မဲခေါင်၊ နိုဝင်ဘာ ၃၀
ရှမ်းအရှေ့၊ တာချီလိတ်၊ မိုင်းဖုန်းနယ်မြေ စံကျောင်းတော်ကနေ မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ အဂ္ဂမဟာ ကမ္မဌာနာစရိယဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားသို့ ကြွရောက်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ကြွရောက်လာတဲ့ ဆရာတော်ဟာ မိုင်းလားမှာ ဒေသစာရီလှည့်လည်ပြီး တရားဘာဝနာတွေ ပွားများပေးနေတယ်လို့ မိုင်းလားအထူးဒေသ (၄) ပြန်ကြားရေးက ဒီနေ့ (နိုဝင်ဘာ ၃၀) မှာ အသိပေး ထုတ်ပြန်ပါတယ်။
ကျိုင်းတုံကတဆင့် မိုင်းလားကို ကြွရောက်ခဲ့ပြီး ကွယ်လွန်သူ ဥက္ကဌ ဦးစိုင်းလင်း မြေချရာ ဗိမ္မာန်မှာလည်း တရားဓမ္မများ ဟောကြားပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက် မိုင်းဖုန်းဆရာတော်ဟာ ဒွေနဂရရွှေစေတီတော်မှာ တရားဓမ္မတွေ ဟောကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ပန်းခရိုင် မိုင်းခမ်းနယ်မှာ ပြန်လည်တည်ဆောက်ထားတဲ့ “လောကချမ်းသာ ရွှေဆံ တော်စေတီ” ထီးတော်တင်လှူခြင်း အခမ်းအနားကို ကြွရောက်ပြီး တရားဘာဝနာများ ပွားများပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MK-012
#MeKongNews
#မိုင်းဖုန်း
#မိုင်းလား
#ဆရာတော်
#အရှင်ဉာဏသံဝရ
#ကြွရောက်
#ကျိုင်းတုံ








