မဲခေါင်၊ စက်တင်ဘာ ၁၃
၂၀၁၈ ခုနှစ်က လူငယ်ဘောလုံးအသင်းဖြစ်တဲ့ တောဝက်အသင်းနည်းပြအဖြစ် ထိုင်းနယ်စပ်က ထမ့်လောင် လှိုင်ဂူထဲ အလည်အပတ်သွားစဉ် အခုလိုပဲ မိုးကြီးပြီး ဂူထဲမှာ ၃ ပတ်ကြာ တပည့်တွေနဲ့ ပိတ်မိခဲ့ပြီးမှ အသက် ရှင်နိုင်ခဲ့တဲ့ ထိုင်းလူငယ်နည်းပြ အက်ကာပိုဂျန်တာဝေါင်ဟာ အခုလည်း ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီး လို့ နေအိမ်ခေါင်မိုးပေါ်မှာ တစ်ညလုံး ပိတ်မိနေခဲ့ပြန်ကြောင်း သိရှိရပါတယ်။
ရက်ဆက်ရွာသွန်းတဲ့ မိုးကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ မြန်မာနိုင်ငံတွေမှာ ရေကြီးမှု ဆိုးရွား စွာဖြစ်ပေါ်သလို မြေပြိုမှုတွေနဲ့ အသေအပျောက်များပြားနေခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့က အက်ကာပိုဟာ ထိုင်းမြောက်ပိုင်း မယ်ဆိုင်ခရိုင်က နေအိမ် ခေါင်မိုးပေါ်ကို ချစ်သူ၊ အဒေါ်နဲ့အတူ တစ်ညလုံး တက်နေခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာကျော်သွားတဲ့ ထမ့်လောင်ဂူ ဘောလုံးအသင်းကယ်ဆယ်မှုမှာ လူသိများခဲ့တဲ့ အက်ကာပိုက စင်တင်ဘာ ၁၀ ရက်မနက်အစာပိုင်းကတည်းက ရေကြီးလာမှုဟာ ရုတ်တရက် အိမ်ခေါင်မိုးအစပ်အထိ နစ်မြုပ်သွားလို့ တစ်ည လုံးအပြင် နောက်ရက်အထိပါ ခေါင်မိုးပေါ် ချစ်သူ၊ အဒေါ်နဲ့ အတူနေခဲ့ရပြီးမှ ရေပြန်ကျသွားလို့ အိမ်ထဲ ပြန်ဝင် နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အပြင်မှာ မိုးသည်ပြီးရေကြီးနေဆဲဖြစ်လို့ ဘယ်မှ မသွားနိုင်ဖြစ်ရကြောင်း၊ ထမ့်လောင်ဂူ ထဲ ၃ ပတ်ကြာပိတ်မိခဲ့မှုကြောင့် အခြေအနေကို တည်ငြိမ်စွာ ဖြတ်သန်းနိုင်ခဲ့ပေမယ့် နောက်တစ်ကြိမ် သဘာ၀ ကပ်ဘေးကြောင့် အိမ်ခေါင်မိုးပေါ် တစ်ည၊ တစ်ရက်လုံး တက်မနေချင်တော့ပါကြောင်း AFP ရဲ့ ဖုန်းဆက်မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။
Ref: straitstimes
MKF-001









