ကျိုင်းတုံနဲ့ တာချီလိတ်အပါအဝင် နိုင်ငံတဝှမ်းက ကြိုးဖုန်းတွေ ပိတ်သိမ်းကာ နံပတ်အသစ်အစားထိုးမယ်
မဲခေါင်၊ ဇန်နဝါရီ ၆
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ်ကို ပိတ်သိမ်းကာ အခုလ ၉ ရက်က စတင်ပြီး ကြိုးဖုန်းနံပတ်တွေ ပြောင်းလဲ အစားထိုးမယ့်အထဲမှာ ရှမ်းပြည်အရှေ့ပိုင်းက ကျိုင်းတုံမြို့နဲ့ တာချီလိတ်မြို့တွေလည်း ပါဝင်ပါတယ်။
ကြေးနန်းကြိုးတွေအစား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ပြောင်းလဲ အသုံးပြုမှာဖြစ်သလို တယ်လီဖုန်းနံပါတ် အသစ်တွေလည်း ပြောင်းလဲမှာဖြစ်ပါတယ်။
ကျိုင်းတုံအိတ်ချိန်းက ၀၈၄ နဲ့စတဲ့ ၂၁၊ ၂၂၊၂၃၊၂၄ ဂဏန်း၅လုံးပါ ဖုန်းနံပါတ်တွေကို ၀၈၄ ပါ၂၀၂အစနဲ့ ဂဏန်း ၇ လုံးပါ နံပါတ်တွေ ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။
တာချီလိတ်အိတ်ချိန်းက ၀၈၄ အစပါ ၅၁၊၅၂၊၅၃ ဂဏန်း ၅ လုံးပါဖုန်းနံပါတ်တွေကို ၀၈၄ ပါ၂၀၅ အစနဲ့ ဂဏန်း ၇ လုံးပါ နံပါတ်တွေ ပြောင်းလဲပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။
“ တာချီလိတ်က ကြိုးဖုန်းကို လုံးဝမသုံးသလောက်ပဲ၊ ဗမာဖုန်းတောင် သိပ်မသုံးကြဘူး၊ ထိုင်းဖုန်းတွေပဲ အဓိက သုံးတာ၊ ဗမာကြိုးဖုန်းတွေက ကြာလည်းကြာပြီ၊ တိုင်တွေမှာလဲရှုတ်ရှက်ခတ်နေတာ ဖြုတ်သိမ်းရင်အမြင်မရှုတ်တော့ဘူး” လို့ တာချီလိတ် ၊ မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းက အေးသာယာအိပ်ချိန်းဖုန်းတွေကိုတော့ ၀၈၁-၂၀၈ ဂဏန်း၆လုံးကနေ ၀၈၁- ၂၂၀၈ ဂဏန်း၇လုံးပါ နံပါတ်တွေနဲ့ အသစ်ပြောင်းလဲသွားမှာဖြစ်ပြီး ၀၈၁-၂၁၂၇ဂဏန်း ၇လုံးပါဖုန်းတွေကိုတော့ နံပါတ်တွေမပြောင်းလဲပဲ CCN ကနေ FTTHစနစ်သာ ပြောင်းလဲသုံးစွဲရမယ်လို့ သိရပါတယ်။
လွိုင်လင်အိတ်ချိန်းကတော့ ၀၈၁-၃၁၀ ဂဏန်း၆လုံးကနေ ၀၈-၂၃၁၀ ဂဏန်း၇လုံးပါ ဖုန်းနံပါတ်တွေ ပြောင်းလဲသွားမှာဖြစ်ပါတယ်။
မန္တလေးက ကျပ်ပြင်၊ မိုးကုတ်၊ မတ္တရာ၊ ပျော်ဘွယ်၊ ရမည်းသင်းအိတ်ချိန်း၊ ဧရာဝတီက ဘိုကလေး၊ မအူပင်၊မြောင်းမြ၊ ငွေဆောင်၊ ညောင်တုန်း၊ ဖျာပုံအိတ်ချိန်းတို့ ဖြစ်ကြပါတယ်။
အခြား ပြောင်းလဲတဲ့ အိတ်ချိန်းတွေကတော့နေပြည်တော် က ပျဉ်းနားအိတ်ချိန်း၊ ရန်ကုန်က ကွမ်းခြံကုန်းနဲ့တွံတေးအိန်ချိန်း၊ ပဲခူးတိုင်းက ကြို့ပင်ကောက်အိတ်ချိန်း၊ မကွေးတိုင်းက ဂန့်ဂေါအိတ်ချိန်း၊ တနင်္သာရီက သရက်ချောင်းအိတ်ချိန်း၊ မွန်ပြည်နယ်က သထုံအိတ်ချိန်းတို့ ဖြစ်ကြောင်း သိရပါတယ်။
MK-012
#MeKongNews








