မဲခေါင်၊ အောက်တိုဘာ ၂
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က သွားလာတဲ့ခရီးတစ်ချို့နဲ့ နေအိမ်မှာ ဧည့်သည်လက်ခံတဲ့ နေအိမ်တွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး စမက်ကတ်မပါတဲ့သူတွေကို ငွေညစ်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုအလားတူ မိုင်းရှူးမြို့ထဲကို စစ်ကောင်စီတပ်သားတွေဟာ ညဘက်တွေမှာ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေ ဝင်ရောက်ပြီး သန်းခေါင်စာရင်းတွေကိုလည်း ကောက်ယူနေတယ်လို့ မိုင်းရှူးမြို့ခံတစ်ဦးက ပြောပါတယ်။
“ညဘက် ရပ်ကွက်တွေထဲမှာ လူစုနေရင် စစ်သားတွေက ဝင်စစ်တာတွေလုပ်တယ်၊ ပြီးရင်သူတို့က မကြည်ရင် လိုက်ရစ်တာ အရက်သောက်လို့ ညနက်ထိလူမစုနဲ့တဲ့၊ ညဘက်ဆိုအိမ်တွေထဲဝင်ပြီး လိုက်ပြီးစစ်တယ်၊ သန်းခေါင်စာရင်းကောက်တယ်၊ အမျိုးတွေလာလည်လည်း စမက်ကတ်တောင်းတယ်၊ တစ်ချို့မရှိတဲ့သူဆို ပိုက်ဆံတောင်းတယ်။ တစ်ချို့ဆိုတစ်သောင်းပဲ တစ်ချို့ဆို ၅သောင်း တောင်းတယ်” လို့ပြောပါတယ်။
ညပိုင်းတွေမှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေကြောင့် ဒေသခံအများစုဟာ စိုးရိမ်ကြောက်ရွံ့နေတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွာခြင်းမရှိတဲ့ မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးတင်းကျပ်မှုပြုလုပ်ပြီး ရှမ်းတောင်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ သန်းခေါင်စာရင်းတွေ ကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။
Photo-crd
MK -011








