မဲခေါင်၊ ဖေဖော်ဝါရီ ၁၆
သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲသို့ ခိုးဝင်လာသူ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးကို ထိုင်းနယ်ခြားစောင့်တပ်နှင့်ရဲတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၆) တွင် ဖမ်းမိခဲ့သည်။
ကျားဖြန့်နှိမ်နင်းရေး စီမံကိန်းကာလဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့်ကပ်လျှက်ရှိသည့် ထိုင်းတာ့ခ်ခရိုင်တွင် မဲဆောက်၊ သာဆောင်ယန်၊ ဖုပ်ဖရ၊ အမ်းဖန်နှင့် မဲ့ရမတ်ခရိုင်ခွဲများတွင် လုံခြုံရေး ၂၄ နာရီချထားပြီး ကင်းလှည့်နေရာမှာ အထောက်အထားမဲ့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများစွာ နေ့စဥ်နီးပါး ဖမ်းဆီးခံနေရခြင်းဖြစ်သည်။
ယခု ၅ ယောက်သည် မယ်ပဘက်သို့ကူးကာ ဘန်ကောက်တွင် အလုပ်လုပ်ရန် ရည်ရွယ်ဝင်ရောက်လာသူများဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင်လည်း အမျိုးသမီး ၁၀ ယောက်အပါ မြန်မာ ၂၃ ယောက်ကို သာဆိုင်လော့ရပ်ကွက်တွင် ဖမ်းဆီးခံခဲ့ရသေးသည်။
Ref:AEC
ကိုကလင်း
#MeKongNews
#မဲဆောက်
#မြဝတီ
#မြန်မာ
#အထောက်အထားမဲ့
#ထိုင်း
#လုံခြုံရေး
#ဖမ်းမိ








