စစ်ရေးသတင်း

မြ၀တီ သေဆုံးခြင်း

မဲခေါင် 3 May - 2024
“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။ နှစ်ဖက်စလုံးကလည်း စောချစ် သူကို လိုအပ်တယ်လို့ ခံစားနေကြကြောင်း သိသာစေတယ်။ ဒါကြောင့်ပဲ စောချစ်သူဟာ ဒီပွဲကို ကစားသွားနိုင်ခဲ့ ပြီး သေချာခိုင်မာတဲ့ အာမခံချက်တွေကို ရယူသွားတယ်ဆိုတာပဲ” လို့ ဂျိုလီဖီက သုံးသပ်သွားတယ်။

မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နယ်စပ်မြို့ မြ၀တီကို အာဏာသိမ်မှုဆန့်ကျင်တော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီး စစ်ကောင်စီ လွတ်မြောက်နယ်မြေ ဖြစ်လုနီးနီးဖြစ်ခဲ့တယ်။

ဒါပေမဲ့ ဒီပုံပြင်ဟာ ထင်ထားတာထက်ကို ပိုမိုရှုပ်ထွေး ခဲ့ပြီး မြ၀တီပြိုလဲခြင်းဆီ ရောက်ရှိသွားခဲ့ပါပြီ။ ၂၀၂၄ ဧပြီ ၁၁ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်း PDF တပ်တွေဟာ မြ၀တီ မြို့အနောက်ဘက် ၅ ကီလိုမီတာ (၃ . ၁ မိုင်)အကွာမှာသာရှိတဲ့ မြို့စောင့်တပ် ၂၇၅ ခြေမြန်တပ်ရင်းကို သိမ်းပိုက် ရရှိခဲ့တယ်။

KNU က မြ၀တီမြို့ဝင်ဆိုင်းဘုတ်မှာ တပ်သားတွေစုပြီး အောင်နိုင်ခဲ့ပြီလို့ ဓာတ်ပုံတွေရိုက် သတင်းထုတ်ပြန်သွား တယ်။ ဒါပေမဲ့ မြ၀တီမြို့ကို သိမ်းနိုင်ခဲ့တာလို့တော့ သေချာပေါက် ထုတ်ပြန်တာမဟုတ်ခဲ့ပါဘူး။

အားလုံးရဲ့ အတွေးက မြ၀တီမြို့ဟာ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီလက်အောက်က လုံး၀ လွတ်မြောက်သွားနိုင်ပြီ ထင်ခဲ့ကြတာဟာ တက်တက်စင်အောင် မှားယွင်းသွားတော့တာပါပဲ။

KNLA က မြ၀တီနောက်ဆုံး ခံတပ် ၂၇၅ ခြေမြန်တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ၂ ပတ်အကြာမှာ စစ်ကောင်စီရဲ့ စစ်သားတချို့ စခန်းကိုပြန်ရောက်လာ ပြီး မြန်မာအလံပြန်လွှင့်နေတဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီက လူမှုကွန်ရက်ပေါ် ပြန် Share လုပ်ခဲ့ကြတယ်။ ရုတ်ချည်း အံ့အားသင့်စရာ ပြောင်းလဲဖြစ်တည်သွားတာမျိုးပါပဲ။

