မဲခေါင် ၊ နိုဝင်ဘာ ၂၀
ဘူတန်နိုင်ငံမှာ သုံးလ သီတင်းသုံးနေထိုင်နေတဲ့ မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရဟာ ဒီနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ သီတင်းသုံးရာ တာချီလိတ်မြို့နယ်အတွင်းက မိုင်းဖုန်စံကျောင်းကို ပြန်လည်ကြွချီ ရောက်ရှိလာတယ်လို့ သိရပါတယ်။
မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ တာချီလိတ်မြို့ အမှတ်(၂)တံတားကနေတဆင့် ပြန်လည်ကြွရောက်လာတာဖြစ်ပြီး တာချီလိတ်ရွှေတိဂုံဘုရားကို တက်ရောက်ဖူးမျော်ကာ မိုင်းဖုန်းစံကျောင်းကို ပြန်လည်ကြွချီသွားတာလို့သိရပါတယ်။
#MeKongNews
#မိုင်းဖုန်းဆရာတော်
#အရှင်ညဏသံဝရ
#တာချီလိတ်








