နေ့စဥ်သတင်း

လားရှိုးပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီ ပြန်ဖွင့်၊ အခြားဌာနဆိုင်ရာလုပ်ငန်းများ မလည်ပတ်နိုင်သေး

မဲခေါင် 2 May - 2025
မဲခေါင်၊ မေ၂ လားရှိုးမြို့က အ ထွေ ထွေရောဂါကုဆေးရုံကြီး(ခုတင်၅၀၀)ကို ယနေ့ မေလ၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မေလ ၂ရက် ၊ နံနက် ၉နာရီက ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖွင့်လှစ်နိုင်ရန် ယမန်နေ့ မေလ ၁ရက် ညနေပိုင်းက စစ်ကောင်စီ၏ ဆေးတပ်ဖွဲ့ကားများမှ အထောက်အကူဆေးဝါးနှင့် စက်ပစ္စည်းများတင်ဆောင်လာကာ နေရာချထားကြောင်း လားရှိုးမြို့၊ ရပ်ကွက် ၅ နေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ဆေးရုံတွင် မြို့တွင်းရှိလူနာများအား အမြန်ဆုံးလက်ခံနိုင်ရန်ပြင်ဆင်သွားမည်ဟု စစ်ဘက်အရာရှိများကပြောကြောင်း ဆေးရုံဖွင့်ပွဲ သွားရောက်ခဲ့သူတစ်ဦးက မဲခေါင်ကိုပြောသည်။ လာရှိုးဆေးရုံကြီးဖွင့်လှစ်ခြင်းမှာ စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်လာပြီးနောက်

မဲခေါင်၊ မေ၂

လားရှိုးမြို့က အ ထွေ ထွေရောဂါကုဆေးရုံကြီး(ခုတင်၅၀၀)ကို ယနေ့ မေလ၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မေလ ၂ရက် ၊ နံနက် ၉နာရီက ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖွင့်လှစ်နိုင်ရန် ယမန်နေ့ မေလ ၁ရက် ညနေပိုင်းက စစ်ကောင်စီ၏ ဆေးတပ်ဖွဲ့ကားများမှ အထောက်အကူဆေးဝါးနှင့် စက်ပစ္စည်းများတင်ဆောင်လာကာ နေရာချထားကြောင်း လားရှိုးမြို့၊ ရပ်ကွက် ၅ နေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဆေးရုံတွင် မြို့တွင်းရှိလူနာများအား အမြန်ဆုံးလက်ခံနိုင်ရန်ပြင်ဆင်သွားမည်ဟု စစ်ဘက်အရာရှိများကပြောကြောင်း ဆေးရုံဖွင့်ပွဲ သွားရောက်ခဲ့သူတစ်ဦးက မဲခေါင်ကိုပြောသည်။

လာရှိုးဆေးရုံကြီးဖွင့်လှစ်ခြင်းမှာ စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်လာပြီးနောက် ပထမဆုံး ဌာနဆိုင်ရာ လုပ်ငန်းတစ်ခု ပြန်လည် လည်ပတ်နိုင်ခြင်းဖြစ်ပြီး အခြားဌာနဆိုင်ရာလုပ်ငန်းများကို မလည်ပတ်နိုင်သေးကြောင်း၊  စည်ပင်လုပ်ငန်း မလည်ပတ်နိုင်သေးသည့်အတွက် အမှိုက်များ မသိမ်းနိုင်သေးဘဲ လမ်းဘေးတွင် စုပုံနေသလို ရုပ်အလောင်းများနှင့် စစ်လက်နက်အကြွင်းအကျန်များလည်း ရှင်းလင်းရန် လိုအပ်နေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အုပ်ချုပ်ရေးပိုင်းတွင်လည်း စစ်တပ်ဘက်က လုံခြုံရေး မပေးနိုင်သေးသလို လုယက်မှု၊ ဓားပြတိုက်မှုများ ပြန်လည်များပြားလာကြောင်း၊ မေလ ၁ရက်က ပညာရေးဝန်ထမ်းများ ပြန်လည်ဝင်ရောက်လာပြီး သန့်ရှင်းရေးနှင့် ကျောင်းများအချိန်မီ ဖွင့်နိုင်ရေး လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း မြို့ခံများကပြောသည်။

“အခုက ရပ်ကွက်တွေ အုပ်ချုပ်ရေးဖွဲ့ဖို့ လုပ်နေပေမယ့် ရှောင်သူ၊ ပြေးသူ၊ ပြန်လာသူတွေနှင့် မငြိမ်သေးဘူး။ စစ်တပ်ကလည်း သူ့လုံခြုံရေးပဲလုပ်နိုင်သေးတယ်။ တပ်မိသားစု အချို့လည်း ပြန်လာနေတာတွေ့ရတယ်။ လေယာဥ်ကွင်းလည်းပြင်ဖို့လုပ်နေတာရှိတယ်။ အထိုင်ကျဖို့တော့လိုဦးမယ်” ဟု လားရှိုးမြို့၊ ရပ်ကွက် ၂ ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးဆေးရုံဖွင့်လှစ်ခြင်းသည် စစ်ကောင်စီတပ်များ လားရှိူးမြို့သို့ပြန်လည်ဝင်ရောက်လာပြီးသည့်နောက် ပထမဆုံးဖွင့်လှစ်သည့် ဌာနဆိုင်ရာအဆောက်အဦဖြစ်ပြီး တခြားသောရုံးများလည်ပတ်နိုင်ခြင်းမရှိသေးသည့်အပြင် ရှင်းလင်းရေးလုပ်ငန်းများပင်မပြီးသေးကြောင်းဒေသခံများကဆိုသည်။

လားရှိုးမြို့သည် ယခင်ထက် အနည်းငယ်ခြောက်ကပ်သွားသည်မှအပ ထူးခြားသောပြောင်းလဲမှု တစုံတရာမရှိသေးကြောင်း၊ မြို့နေလူထုအနေဖြင့် ပုံမှန်လည်ပတ်နေပြီး ယခင်ထက်ပိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ဖြင့် လားရှိုးမြို့ကြီး အေးချမ်းရန်မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ဝန်းကျင်နှင့် အခြေစိုက်တပ်ရင်းဌာနချုပ်ဟောင်းများတွင်ပ ြန်လည်အခြေချ နေထိုင်ကြပြီး သာသနာ့ ၂၅၀၀ တွင်လည်း လုံခြုံရေးယူထားကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လားရှိုးမြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်သော်လည်း ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားခြင်း မရှိသေးသည့်အပြင် ပြည်သူလူထုလုံခြုံရေးကိုလည်း ကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း လားရှိူးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀၂၄ သြဂုတ်လ ၃ ရက်နေ့တွင် MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များမှ အပြီးတိုင်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ကာလ ၈ လကျော်ကြာခဲ့ကာ ယခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်နိိုင်ငံ၏ နိုင်ငံရေးဖိအားဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ ယင်းနောက် စစ်ကောင်စီမှ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ မြို့တွင်းသို့ စစ်ကား အစင်းရေ ၂၀၀ နီးပါးဖြင့် ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ကြသည်။

မဟာ၊ ဂနိုက်
#MeKongNews
#လားရှိုး
#၁၀၂၇စစ်ဆင်ရေး
#လားရှိုးဆေးရုံကြီး
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now