ထိုးစစ်နဲ့ သတင်းရင်းမြစ်တွေကို လေ့လာသူ မြ၀တီမြို့ခံတွေကတော့ KNLA ဟာ ဘယ်တော့မှ မြ၀တီမြို့ကို ရယူသွားတာမရှိဘူး။ မြ၀တီမြို့ဟာ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်မှုအောက်မှာပဲ ရှိနေခဲ့တယ်လို့ အင်တာဗျူးမှာ ပြောသွားကြတယ်။ ဒီအခင်းအကျင်းကို ထောင်ပေါင်းများစွာရှိတဲ့တပ်အင်အားပိုင်ဆိုင်ထားသူ BGF ခေါင်းဆောင် ဗိုလ်မှူး စောချစ်သူကပဲ ဦးဆောင်ထိန်းချုပ်သွားခဲ့တာဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့နဲ့နီးစပ်သူတစ်ဦးက လက်စဖျောက်ခံရမှာစိုးလို့ နာမည်တော့ ထုတ်မပြောဘဲ အယ်လ်ဂျာဇီးယား မီဒီယာကမေးမြန်းမှုမှာတော့” မြ၀တီကို KNLA ကဘယ်တော့မှ သိမ်းပိုက်သွားနိုင်ခဲ့တာမဟုတ်ဘူး။၂၇၅ တပ်ရင်း မှာ စစ်ကောင်စီစစ်သားတွေ ပြန်နေရာယူပြီး မြို့ကို စောချစ်သူကပဲ ဆက်ထိန်းချုပ်ထားတယ်။ သူက ဘယ်ဘက် မှမပါဘဲ ကြားနေပြီး ငြိမ်းချမ်းရေးပဲ လုပ်မယ်လို့ ပြောခဲ့တယ်။ ၂၇၅ တပ်သားတွေ စခန်းစွန့်ပြေးတော့လည်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပို့ပေးတာ BGF တပ်သားတွေပဲ။ စားနပ်ရိက္ခာတွေသွားပေးနေတာလည်း သူတို့ပဲ။ တစ်ဖက်မှာ KNLA တပ်တွေ မြို့ပေါ် ပတ်ခဲ့ကြပေမယ့် သူတို့မှာ မြို့သိမ်းခွင့်တော့ မရှိပါဘူး။ ဒါ့အပြင် စစ်ကောင်စီရဲ့ ရုံးတွေ၊ အဆောက်အအုံတွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခွင့် မပြုခဲ့ပါဘူး “လို့ ပြောသွားတယ်။

ဒီအဆိုကို ဖြစ်စဉ်အသေးစိတ်လေ့လာသိရှိထားကြတဲ့ မတူညီတဲ့သတင်းရင်းမြစ် ၄ ခုကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ကြတယ်။ မြ၀တီမြို့ဟာ လူပေါင်း ၂ သိန်းနေထိုင်တဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေထဲ ပါဝင်တယ်။ ဆယ်စုနှစ်ကျော်ကာလတွေအတွင်း တစ်နှစ်တစ်နှစ် ဒေါ်လာဘီလီယံချီတဲ့ကုန်စည်တွေ ကူးသန်းသွားလာရာ ထိုင်း-မြန်မာနယ်စပ် ဗဟိုချက်လည်းဖြစ်တယ်။

ဒီတိုက်ပွဲဖြစ်လာရတာလည်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခြင်းကြောင့် စစ်ကောင်စီကို လိုက်ပါ တိုက်ခိုက်လာတဲ့ စစ်ဆင်ရေးမျိုးဖြစ်ပါတယ်။

အောင်လုနီးအခြေအနေရောက်မှ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ မြ၀တီမြို့မြောက်ဘက် ဒုစရိုက်လုပ်ငန်း ပေါင်းစုံ တည်ရှိနေတဲ့ စောချစ်သူရဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးအပေါ် ဗုံးကျဲဖျက်ဆီးတိုက်ခိုက်မယ်လို့ ခြိမ်းခြောက် လာခြင်းမှာ သူ့နှလုံးသည်းပွတ်ကို အထိမခံနိုင်တဲ့ စောချစ်သူက သူ့အာဏာကိုသုံးပြီး စစ်ကောင်စီတပ်သား တွေ ၂၇၅ မှာ နေရာပြန်ယူပါ၊ အကျိုးအမြတ်တွေကိုလည်း စစ်ကောင်စီအပေါ် ပြန်ခွဲဝေပေးပါ့မယ်။ ရွှေကုက္ကိုလ်ကို တော့ မဖျက်ဆီးပါနဲ့ဆိုတဲ့ လမ်းရွေးချယ်သွားတာပါပဲ။

အမေရိကန်အစိုးရ ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက “၂၇၅ မှာ စစ်ကောင်စီရဲ့ မြန်မာအလံပြန်စိုက်ထူလိုက်ခြင်းက စောချစ်သူဟာ စစ်ကောင်စီရဲ့ ဖိအားပေးမှုကို လက်ခံပြီး ကူညီဖို့ဖြစ်လာစေတဲ့အကြောင်းဖြစ်သလို နှစ်ဖက်စလုံးမှာ ပါဝင်ကစားနေနိုင်ခဲ့တာ သိသာထင်ရှားစေခဲ့ပါပြီ” လို့ အယ်လ်ဂျာဇီးယားကို ပြောသွားတယ်။

