ထိုင်းတွင် ငလျှင်ကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ၈၃ ယောက် ပျောက်ဆုံးနေ
မဲခေါင်၊ မတ် ၃၀
မတ် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ဘန်ကောက်ရှိ အီရာဝမ် အရေးပေါ်ကုသရေးစင်တာ ကြေညာချက်အရ မတ် ၂၈ ရက် ငလျှင်ဒဏ်ကြောင့် သေဆုံးသူပေါင်း ၁၇ ယောက်ရှိလာပြီး ဘန်ကောက်ရှိ ပြိုကျခဲ့သော ဆောက်လက်စ အထပ် ၃၀ စာရင်းစစ်ရုံးအတွင်း ကယ်ဆယ်ရေးမှ သေဆုံးသူ ၁၀ ဦးပါဝင်ခဲ့သည်ဟု သိရှိရသည်။
လက်ရှိအနေအထားအထိ ဒဏ်ရာရသူပေါင်း ၃၂ ဦးရှိကာ စာရင်းစစ်ရုံးပြိုကျမှုအတွင်း ရှာမတွေ့နိုင် သေးသော ပျောက်ဆုံးသူပေါင်း ၈၃ ယောက်ရှိနေသေးကြောင်း သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews









