ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတားမှာ ယာဉ်ကြောပိတ်ဆို့တဲ့အထိ အဖြူရောင်ကတ် ပြုလုပ်သူ များပြား
မဲခေါင်၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ကနေ ထိုင်းနိုင်ငံတွင်း သွားရောက်တဲ့ ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတားမှာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေတာကြောင့် ကတ်ထုတ်ပေးသူတွေ မနိုင်မနင်းဖြစ်ပေါ်နေပါတယ်။
မနေ့(ဒီဇင်ဘာ ၂၆)က စတင်ပြုလုပ်ပေးရာမှာ ပြုလုပ်သူများပြားလွန်းတာကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေဖြစ်ပေါ်နေပြီး ကတ်အသစ်မရသေးသူတွေ ကတ်အဟောင်းနဲ့ လောလောဆယ်ဝင်ထွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
အခုအသစ်ပြုလုပ်ပေးနေတဲ့ အဖြူရောင်ကတ်မှာ ကိုယ်ရေးအချက်အလက်ဖြည့်တာ၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးတာကို တခါတည်းအပြီးပြုလုပ်နေတာကြောင့် အချိန်ကြန့်ကြာတာဖြစ်ပြီး ကတ်အတွက်ဘတ် ၂၀ ပေးသွင်းရသလို ကားနဲ့ ဆိုင်ကယ်တွေအတွက်ကိုလည်း ကူးသန်းလျက်ရှိတဲ့ ဆိုင်ကယ်စာရွက် မူရင်း၊ ကမ်းကူးစာအုပ်နဲ့ ကတ်ထုတ်ပေးတာကို တခါတည်းပြုလုပ်ပေးနေပြီး အဲဒီအတွက်ကိုလည်း ဘတ် ၂၀ ပေးသွင်းရတယ်လို့ သိရပါတယ်။
“ ကတ်အသစ်ကတော့ အရင်လို ၇ ရက်မဟုတ်တော့ဘူး၊ ၁၄ ရက်ရသွားပြီ” လို့ ကတ်လဲလှယ်ခဲ့သူ တစ်ဦးက ပြောပါတယ်။
တာချီလိတ် CNCMC အဖွဲ့ဝင်တစ်ဦးကတော့ ကတ်အဖြူတွေကို နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးနေတာကြောင့် မိမိတို့အဆင်ပြေတဲ့အချိန်၊ လူရှင်းတဲ့အချိန်တွေမှာ လာရောက်ပြုလုပ်နိုင်ကြပါတယ်လို့ တာချီလိတ် CNCMC အဖွဲ့ဝင်တစ်ဦးက အကြံပြုနေပါတယ်။
လောလောဆယ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်သာရှိပြီး ( TBP / BP ) ကတ်အဖြူရောင် မပြုလုပ်ရသေးပါကလည်း အများပြည်သူတွေ အဆင်ပြေချောမွေ့စေရေးအတွက် ကတ်မရှိလည်း ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း အသိပေးမျှဝေထားပါတယ်။
MK-012
#MekongNews