စောချစ်သူဟာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ရင်း ၉၉၉ တပ်မှူးဘ၀က လာသူပါ။

၁၉၉၄ မှာ KNU က ခွဲထွက်လာတာ။ အဲဒီနောက် ပိုင်း ကရင်ပြည်နယ်တစ်ကြောမှာ စစ်အစိုးရနဲ့ပေါင်းပြီး ကြောက်စရာအကောင်းဆုံး အင်အားကြီး တပ်ဖွဲ့ BGF ကို ဦးဆောင်ခဲ့သူဖြစ်လာတယ်။ စကစနဲ့ဘယ်လောက်ပေါင်းသလဲဆို ကရင်ရွာတွေကို ဗုံးကျဲမှု၊ အိမ်တွေမီးရှို့မှု၊ စစ်ဘေးရှောင် စခန်းတွေကိုပါ ဗုံးကျဲမှုတွေမှာ ကူညီပါဝင်ခဲ့သူလို့ ကရင်အရေးလေ့လာသူတွေက ဆိုတယ်။

ဒါကြောင့် ဂျေဆင်တာဝါက “တကယ် အနိုင်ရသွားခဲ့တာက BGF ပါပဲ။ သူ့အကျိုးစီးပွားဖြစ်တဲ့ ရာဇဝတ်လုပ်ငန်းတွေကို ကာကွယ်သွားနိုင်ရုံမက ဒီတိုက်ပွဲကြောင့် သူ့ထိန်းချုပ်နယ်မြေတွေပါ ပိုကျယ်ပြန့်လာ တော့တာပါပဲ” လို့ သုံးသပ်ပြောဆိုသွားတယ်။

မြ၀တီက Dragon ကာစီနိုနဲ့ ဖျော်ဖြေရေးဇုန်ဝင်းကြီးရှေ့ BMW ကားတစ်စီး ဆိုက်လာတယ်။ အုတ်တံတိုင်းအမြင့် ကြီးမှာမှ ဆူးကြိုးသံဆန်ခါလိပ်တွေ ထပ်တပ်ထားတဲ့ ခြံစည်းရိုးကြီးအတွင်းက လုံခြုံရေးတွေ ပြေးလာပြီး အလေး ပြုကြတယ်။

ညွှန်ကြားချက်တွေလုပ်အပြီး လက်ပြလို့ ပြန်ထွက်သွားခဲ့တာ စောချစ်သူပါပဲ။ သောင်းရင်းမြစ်ကမ်း တစ်လျှောက် ဘယ်နေရာကြည့်ကြည့် ကာစီနိုရုံတွေ မှိုလိုပေါက်တည်ရှိနေတယ်။ ထိုင်းဘက်က လှမ်းကြည့်ရင် တောင် တည်ဆောက်လက်စ ကာစီနိုရုံးသစ်တွေ အနည်းဆုံး ၅ ခုလောက်ကို ထင်းထင်းကြီးမြင်ရတယ်။ ကာစီနို ဆိုပေမယ့် ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေပါ ထပ်တိုးလာတာ။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး အောင်နိုင်ခဲ့အပြီး အဲဒီက ကျားဖြန့်နဲ့ ရာဇဝတ်လုပ်ငန်းပေါင်းစုံလုပ်တဲ့ တရုတ်မာဖီးယားတွေ မြ၀တီကို ပြောင်း ရွှေ့ရောက်ရှိလို့ လုပ်ငန်းတွေ ပြန်အခြေချနေကြတာဖြစ်တယ်။

USIP ထုတ်ပြန်တဲ့ သတင်းစဉ်အရ စောချစ်သူ အစောင့်အရှောက်ပေးမှုအောက်မှာ ရှမ်းမြောက်က တရုတ်အများစုလုပ်နေတဲ့ ဒုစရိုက်လုပ်ငန်းတွေဟာ မြ၀တီ တစ်ကျောကို ရောက်ရှိအခြေချလာတယ်။ စောချစ်သူရဲ့ BGF တပ်က တရုတ်ဒုစရိုက်ဂိုဏ်းတွေ လုပ်ငန်းအောင် မြင်ဖို့ အကာအကွယ်ပေးပြီး အကျိုးအမြတ်ကို ခွဲဝေယူတယ်။

