မဲခေါင်၊ စက်တင်ဘာ ၁၃
မလေးရှားနယ်စပ် မွတ်ဆလင်အများစုနေထိုင်တဲ့ ခွဲထွက်ရေးကြိုးပမ်းမှုနယ်မြေ တက်ခ်ဘိုင်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ က ဆန္ဒပြမှုကို နှိမ်နင်းရင်း ၈၅ ယောက် သေဆုံးခဲ့ရမှုအတွက် ထိုင်းအထက်တရားရုံးက အမှုလက်ခံခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်မှာပဲ ထိုစဉ်က ဆန္ဒပြမှုကို ဦးဆောင်နှိမ်နင်းခဲ့တဲ့ တပ်မှူးဟောင်းကို ရုံးတော်ကို ဆင့်ခေါ် ခဲ့ပြီး သူ့လက်အောက်က စစ်တပ်အရာရှိဟောင်း ၆ ယောက်ကို နာရာသီဝမ်ခရိုင်တရားရုံးက ဖမ်း၀ရမ်း ထုတ် လိုက်ပြီဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်က သက်ဆင်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားချိန် တက်ခ်ဘိုင်အရပ်မှာ ဆန္ဒပြမှုတွေဖြစ်ပွားတော့ သက်ဆင်ရဲ့လက်ရုံးတပ်မှူး ဖိဆန်ဝပ်တနာဝေါင်ကီရီ ဦးဆောင်တဲ့ စစ်တပ်ဟာ ပစ်ခတ်နှိမ်နင်းမှုကြောင့် ၇ ဦး သေဆုံးပြီး ၇၈ ယောက်ဟာ စစ်ကားတွေပေါ်ကို ပြွတ်သိပ်စွာနဲ့ ဖမ်းဆီးတင်ဆောင်ရာက အသက်ရှူကြပ်ပြီး ထပ်မံသေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒီအမှုဟာ အောက်တိုဘာ ၂၅ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက သက်တမ်းမကုန်မီ ၂ လအလိုမှာ ထိုင်းတရားရုံးထံ စွဲချက်တင်ရာမှာ တရားရုံးက လက်ခံပေးလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ရုံးတော်က ဆင့်ခေါ်မှုကို လာရောက်ခြင်းမရှိတဲ့ အခင်းဖြစ်စဉ်က စစ်အရာရှိ ၆ ယောက်ကို နာရာသီဝပ်ခရိုင်တရားရုံးက ဖမ်း၀ရမ်းထုတ်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့ ရုံးချိန်းမှာ အခင်းဖြစ်စဉ်က ဦး ဆောင်သူ တပ်မှူး ဖိဆန်ကိုတော့ ဖမ်း၀ရမ်းထဲမထည့်ဘဲ မဖြစ်မနေ တက်ရောက်ရမယ်လို့ ဆင့်ခေါ်လိုက်ပြီး ကျန် စစ်အရာရှိ ၆ ယောက်ကို စက်တင်ဘာ ၁၂ ရက်နေ့မှာပဲ ဖမ်း၀ရမ်းထုတ်လိုက်တာဖြစ်ပါတယ်။
လက်ရှိမှာ သက်ဆင်ရဲ့ သမီး ပေထောင်တန်ဟာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာပြီး ဖိဆန်ဟာ ပေထောင်တန်ရဲ့ ဖွေထိုင်းပါတီကိုယ်စားလှယ်အဖြစ် လွှတ်တော်ထဲမှာ ရှိနေတာကြောင့် တရားရုံးရဲ့ ဖမ်း၀ရမ်းထဲ မပါခြင်း အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အခင်းဖြစ်စဉ်တုန်းက သက်ဆင်ကိုယ်တိုင်က သူ့စီမံခန့်ခွဲမှု မမှားခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေထဲ လက်နက်ကိုင်ဆောင်သူတွေပါခဲ့တယ်လို့ တာဝန်ယူခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စကားကို လက်ခံကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
Ref: asiaone
MKF-001








