မဲခေါင် မေ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာအနီးက ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတားမိုင်းခွဲတိုက်ခိုက်ခံရကာ တံတားပြိုကျခဲ့ပြီး ကားအစီးရေ ရာနဲ့ချီပိတ်နေပါတယ်။
တံတား မိုင်းခွဲခံရချိန်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ ဒေသခံ ၄ဦးထဲက ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့လဲ သိရပါတယ်။
ဒီနေ့မနက် ၄ နာရီခန့်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး တံတားတစ်စီးလုံး ပြိုကျခဲ့တာဖြစ်လို့ ကားအစီးရေရာနဲ့ချီ ပိတ်မိနေပြီး ခရီးသွားလာမှုနဲ့ ကုန်သွယ်ရေးအတွက်တော့ အခက်အခဲတွေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့မေလ ၁၁ ရက်ကလဲ ဘီးလင်းမြို့နယ်အတွင်းက ကျုံအိတ်တံတားမိုင်းခွဲခံခဲ့ရပြီး ယာယီ မြေသားဖို့ခင်းထားကာ မော်တော်ယာဉ်တွေ အလှည့်ကျစနစ်နဲ့သွားလာခွင့်ပြုထားတယ်လို့သိရပါတယ်။
ကျုံအိတ်တံတားအနီးမှာလဲ KNUဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီရက်ပိုင်းအတွင်း နှစ်ဖက်ထိတွေ့မှုတွေရှိခဲ့ပြီး ယခုမိုးခွဲဖျက်စီးခံလိုက်ရဲ့ မစောတံတားဟာ ယခင် မိုးခွဲခံခဲ့ရတဲ့ ကျုံးအိတ်တံတားနဲ့ မလှမ်းမကမ်းမှာရှိနေတာပါ။
CJ – 015










