မဲခေါင်၊ သြဂုတ် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဒုတိယတန်းကျောင်းသူ ကလေးငယ်တစ်ဦး ရေထဲချော်ကျကာ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ သြဂုတ်လ ၃၀ရက်၊ ညနေ ၄ နာရီအချိန်ခန့်မှာ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ မသွန်းစုစုနိုင် အသက် ၇ နှစ်ဟာ ကျောင်းက နေအိမ်သို့ပြန်လာစဥ် အိမ်လှေကားပေါ်မှ ခြေချော်ကာ ရွာသစ်ရေကန်အတွင်း စီးဝင်သောရေမြောင်းကတဆင့် ရေကန်တွင်းရေနစ်သေဆုံးသွားတာလို့ သိရပါတယ်။
“အဲ့အိမ်နေရာက မိုးများရင် ရေဝပ်တယ်၊ ကလေးကျောင်းကို သူ့ဘကြီးက နေ့တိုင်းကြိုတယ်၊ ဖြစ်ချင်တော့ အိမ်အဝင်တံတားမှာ အမှိုက်တွေခံနေလို့ သူ့ဘကြီးက ဆင်းဖယ်နေတုန်းဖြစ်သွားရတာ လိုက်ဆယ်တာ အသက်မမီလိုက်ဘူး” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
သေဆုံးကလေးငယ်ကို အောင်ပန်းမီးသတ်တပ်ဖွဲ့နဲ့ နာရေးအသင်းက အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
MK-012











