မဲခေါင်၊ ဇူလိုင် ၁၉
တရုတ်ရဲတပ်ဖွဲ့က အနည်းဆုံး ဆယ်ကျော်သက် ၅ ဦးသည် ယူနန်မှတစ်ဆင့် မြန်မာဘက်ရှိ ကျားဖြန့် လုပ်ငန်းများဆီသို့ ရောက်ရှိပျောက်ဆုံးနေသောကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်မည်ဟု ထုတ်ပြန် ကြေညာသည်။
ပျောက်ဆုံးဆယ်ကျော်သက်များသည် မြန်မာနိုင်ငံသို့ ခရီးသွားသည့်အနေအထားမှ မိသားစုနှင့် အဆက် အသွယ်ပြတ်ကုန်ကြခြင်းဖြစ်ကြောင်း၊ ၁၈ နှစ်အရွယ် ဟီဖိုင်ပြည်နယ် အန်ဟိုင်းမြို့မှ အထက်တန်း ကျောင်းသား တစ်ဦးသည် ကျောင်းပိတ်ရက် အလုပ်အကိုင်ရရှိရန် မိဘများကို အသိမပေးဘဲ ယူနန် ပြည်နယ် မြို့တစ်မြို့သို့ ထွက်သွားကာ နောက်ပိုင်း မြန်မာနိုင်ငံထဲ ဝင်သွားရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
မိဘများအဆိုအရ ဧပြီလကတည်းက ဟီဖိုင်သို့ ထွက်သွားပြီး အလုပ်လုပ်နေ သည်ဟု အစောပိုင်း ဆက်သွယ်ပြောဆိုသော်လည်း ဇွန်လနှောင်းပိုင်းမှ စတင်ကာ အဆက်အသွယ်မရ တော့ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း အသက် ၁၈ နှစ် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်များစွာသည် နွေရာသီ ကျောင်းပိတ်ရက်၌ မိဘများမသိဘဲ ယူနန်သို့ ခရီးသွားခဲ့ကြကြောင်း၊ မြန်မာနယ်စပ်နားအရောက် အဆက်အသွယ်ပြတ်တောက်သွားကြပြီး ယနေ့ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက် အနည်းဆုံး ၅ ယောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနှင့်လာအိုနယ်စပ် Xishuangbanna Dai ဆိုသော ယူနန်ပြည်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနီးတွင် အဆက်အသွယ်ပြတ်တောင်ကုန်သဖြင့် ကျားဖြန့်လုပ်ငန်းများ သို့ ရောက်ရှိနေမည်ဟု သုံးသပ်ထားကြသည်။
ထိုပြဿနာကြောင့် ဟူဘေးပြည်နယ် ဟောင်ဇော်ရဲတပ်ဖွဲ့သည် ယူနန်သို့အမြန်ဆုံးလိုက်ပြီး အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ရှာဖွေကယ်တင်နိုင်ရေး အပူတပြင်းလုပ်ဆောင်နေသည်ဟု Elephant News မှဖော်ပြခဲ့သည်။
ဇူလိုင် ၄ ရက်တွင် ပန်ဆိုသည့် ယန်ဇီခရိုင်နေ ဆယ်ကျော်သက်လူငယ်သည် မြန်မာဘက်ခြမ်းကူးသွားပြီး ပျောက်ဆုံးသွားကာ နောက်ဆုံးအဆက်အသွယ်ရစဉ်တွင် ချစ်သူမိန်းက လေးထံ မြန်မာဘက်ရောက်ရှိနေသည်ဟု မက်ဆေ့ချ်ပို့ခဲ့ကြောင်းသာ သိရှိခဲ့ရသည်။
ပန်၏ မိခင်က မိမိ အား မြန်မာစစ်တပ်ထံ ဆက်သွယ်ပြီး သားဖြစ်သူကို ဘတ် ၉၀၀၀၀၀ (ယွမ် ၂၀၀၀၀၀) ပေးကာ ပြန် ခေါ်ထုတ်ကယ်တင်နိုင်ရန် ကြိုးစားကြည့်စေလိုသော်လည်း ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများဖြစ် သောကြောင့် မတတ်နိုင်ဟု မီဒီယာများထံ ထုတ်ဖော်ပြောဆိုခဲ့သည်။
ဟွမ်းဇူးပြည်နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ နယ်စပ်ဒေသ အာဏာပိုင်များက မိဘများ ကျောင်းပိတ် ချိန်၌ သားသမီးများကို လစာမြင့်မားစွာပေးမည်ဟု လိမ်ခေါ်သည့် အလုပ်များအား လောဘတက်ကာ ကျားဖြန့်လုပ်ငန်းများအတွင်း အဓမ္မခိုင်းစေနှိပ်စက်ခံရနိုင်သည်ကို သေချာသွန်သင်ဆုံးမထားရန် တိုက် တွန်းချက်များလည်း ထုတ်ပြန်နေသည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#တရုတ်နိုင်ငံသား
#ကျားဖြန့်
#မြန်မာနိုင်ငံ
#ပျောက်ဆုံး








