မဲခေါင်၊ ဒီဇင်ဘာ၃
ရှမ်းမြောက်က စစ်ကောင်စီထိန်းချုပ်ထားတဲ့မူဆယ်မြို့မှာ နိုဝင်ဘာလအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၁၀ လောင်းနဲ့ အောက်တိုဘာလတွေ့တုန်းကလည်း ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပိုင်ရှင်မဲ့ရုပ်အလောင်းတွေကို မူဆယ်မြို့ပေါ်ရပ်ကွက်များအတွင်း တွေ့ရှိခဲ့ရသလို တစ်လောင်းမှာ တရုတ်-မြန်မာ နယ်စပ်ရွှေလီမြစ်ထဲတွင် တွေ့ရှိခဲ့တယ်လို့ TNLA က မနေ့ (ဒီဇင်ဘာ၂)က ထုတ်ပြန်ပါတယ်။
ရုပ်အလောင်းအများစုဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်ကြပြီး တချို့မှာသတ်ဖြတ်ထားခံရတဲ့ ရုပ်အလောင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မူဆယ်မြို့ဟာ စစ်ကောင်စီထိန်းချုပ်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး လောင်းကစား၊ မူးယစ်သုံးစွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ လုယက်မှုတွေ ယခင်ထက် ပိုမိုများပြားလာနေလို့ ဒေသခံလူထုတွေ စိုးရိမ်စွာနေထိုင်နေကြရတယ်လို့ သိရပါတယ်။
MK-012
#MekongNews
#မူဆယ်
#ပိုင်ရှင်မဲ့
#ရုပ်အလောင်း
#စစ်ကောင်စီထိန်းချုပ်
#ရာဇဝတ်မှု








