တဖွဲ့က အသက်၂၅နှစ်အရွယ် မှုံကြီးဆိုသူ EPC ဝန်ထမ်းတစ်ဦးကို ပစ်သတ်ခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့ပြီး ယခုထိအမှုမပြီးပြတ်သေးကြောင်း သိရသည်။

“ည ၁၂ နာရီလောက်မှာ လဝန်းထက် KTV မှာ ပစ်သတ်ခံရတာ။ ဘေးကကောင်လေးကို အမှုဖြစ်ပွားတဲ့ချိန် မျက်မြင်သက်သေဆိုပြီးပဲ မေးမြန်းပြီး နောက်နေ့ပြန်လွှတ်တယ်။ လုပ်တဲ့လူတွေကို ဘာမှ မလုပ်ဘူး၊ တရားလည်း မစွဲဘူး၊ ဖမ်းလည်း မဖမ်းဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မှုန်ကြီး၏အလောင်းကို ကြာအင်းစာသင်ကျောင်းအနီး လာရောက်ပစ်ထားခံသည်ကို တွေ့ရှိခဲ့ကြရပြီး ယခုချိန်ထိ အမှုအခြေအနေ မည်သို့ရှိသည်မသိရဟု ဆိုသည်။

၎င်းအပြင် “ရှယ်သန်းကွမ်းယာဆိုင်” မှ အမျိုးသမီး ရွှေထည်များ လုယက်ခံရမှုလည်း ယခုထိ လက်သည်မပေါ်သေးကြောင်း ဒေသခံများထံမှာ သိရသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်က ဇော်ဂျီကွေ့နေအိမ်မှ ၈ နှစ်အရွယ် ကလေးမလေးပျောက်ဆုံးမှုမှာလည်း ယခုအထိ လူလည်းပြန်မတွေ့သလို တရားခံလည်း မပေါ် ဖြစ်နေကြောင်း သိရသည်။

ရပ်စောက်တွင် စစ်ကောင်စီတပ် ခမရ-၅၀၈ ရှိနေပြီး ၎င်းနှင့်ကပ်လျက် ဘန်ဟွေးရွာ၌ SSPP တပ်စွဲထားရှိကာ ရဲစခန်းများလည်းရှိသော်လည်း ယခုလို ရာဇဝတ်မှုများ ဖြစ်နေသည့်အတွက် ဒေသခံပြည်သူများ ဘဝလုံခြုံမှုရှိမနေသဖြင့် ဥပဒေစိုးမိုးမှုရှိစေရန် ဒေသခံပြည်သူများမှ လိုလားလျက်ရှိကြောင်း သိရသည်။

မဟာ
#MeKongNews
#ရပ်စောက်
#ရာဇဝတ်မှု
#ခမရ၅၀၈
#SSPP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now