ဒေသတွင်းသတင်း

မိုင်းဆတ်နဲ့ မိုင်းတုံမှာ ရေကြီးပြီး တစ်လကြာသည်အထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသေး

မဲခေါင် 9 Oct - 2024
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်နဲ့ မိုင်းတုံခရိုင်တွေမှာ ရေကြီးနစ်မြုပ်ပြီး တစ်လခန့်ကြာတဲ့အထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၉

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်နဲ့ မိုင်းတုံခရိုင်တွေမှာ ရေကြီးနစ်မြုပ်ပြီး တစ်လခန့်ကြာတဲ့အထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက် ရေဘေး အတွင်း မိုင်းဆတ်ခရိုင်နဲ့ မိုင်းတုံ ခရိုင်အတွင်းက တံတားတွေကျိုး၊ လမ်းတွေပျက်စီးကာ မြေပြိုမှုတွေဖြစ်ခဲ့သလို ဆက်သွယ်ရေးတိုင်နဲ့ စက်တွေ၊ ကြိုးတွေပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပြီး ပြန်လည်ပြုပြင်တာ ဒီနေ့ အောက်တိုဘာ၉ရက်အထိ မပြီးစီးသေးတာကြေင့် ဒေသခံတွေ အခက်ကြုံနေရတာလို့ သိရပါတယ်။

“ကြားတာတော့ (ပြန်လည်ပြုပြင်ဖို့) ငွေမရှိဘူးလို့ကြားတယ်။ လုပ်တော့လုပ်နေကြပေမယ့် ငွေမလောက်ဘူးလို့ပြောနေကြတယ်။ဆိုက်ခေါင်တံတားဆို ဟိုဖက်ဒီဖက် ချိတ်ဆက်ဖို့ပဲကျန်တာ၊ ခုထိမပြီးလို့။ ပျက်သွားတာတွေ၊ ပြုပြင်အစားထိုးရမှာတွေ မသယ်နိုင်သေးဘူးလို့ ဌာနအချင်းချင်း ပြောနေကြတာပဲ”လို့ ဒေသခံ တစ်ဦးကမဲခေါင်ကို ပြောပါတယ်။

လက်ရှိနမ့်ခုတ်ချောင်းကိုဖြတ်သန်းဖို့အတွက် စက်သီးကြိုး၊ ဖောင်၊ စက်လှေတွေနဲ့သာ အသုံးပြု သွားလာနေရဆဲလို့ သိရပါတယ်။

မိုင်းတုံမြို့အဝင်တံတားကိုလည်း အကြမ်းဖျဥ်းသာပြုပြင်နေဆဲဖြစ်သလို မိုင်းဆတ်- မိုင်းတုံကြား ၉မိုင် ၁၁ မိုင်တံတားတွေကို မပြုပြင်တော့ဘဲ လမ်းသစ်ဖောက်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဆက်သွယ်ရေးအနေနဲ့ မိုင်းဆတ်မှာ MPT ပြန်ရနေပေမယ့် မိုင်းတုံဘက်မှာ အပျက်အစီးများလို့ နောက်၁လခန့်ကြာမှ ရနိုင်မယ်လို့ ဆက်သွယ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လက်ရှိမိုင်းတုံမှာ 3G သာရတဲ့ CDMA 800နဲ့ စစ်တပ်သုံး Gotta ဖုန်းလိုင်း၁၀၀ခန့်သာဖွင့်ပေးထားလို့ အသုံးများပြီးလိုင်းကြပ်ချိန်တွေမှာ ဖုန်းသာ ပြောလို့ရပြီး အင်တာနက်သုံးလို့မရဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ရေကြီးနေစဉ်အတွင်း မိုင်းဆတ်ကိုပေးတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေလဲပြိုပျက်စီးလို့ လျှပ်စစ်မီးမရတာအပြင် ဆက်သွယ်ရေးတာဝါတိုင် ၂၀ခန့်နဲ့ ပါဝါပေးစက်တွေ အများအပြားပျက်စီးကာ ကြိုးတွေပြတ်တောက်ခဲ့လို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေပါ ပျက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ တာချီလိတ်နဲ့ မိုင်းပန်ဘက်က ကုန်တွေမဝင်လို့ ထိုင်းနယ်စပ် ပါချီးတောတွင်း တောင်ပေါ်လမ်းက တပိုင်တနိုင်သယ်ယူရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူအသုံးပြုနေရပြီး ဓာတ်ဆီ တစ်လီတာ ၈ဝဝဝ၊ ဆန်ကြမ်းတစ်ပြည် ၁၀၀၀၀၊ ကြက်ဥတစ်လုံး ၇၀၀ ကျပ်၊ ခရမ်းချဥ်တစ်ပိဿာ ၁၀၀၀၀ကျော်နဲ့ မြေပဲဆံနို့ဆီဗူးတစ်ဗူး ၃၀၀၀ကျပ်တို့ကို ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလရေဘေးအတွင်း မိုင်းတုံမှာ လူတစ်ဦးသေဆုံးခဲ့ပြီး လယ်ယာမြေထောင်ချီ ရေမြုပ်ပျက်စီးခဲ့ရသလို ရောင်းချဖို့နဲ့ စိုက်ပျိုးဖို့ထားတဲ့ ကြက်သွန်ဖြူပိဿာ သိန်းချီပျက်စီးခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now