မဲခေါင်၊ ဇွန် ၅
၁၈ လကြာ အချိန်ယူပြင်ဆင်ပြီး ရုရှားနိုင်ငံအတွင်းပိုင်း လေတပ်အခြေစိုက် စခန်းကြီး ၄ ခုအနီးအထိ ကွန်တိန်နာတွင်း အံဝှက်များဖြင့် ထည့်သွင်းသယ်ဆောင်ထားသော ဒရုန်း ၁၁၇ စင်းမှ အနီးကပ် တိုက်ခိုက်ခြင်းကြောင့် ရုရှားမဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များအပါ လေယာဉ်ပေါင်း ၄၁ စီး ပျက်စီခဲ့မှုအတွက် ပူတင်သည် ယူကရိန်းအား လက်စားချေးတုံ့ပြန်မည်ဟု ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက် ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
ရုရှား၏ တန်ဖိုးကြီး Tu-95MS နှင့် Tu-22M ဗုံးကြဲလေယာဉ်များ၊ A-50 စပိုင်လေယာဉ်များအပါ လေယာဉ်ပေါင်း ၄၁ စီးကို လေ့ကျင့်ပေးထားသည့် ယူကရိန်းဒရုန်းများက အနီးကပ် ဒိုင်ဗင်ထိုး ဖောက်ခွဲတိုက်ခိုက်မှု ရုပ်သံများကို ယူကရိန်းဘက်က ကမ္ဘာအား ထုတ်ပြခဲ့ပြီးနောက် ရုရှား ပျက်ဆီး ဆုံးရှုံးမှုပမာဏသည် ဒေါ်လာ ၇ ဘီလီယံ ဖိုးရှိသည်ဟုပါ ယူကရိန်းစစ်ထောက်လှမ်းရေး SBU က ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဒေါ်နယ်ထရမ့်တို့သည် ထိုအခင်းဖြစ်ပွားပြီးနောက် ရုရှား-ယူကရိန်း စစ်ပြေငြိမ်းရေးအတွက် ဖုန်းဖြင့် ၇၅ မိနစ်ကြား ဆက်သွယ်ပြောဆိုခဲ့ရာ ပူတင်ဘက် က ယူကရိန်းတိုက်ခိုက်ခဲ့မှုအတွက် အလွန်ဒေါသထွက်ပြီး လက်စားချေတုံ့ပြန်မည်ဟု ပြောဆိုခဲ့ ကြောင်း ထရမ့်ကိုယ်တိုင်က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ထရမ့်က “ကောင်းမွန်တဲ့ ပြောဆိုဆွေးနွေးမှုတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်း ငြိမ်းချမ်းရေးဖြစ်တည်လာမယ့်ဆီကို ဦးတည်တာမျိုးတော့ မဟုတ်တော့ဘူး” ဟု ပြောသွားကာ ပူတင်သည် ယူကရိန်းကို တုံ့ပြန်မည်ဟုပြောဆိုခဲ့ကြောင်းပါ ထည့်သွင်းပြောဆိုသွားခဲ့သည်။
ထိုထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ယူကရိန်းသမ္မတ ဇီလန်းစကီးက ပူတင်သည် ယူကရိန်းမြေ ပေါ် လေကြောင်းမှ ဗုံးကြဲမှုပေါင်း ၂၇၇၀၀ နီးပါး၊ Shahed ဒရုန်းဖြင့်တိုက်ခိုက်မှုပေါင်း ၁၁၂၀၀ နီးပါး၊ မောင်းသူမဲ့လေယာဉ် UAVs အမျိုးအစားများဖြင့် တိုက်ခိုက်မှုပေါင်း ၉၀၀၀ ဝန်းကျင်၊ ဒုံးကျည် အလုံး ၇၀၀ ကျော်၊ တိုက်ချင်းပစ် ဒုံးကျည် အနည်းဆုံး တစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ပြီးကြောင်း၊ ထိုမျှ တိုက်ခိုက်ပြီးသည်ကိုပင် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ ထပ်လုပ်ဦးမည်ဟု ခြိမ်းခြောက်နေတုန်း ဖြစ်သောကြောင့် ငြိမ်းချမ်းရေး လိုလားစရာမရှိဘဲ ကမ္ဘာ့ မည်သည့်နေရာတိုင်းမဆို လက်ညှိုးညွှန်ရာ တိုက်ခိုက်ရန် အသင့်ရှိနေသူဟု ဝေဖန်ကာ ကမ္ဘာ့ခေါင်းဆောင်များ တားဆီးနိုင်ရန် ပိုမို ဖိအားပေးသင့်သည်ဟု သတိပေးတိုက်တွန်းသွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#MeKongNews
#ရုရှား
#ယူကရိန်း
#ပူတင်
#ဒရုန်းတိုက်ခိုက်မှု
#လက်စားချေ








