အားသွင်းဖုန်း အပူလွန်ကဲရာမှ ကျိုင်းတုံမြို့မှာ အိမ်မီးလောင်မှုဖြစ်ကာ အိမ်ရှင်သေဆုံး
မဲခေါင်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ပေါ်မှာ အားသွင်းထားတဲ့ဖုန်း အပူလွန်ကဲရာက နေအိမ် မီးလောင်ကာ အိမ်ရှင် အမျိုးသားသေဆုံးသွားတယ်လို့ တိုင်းနာရေးကူညီမှုအသင်းနဲ့ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
ဇန်ဝါရီ ၂၁ ရက်၊ မနက် ၁ နာရီခွဲခန့်မှာ ကျိုင်းတုံမြို့၊ အမှတ် ၅ ရက်ကွက်မှာ ဖုန်းအပူလွန်ကဲရာက ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့တာပါ။ ၃ နာရီကျော်မှ မီးသတ်ကားတွေရောက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနက် ၄ နာရီဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်တာဖြစ်ပြီး အချိန်အားဖြင့် ၃ နာရီကျော်ခန့်ထိ မီးလောင်ကျွမ်းခဲ့ရာ အိမ်တစ်ခုလုံး မီးလောင်ပြာကျကာ အိမ်ရှင်ဖြစ်သူ ဦးအောင်နိုင်လည်း မီးလောင် သေဆုံးခဲ့ပါတယ်။
မိသားစုတွေအကူညီတောင်းခံမှုအရ သေဆုံးသူရဲ့ ရုပ်အလောင်းကို တိုင်းနာရေးကူညီမှုအသင်းက ကျိုင်းတုံဆေးရုံ မော်ကြူရီခန်းသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
MK-012
#MeKongNews









