မဲခေါင်၊ အောက်တိုဘာ ၁၁
ရှမ်းပြည်တောင်ပိုင်းအခြေစိုက် အမှတ် ၁၀၀၈ တပ်ရင်း SSRY ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Cobra Force က တပ်သားသစ် အယောက် ၅၀ ကို ခေါ်ယူနေတယ်လို့ တပ်ရင်းက အောက်တိုဘာလ ၉ရက်က ထုတ်ပြန်ထားပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၀ ကျော် အရွယ် တိုက်ခိုက်ရေးမှာ စိတ်ပါဝင်စားတဲ့ အမျိုးသားတွေကို အဓိက ခေါ်ယူတာ ဖြစ်ပြီး တပ်သားသစ်ခေါ်ယူမှုကို အောက်တိုဘာလ ၉ ရက်နေ့က တပ်သားသစ် ၅၀ ပြည့်တဲ့အထိ ရက်ကန့်သတ်ထားခြင်းမရှိဘဲ ခေါ်ယူမယ်လို့ တပ်ရင်းတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ညီမတို့ အယောက် ၅၀ ကျော်တဲ့အထိ ခေါ်ယူမှာပါ။ ၁၃ / တွေကို အဓိကထားခေါ်တာပါ။ ရှမ်းတောင်ဝင်ဖို့အတွက် တိုက်ခိုက်ရေးမှာ လိုအပ်တာဖြစ်လို့ တိုက်ခိုက်ရေးသီးသန့်ခေါ်တာပါ။ တော်လှန်ရေးမှာလည်း တကယ်စိတ်ပါဝင်စားတဲ့သူမျိုးပေါ့။ တခြား တိုင်းဒေသ၊ ပြည်နယ်တွေက ဒုတိယဦးစားပေးပေါ့”လို့ တပ်ရင်းက တာဝန်ရှိသူက ပြောပါတယ်။
လျှောက်ထားလိုသူအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး ပင်ပန်းဒဏ်ခံနိုင်သူ၊ တော်လှန်ရေး တကယ်လုပ်ချင်စိတ်ရှိသူ၊ ရှေ့တန်းကို အချိန်မရွေးသွားနိုင်သူ၊ အမိန့်နာခံမှု အားကောင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။
“အိမ်ထောင်မရှိရင် မိသားစုကို တကယ်ခွဲနိုင်မှ သံယောဇဉ်ပြတ်နိုင်မှ လာစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ မိသားစုတွေက အမျိုးမျိုးပြောပြီး စိတ်သောကဖြစ်အောင်လုပ်ရင် ရှေ့တန်းသွားရင် အခက်အခဲ အဆင်မပြေဖြစ်တာမလို့ပါ” အဲဒီတာဝန်ရှိသူက ပြောပါတယ်။
SSRY တပ်ရင်း အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ရှေ့တန်းစစ်မျက်နှာပြင် ၄ နေရာထပ်မနည်းမှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေပြီး ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။
CJ-004














