ဒေသတွင်းသတင်း

မိုင်းဆတ်မြို့မှာ ရွှေတူးဖော်မှုတွေကြောင့် မယ်ဆိုင်မြစ်ရေ ညစ်ညမ်းလာနေဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ထုတ်ပြန်

မဲခေါင် 8 Mar - 2024
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ တိုးချဲ့လာတဲ့ရွှေသတ္တုတူးဖော်မှုတွေက ထိုင်းနိုင်ငံနယ်စပ် မယ်ဆိုင်မြို့ရဲ့ မယ်ဆိုင်မြစ်ရေကို ညစ်ညမ်းလာစေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၈

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ တိုးချဲ့လာတဲ့ရွှေသတ္တုတူးဖော်မှုတွေက ထိုင်းနိုင်ငံနယ်စပ် မယ်ဆိုင်မြို့ရဲ့ မယ်ဆိုင်မြစ်ရေကို ညစ်ညမ်းလာစေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နယ်စပ်မြို့မယ်ဆိုင်ဒေသခံတွေဟာ ၎င်းတို့မြို့ရဲ့ အဓိကရေပေးဝေမှုစနစ်ကို အဓိကထောက်ပံ့နေတဲ့ မယ်ဆိုင်မြစ်အတွင်းမှာ ပုံမှန်မဟုတ်တဲ့ အနည်ကျ ညစ်ညမ်းမှုတွေကို သတိထားမိလာကြပြီး အဲဒီအကြောင်းအရင်းဟာ မယ်ဆိုင်မြစ်ဖျားပိုင်း ၃၀ ကီလိုမီတာအကွာမှာရှိတဲ့ မိုင်းဆတ်မြို့အရှေ့ပိုင်းမှာ တိုးချဲ့လာတဲ့ ရွှေတူးဖော်မှုတွေကြောင့်ဖြစ်လို့ ရေထုအရည်အသွေးနဲ့ အဆိပ်သင့်မှုကို အနီးကပ်စောင့်ကြည့် သင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို မယ်ဆိုင်မြစ်အတွင်း ရေထုအခြေအနေပုံမှန်မဟုတ်နာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သတိပြုမိခဲ့တာဖြစ်လို့ စောင့်ကြည့်နေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က နန်းမွေလျန်းက ပြောပါတယ်။

အဓိကကတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ကျမတို့အနေနဲ့သယံဇာတနဲ့ ဒေသခံတွေအပေါ်ထိခိုက်မှုတွေ တအားများလာတာပေါ့နော်၊ အဲဒီအတွက် ကျမတို့အနေနဲ့စိတ်ပူတယ်၊ ဒေသခံတွေနဲ့အရင်းအမြစ် ပတ်ဝန်းကျင်တွေကို ထိခိုက်တဲ့လုပ်ငန်းတွေကို ဒါတွေကို အတတ်နိုင်ဆုံးစောင့်ကြည့်ကြဖို့ပေါ့နော် ကျမတို့တတ်နိုင်သမျှ ကာကွယ်ကြဖို့လိုတယ်လို့ နန်းမွေလျန်းက မဲခေါင်ကို ပြောကြားပါတယ်။

ယင်းအစီရင်ခံစာမှာ စစ်ကောင်စီလက်အောက်ခံ မယ်ကြုတ်ပြည်သူ့စစ်ဟာ ၂၀၂၁ခုနှစ်မှာ တရုတ်လုပ်ငန်းရှင်တွေကို မယ်ကြုတ်ကျေးရွာ အနောက်ဘက်က တောင်ကုန်းတွေမှာရွှေတူးဖော်ဖို့ ခွင့်ပြုပေးခဲ့ပြီး သတ္တုတွင်းနဲ့ ရွှေသန့်စင်ကန်တွေက ဆိုင်ယာနိုက်လို အဆိပ်ဖြစ်စေတဲ့ ဓာတု ပစ္စည်းတွေကိုရွှေကို ရှာဖွေရာမှာအသုံးပြုခဲ့ပြီးအကြွင်းအကျန်တွေဟာ မယ်ဆိုင်မြစ်ထဲကို စီးဝင်တဲ့ချောင်းထဲကို စီးဝင်သွားတယ်လို့ ဖော်ပြထားပါတယ်။

UWSA ပြည်သွေးစီးညီညွတ်ရေးတပ်မတော်ဟာ ၁၉၉၉-၂၀၀၀ ခုနှစ်တွေမှာ ရှမ်းမြောက်ကနေ ၀ လူမျိုး ၁၆၀၀၀ ကျော်ခန့်ကို တာလန်ကျေးရွာကို အဓမ္မပြောင်းရွှေ့စေခဲ့ပြီး အခြား ၂၆၀၀၀ ဦးခန့်ကို မိုင်းတုံ၊ မိုင်းဆတ်နဲ့ တာချီလိတ်မြို့တွေမှာ အခြေချဖို့ ပြောင်းရွှေ့ပေးခဲ့တယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ရှမ်းလယ်သမား ၁၂၀၀ခန့်ဟာ အတင်းအဓမ္မမောင်းထုတ်ခံရပြီး ထိုင်းနယ်စပ် လွယ်ကော်ဝမ်းဒုက္ခသည်စခန်းကိုရွှေ့ပြောင်းခဲ့ကြရသလို သစ်တောတွေကိုလည်း အပြောင်ရှင်းပြီး နှစ်ရှည် ရာဘာစိုက်ပျိုးမှုတွေနဲ့ အစားထိုးခဲ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ UWSA တပ်ဖွဲ့ဟာ တရုတ်သတ္တုတွင်းလုပ်ငန်းရှင်တွေနဲ့ ထောင်ချီတဲ့ လုပ်သားတွေကို မိုင်းကန်းရဲ့ မယ်ဆိုင်မြစ်တစ်လျှောက်မှာ ရွှေတူးဖော်ခွင့်ပြုခဲ့ကြောင်း၊ တောင်ကုန်းတွေ ဖြိုချခံရပြီး ကျယ်ပြန့်တဲ့မြေနေရာတွေဟာ မြစ်ထဲကို တိုက်ရိုက်စီးဝင်တဲ့ရွှေချက်ကန်တွေအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၃ခုနှစ် ကုန်ပိုင်းမှာတော့ နားယောင်းအနီး မယ်ဆိုင်မြစ်အထက်ပိုင်းတစ်လျှောက်အထိ တိုးချဲ့များပြားလာကာ ၂၀၂၃ ဒီဇင်ဘာအစောပိုင်းမှာ တရုတ်အလုပ်သမားတွေ ရာချီတင်ဆောင်လာတဲ့ ကားတန်းဟာ တာချီလိတ်က မိုင်းကန်းသို့ ညပိုင်းတွေမှာ ဖြတ်သန်းသယ်ဆောင်နေခဲ့တယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now