စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံတကာ ဖမ်း၀ရမ်းထုတ်ပြီဖြစ်ကြောင်း Burmese Rohingya Organisation UK (BROUK) က ထုတ်ပြန်သွားခဲ့သည်။
ဘရူနိုအေးရိစ်မြို့ရှိ တရားရုံးတစ်ရုံးက မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို စနစ်တကျကြိုတင်ကြံစည်မှုဖြင့် လူ့အခွင့်အရေးချိုးဖောက်ကာ လူမျိုးတုန်းသတ်ဖြတ်ခဲ့မှု ကျူးလွန်ခဲ့ကြောင်း BROUK က ၂၀၁၉ တွင် ဖမ်း၀ရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံး၌ စွဲချက်တင်ခဲ့ခြင်းဖြစ်ကာ လွတ်မြောက်လာသော ရိုဟင်ဂျာအမျိုးသမီး ၆ ယောက်၏ ထွက်ဆိုမှု သက်သေခံများဖြင့် မင်းအောင်လှိုင်အပါ စစ်ကောင်စီ အကြီးအကဲ ၂၃ ယောက်ကို ဖမ်း၀ရမ်းထုတ်ရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှ ရှေ့နေ ကာရင်မ်ခန်းသည် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် စွဲချက်တင်ခဲ့သေးပြီး ICC ဘက်မှ ခုထိ ဖမ်း၀ရမ်းမထုတ်သေးသော်လည်း ယခု အာဂျင်တီးနားတရားရုံးက နိုင်ငံတကာ ဖမ်း၀ရမ်းထုတ်ပြန်လိုက်ခြင်းက ရိုဟင်ဂျာများ မတရား မုဒိမ်းကျင့်၊ လူမျိုးတုန်းသတ်ဖြတ်ခံရမှုအတွက် နိုင်ငံတကာတရားမျှတမှု အောင်ပွဲဖြစ်ကြောင်း BROUK ဥက္ကဌ ထွန်းခင်က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
Ref: rohingyatoday
ကိုကလင်း
#MeKongNews