ဒီလုပ်ငန်းတွေကနေရတဲ့ အကျိုးအမြတ်က တစ်နှစ် ကို ဒေါ်လာ ၃ ထရီလီယံအထိ ရှိတယ်၊ မြ၀တီကို Scam လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေ ထပ်တိုးရောက်ရှိလာ ခြင်းဟာ မြ၀တီမြို့သိမ်းတိုက်ပွဲ အထမမြောက်ဖြစ်သွားရစေတဲ့ အဓိကအကြောင်းအရာထဲ ပါတယ်လို့ သုံးသပ် ကြတယ်လို့ ဖော်ပြသွားတယ်။

မြန်မာ့အရေးကို ၁၅ နှစ်ကြာ လေ့လာခဲ့သူ ကင်မ်ဂျိုလီဖီက “အဓိက ဇာတ်ကောင်က BGF မဟုတ်ဘူး။ ဒါပေမဲ့ သူကြောင့်ပဲ ကွဲပြားမှုကို ဖြစ်တည်သွားစေခဲ့တာကတော့ သေချာတယ်” လို့ ဆိုတယ်။

ဂျိုလီဖီက BGF ဟာ အရင်ကတည်းက စစ်ကောင်စီတပ်တွေအတွက် ရှေ့တန်းက သတင်းပေးမှု၊ ရိက္ခာသယ်ပေးမှု၊ ရေနဲ့ ဆီတွေ သယ်ပေးမှုတာဝန်ကို ယူတယ်။ စစ်ကောင်စီဆီက အထောက်အပံ့တွေမယူဘဲ KNA အဖြစ် သီးခြားရပ်တည်မယ် လို့ဆုံးဖြတ်လိုက်ချိန်မှာ KNLA တပ်တွေဟာ မြ၀တီနဲ့ မြို့နီးချုပ်စပ်က စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ဖို့ အရမ်းလွယ်ကူသွားတယ်။ အနီးတစ်ဝိုက်က ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေကို KNLA က ခဏတွင်း သိမ်းပိုက် ပြလိုက်တော့ ၂၇၅ တပ်ဟာ လက်နက်ချဖို့ လုံလောက်တဲ့ ဖိအားရှိသွားစေတယ်။

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။ နှစ်ဖက်စလုံးကလည်း စောချစ် သူကို လိုအပ်တယ်လို့ ခံစားနေကြကြောင်း သိသာစေတယ်။ ဒါကြောင့်ပဲ စောချစ်သူဟာ ဒီပွဲကို ကစားသွားနိုင်ခဲ့ ပြီး သေချာခိုင်မာတဲ့ အာမခံချက်တွေကို ရယူသွားတယ်ဆိုတာပဲ” လို့ ဂျိုလီဖီက သုံးသပ်သွားတယ်။

ဒီအကြောင်း စောချစ်သူကိုရော စကစ ကိုပါ အယ်လ်ဂျာဇီးယားက ဆက်သွယ်မေးမြန်းပေမယ့် တုံ့ပြန်ခြင်းမရှိခဲ့ပါ ဘူး။ ဂျိုလီဖီပြောတဲ့ နောက်ထပ် သီအိုရီတစ်ခုကတော့ BGF အကြီးပိုင်းတွေကြား သဘောထားကွဲလွဲနေမှုတွေနဲ့ ချိတ်ဆက်နေနိုင်တယ်ဆိုတဲ့ အမြင်ပါ။

တချို့သော BGF အကြီးအကဲတွေက စစ်ကောင်စီနဲ့ လမ်းမခွဲဘဲ ဆက် လက်တွဲချင်ကြတယ်။ တခြားသူတွေက KNLA နဲ့ လက်တွဲဖို့ စိတ်အားထက်သန်နေကြတဲ့ ကွဲလွဲမှုပါ။ စောချစ်သူ ဘယ်ဘက်က ရပ်တည်နေလဲဆိုတာကလည်း မသဲကွဲ၊ မရှင်းလင်းပါဘူး။

ဒါပေမဲ့ သေချာပေါက်အဖြစ် သူပြောနိုင် တာက စောချစ်သူဟာ သူ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဘယ်သူ့ကို အဓိက မှီခိုနေရသလဲဆိုတာတော့ ပြောနိုင် ပါပြီလို့ သုံးသပ်သွားတယ်။ မြ၀တီဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်ရောက်ဖို့ ဝေးကွာတယ်လို့ စောချစ်သူ ကိုယ်တိုင်အလေးပေးပြောကြားခဲ့ပြီး အခြေအနေတွေက သိမ်မွေ့နက်နဲတဲ့ ချိန်ခွင့်လျှာပေါ် ရောက်လာတယ်။

