မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်းအပါ စခန်း ၄ ခု ထပ်သိမ်းမိတဲ့ လက်နက်တွေကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဒီနေ့ (ဇူလိုင် ၂၉) ညမှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅) သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲနဲ့ တပ်မတော်ဂေါက်ကွင်းတို့ကို ဇူလိုင် ၂၈ နဲ့ ၂၉ ရက်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
ကိုးကန့်တပ် MNDAA နဲ့ BPLA ပါဝင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အောင်ပွဲခံတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လားရှိုးမြို့တွင်းမှာ MNDAA က လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေမှာ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာချုပ် မကျသေးဘဲ ဆက်လက်တိုက်ခိုက်နေတယ်လို့ ရေးသားဖြန့်ဝေကြပါတယ်။












