မဲခေါင်၊ ဇွန် ၁၄
ရှမ်းမြောက်၊ သီပေါမှ လားရှိုးသွား ကားလမ်းပေါ်က စဉ့်အင်ချောင်းကို ဖောင်နဲ့ဖြတ်သွားရတဲ့ ရှောင်ကွင်းလမ်းဟာ ရေတက်နေလို့ ဖောင်ဆိပ်မှာ ကားတွေရာချီပိတ်မိနေတယ်လို့ ဒေသသတင်းတွေအရ သိရပါတယ်။
ယာယီတံတား ရေကျော်နေတဲ့အပြင် ဖောင်ဆိပ်သွားလမ်းကိုလည်း ရေရောက်နေတဲ့အတွက် ကားတွေ ရာချီပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။
အချိန်ပေးမစောင့်နိုင်သူတွေအနေနဲ့ ကားကောင်းဖို့လိုပြီး စားနပ်ရိက္ခာအပြည့်အစုံပါရင် ကုံးမုံ-နမ့်မ-မောက်တောင်း ဘက်က ပတ်သွားလို့လည်းရပေမယ့် လမ်းအရမ်းဆိုးတယ်လို့ လမ်းခရီးသွားသူတွေက ပြောပါတယ်။
သီပေါ-ကျောက်မဲကြားက ကျင်သီတံတားကတော့ မြေဖို့ပြင်ဆင်ပြီးဖြစ်လို့ ကားတွေပုံမှန်သွားလာနေတယ်လို့ သိရပါတယ်။
MK-012










