စက်တင်ဘာလ ၉ ရက် နံနက် ၇ နာရီ မိုးလေဝသခန့်မှန်းချက်
– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
တိုင်ဖွန်းမုန်တိုင်း TAPAH အကြွင်းအကျန်များဝင်ရောက်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာခြင်းတို့ကြောင့် –
– ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စက်တင်ဘာ ၉ ရက် နံနက်မှ ၁၁ ရက် နံနက် အထိ မိုးအသင့်အတင့်ရွာပြီး နေရာကွက်၍ မိုးများနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်းနှင့်တောင်ပိုင်း ဒေသအချို့(မိုင်းယန်း၊ မိုင်းခတ်ဒေသ၊ ဟိုပုံး၊ လဲချား၊ လွိုင်လင်၊ နန့်စန်) နှင့် ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့များ၏ အရှေ့ဘက် – ခပေါင်းတမံနှင့် ဆွာတမံ တို့အပေါ်တွင် မိုးအသင့်အတင့်မှ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၃ လက်မအထက်) ရွာသွန်းနိုင်ပါမည်။
ကျန် ပြည်နယ်တိုင်းဒေသများမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါသည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ဦးဝင်းနိုင်
#ရှမ်းအရှေ့
#ရှမ်းတောင်








