မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
၁၁ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားသော ဝီဂါ မွတ်ဆလင် ၄၅ ယောက်ကို ထိုင်းအာဏာပိုင်များက ညည့်သန်းခေါင်းကျော်ချိန် အချုပ်ထဲမှ ခေါ်ထုတ်ကာ တရုတ်လက်ထံ လွှဲပေးခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသားများ ထိုင်းနိုင်ငံတစ်ဝန်း လူစည်ကား ရာအရပ်သို့ မသွားကြရန် ဘန်ကာက်ရှိ အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါသတိပေးချက်တွင် ၂၀၁၅ ခုနှစ်က ဝီဂါမွတ်ဆလင်များကို ထိုင်းအစိုးရက တရုတ်ထံ ပြန်လွှဲပေးပြီးနောက် ဘန်ကောက်ရှိ ဧရာဝဏ်နတ်နန်းတွင် ချိန်ကိုက်ဗုံးထောင်ကာ ဗုံးခွဲတိုက်ခိုက်ခြင်းကြောင့် လူ အယောက် ၂၀ သေဆုံးပြီး ၁၂၅ ယောက် ဒဏ်ရာရခဲ့သလို အကြမ်းဖက်ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားလာနိုင်ချေ မြင့်မားနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ မည်သည့် လူစည်ကားရာနေရာသို့မှ အမေရိကန်နိုင်ငံသားများ သွားရောက်ခြင်း မပြုသင့်ကြောင်း ဘန်ကောက်ရှိ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Ref: U.S. Embassy Bangkok
ကိုကလင်း
#MeKongNews
#ဝီဂါ
#မွတ်ဆလင်
#တရုတ်
#ထိုင်း
#အမေရိကန်