ဒီလိုပြောလို့မကြာခင် KNLA မြ၀တီမြို့အနီးက စစ်စခန်း ၃ ခုကိုတက်သိမ်းသွားတယ်။ မြ၀တီကို စစ်ကူတက် လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေ မရောက်လာနိုင်သေတာကြောင့် မြ၀တီကို စစ်ကောင်စီ အလုံးစုံ ပြန်ထိန်း ချုပ်ဖို့ကလည်း မလွယ်ပါဘူးလို့တောင် စောချစ်သူက ပြောသေးတာကိုး။

၂၀၂၁ ခုနှစ်ကတည်းက အရှေ့တောင်အာရှတစ်ဝိုက် တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ ကျားဖြန့်လုပ်ငန်းပေါင်းများ စွာကို ထူထောင်လာပြီး ဒီလုပ်ငန်းတွေမှာ အလုပ်လုပ်ပေးမယ့် သောင်းနဲ့ချီတဲ့ လူတွေကို လူမှောင်ခိုကူးပြီး ခေါ်ယူကြတယ်။

ကျားဖြန့်ဝန်းကြီးတွေထဲမှာ ဝန်ထမ်းတွေက ဝက်သတ်ခြင်းလို့ ခေါ်တဲ့ လိမ်လည်ချစ်ဟန်ပြ ငွေလိမ်မှုမျိုးတွေလုပ်တယ်။ လိမ်နည်းပေါင်းစုံရှိနေခဲ့ပြီးနောက်ဆုံးတော့ ကမ္ဘာတစ်ဝန်းက သားကောင်ပေါင်း များစွာ လိမ်လည်ခံရလို့ ငွေကြေးဆုံးရှုံးမှုတွေဖြစ်တည်ကုန်တယ်။ ဒီအလုပ်လုပ်ရသူတွေဟာလည်း အကြမ်း ဖက်၊ ရက်စက်စွာ နှိပ်စက်ခိုင်းစေမှုတွေကို နိစ္စဓူ၀ ကြုံနေရတယ်။

“စောချစ်သူဟာ ရွှေကုက္ကိုလ်ကို လည်ပတ် တဲ့ တရုတ်ရာဇဝတ်ဂိုဏ်း လုပ်ချင်တာတွေလုပ်ဖို့ အားထားရဆုံး လက်တံဖြစ်တယ်။ သူဟာ တရားဥပဒေစိုးမိုးမှု ကို ဆန့်ကျင်နေတဲ့ ကင်ဆာပဲ။ လုပ်နေတဲ့အလုပ်အားလုံးက ကျားဖြန့်၊ မှောင်ခို၊ လောင်းကစား၊ ပြည့်တန်ဆာ မှုတွေကြီးပဲ။ ဒါကြောင့် ကောင်းမွန်တဲ့အစိုးရအတွက်၊ ကရင်ပြည်နယ်က လူ့အခွင့်အရေးအတွက်ဒီလူဟာ ကင်ဆာပဲ။ နောက်ဆုံးအခြေအနေမှာ သူ့ကို တည်နည်းမဟုတ်တစ်နည်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ မဖြစ်မနေ လိုအပ်နေပါပြီ” လို့ ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ အာရှပိုင်းဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီးလ်ရော်ဘတ်ဆန်က အယ်လ်ဂျာဇီးယားမှာ တိုက်တွန်းပြောဆိုသွားတယ်။

ငွေညှစ်ခြင်း၊ လက်မရွံ့ခြင်း၊ မကောင်းတဲ့ အနိုင်ကျင့်စီးပွားရေးလုပ်ငန်းတွေအကုန်လုပ်ခြင်းတွေကနေ ပုံမှန်မဟုတ်ဘဲ ကြီးပွားလာတဲ့ စောချစ်သူအကြောင်း မြ၀တီမြို့ခံတိုင်းလိုလိုက သိနေကြတော့ သူနဲ့ ဆွေးနွေးတာ ဖြစ်ဖြစ်၊ ပြောဆိုညှိနှိုင်းမှုလုပ်ရာမှာဖြစ်ဖြစ် ဘယ်သူကမှ မလွန်ဆန်ရဲကြတာဟာ ကရင်ပြည်သူတွေအတွက် ကြောက်ရွံ့မှုကို ဖြစ်တည်နေစေခဲ့တာပဲဖြစ်ပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းမှာ ဒီ အကြီးစားရာဇဝတ်သားကြီး စောချစ်သူကို ယူနိုက်တက်ကင်းဒမ်းက လူမှောင်ခိုမှုတွေကျူးလွန်သူဆိုပြီး ပိတ်ဆို့အရေးယူမှုလည်း လုပ်ခဲ့တယ်။

ကရင်အရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပေမယ့် စောချစ်သူရန်ကြောက်လို့ နာမည်မပြောရဲတဲ့ အမျိုးသမီးတစ်ယောက်က “ကရင်လူမျိုးတွေ၊ ကရင်နယ်မြေတွေဟာ အခုတော့ ရာဇဝတ်အုပ်စုများစွာ မကောင်းမှုပြုရာအရပ်ကြီး လုံးလုံးဖြစ်လာနေတာ ဝမ်းနည်းစရာပါ” လို့ ခပ်ကြောက်ကြောက်နဲ့ ဖွင့်ဟ လာတယ်။

မဲဆောက်က ဆေးရုံတစ်ရုံမှာ စစ်ဘေးရှောင်လာတဲ့ ဒေသခံအမျိုးသမီးတစ်ယောက်ကလည်း BGF ဟာ ဒုက္ခသည်တွေကို ဘယ်တော့မှ မကူညီကြောင်း၊ KNU ဘက်က ကူညီတာတွေသာ ရှိကြောင်း၊ နယ်စပ် ဖြတ်ကျော်ရောက်ရှိလာပေမယ့် ဒီထက်ပိုပြီးလဲ မပြောဆိုရဲကြောင်း အယ်လ်ဂျာဇီးယားမှာ ပြောသွားပါတယ်။

မြန်မာနယ်စပ်ဂိတ်ပေါင်းများစွာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်မှုအောက် ရောက်နေပြီဖြစ်လို့ စစ်ကေင်စီဟာ မြ၀တီမြို့ကို ပြန်သိမ်းပိုက်ထိန်းချုပ်ပြီး ကုန်စည်စီးပွားရေးအကျိုးအမြတ်တွေကို ပြန်ရဖို့ နည်းလည်းပေါင်းစုံသုံးတိုက်ခိုက်လာတယ်။

ဒါကြောင့် ‌မြ၀တီမြို့လူနေရပ်ကွက်တွေပေါ်ပါ ဗုံးကျဲတိုက်ခိုက်မှု တွေ ကျူးလွန်ခဲ့လို့ ထောင်ပေါင်းများစွာသော ပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးခဲ့ရတယ်။ အခု ခဏတာ ငြိမ်သက် နေပေမယ့် နိုင်ငံတော်အဆင့် စစ်ကြောင်းအဖြစ် အောင်ဇေယျစစ်ဆင်ရေးကို တပ်မ ၁၁၊ ၄၄၊ ၅၅၊ ၇၇ တွေပေါင်း ပြီး ဒေါနတောင်လမ်းကနေ ထိုးစစ်တွေ ဆင်နေလို့ မြို့ခံတွေအတွက် နောက်တစ်ကြိမ် စစ်ဘေးရှောင်ရဖို့ အခြေ အနေကလည်း ရှိနေပြန်ပါသေးတယ်။

ဧပြီ ၂၉ ရက် သတင်းအရ စစ်အင်အား ၂၀၀၀ ပါတဲ့ စစ်ကောင်စီ အောင်ဇေယျ စစ်ကြောင်းဟာ မြ၀တီမြို့ဆီ ရောက်ဖို့ ချီတက်လာနေပါပြီလို့ သိရတယ်မဟုတ်ပါလား။

(မေ ၁ ရက်နေ့ အယ်လ်ဂျာဇီးယားမီဒီယာမှာ Caleb Quinley နဲ့ Khun Kali တို့ ပူးပေါင်းတင်ပြတဲ့ A sanctioned strongman and the ‘fall’ of Myanmar’s Myawaddy ကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါတယ်)

MK-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now